ဒေါ်အောင်ဆန်းစုကြည် အမှုတွေအတွက် နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁ ရက်တွင် ပြုလုပ်မယ်…!


ဒေါ်အောင်ဆန်းစုကြည် အမှုတွေအတွက် နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁ ရက်တွင် ပြုလုပ်မယ်…!

ဒေါ်အောင်ဆန်းစုကြည် အမှုတွေအတွက် နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁ ရက်တွင် ပြုလုပ်မယ်…!


လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့အမှုတွေ အတွက်


ရုံးချိန်းကို ဒီကနေ့မှာနေပြည်တော်မှာ ပြုလုပ်ခဲ့ပေမဲ့ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ ပြုလုပ်တာမျိုးမဟုတ်ဘဲ နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁ရက်ကို


ရွှေ့တဲ့အကြောင်းပဲ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ရှေ့နေပါဝါမရသေးလို့ ဒီနေ့ တရားခွင်ထဲ မဝင်ရောက်နိုင်ခဲ့ဘဲ ရုံးချိန်းကို ဧပြီလ ၁ရက် နေ့ကို


ချိန်းတယ်ဆိုတဲ့ အကြောင်းကိုလည်း တရားသူကြီးကို မေးမြန်းခဲ့တာကြောင့် သိခဲ့ရတာလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။


‘ကျမတို့က လောလောဆယ် ကျမတို့လက်ထဲ ပါဝါမရသေးတဲ့ အတွက်ကြောင့်မို့လို့ သူတို့ဘာသူတို့ ပေးလိုက်တယ်ဆိုတဲ့ အနေအထားရှိတော့


ကျမတို့က တရားသူကြီးဆီဝင်ပြီး မေးတဲ့အချိန်မှာ ကွန်ဖရန့်ဇင်းမရဘူး၊ ရုံးချိန်းကိုပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကို သူတို့အကြောင်းသွားကြားတယ်၊


၁ ရက်နေ့ ရုံးချိန်းကို ရုံးကနေ ပေးလိုက်တယ်ဆိုတဲ့အကြောင်း


အကြောင်းသွားကြားတာကို ပြန်ပြီးတော့ confirm (အတည်ပြု) လုပ်ဖို့ ကျမတို့ ခဏစောင့်ရတယ်။


ဟိုဘက်ကနေ ပြန် confirm လုပ်တဲ့ဟာကို သိရတော့ှ ရုံးချိန်း ၁ ရက်နေ့ဆိုတာ သိရတာ’လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။


ဥပဒေအရာရှိရဲ့ အပြောအရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဇဗ္ဗူသီရိမြို့နယ်ထဲမှာ အမှုထပ်တိုးထားတာ မရှိဘူးလို့လည်း သူကပြောပါတယ်။


ရှေ့နေကိုယ်စားလှယ် လွှဲစာအတွက် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့က တင်သွင်းတဲ့ ဦးခင်မောင်ဇော်အစား


ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ နှစ်ဦးကိုသာ ရဲက ဆောင်ရွက်ပေးထားသေးတာဖြစ်ပါတယ်။


တရားသူကြီးကတော့ ရှေ့နေတွေအနေနဲ့ နောက်ရုံးချိန်းမတိုင်ခင် စပ်ကြားမှာ ကိုယ်စားလှယ်လွှဲစာ ပါဝါရမယ်ထင်တယ်လို့


ယူဆတဲ့အကြောင်း ပြောထားတာရှိတယ်လို့ ဒေါ်မင်းမင်းစိုးက ထပ်လောင်းပြောပြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊


ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့တရားစွဲခံထားရသလို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ


အက်ဥပဒေပုဒ်မ တစ်ခုနဲ့လည်း ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တရားစွဲခံထားရပါတယ်။


Credit-မူရင်း