ဗေဒင်ဟောစာတမ်း (၂၁.၃.၂၀၂၁ မှ ၂၇.၃.၂၀၂၁ အထိ)


ဗေဒင်ဟောစာတမ်း (၂၁.၃.၂၀၂၁ မှ ၂၇.၃.၂၀၂၁ အထိ)

ဗေဒင်ဟောစာတမ်း (၂၁.၃.၂၀၂၁ မှ ၂၇.၃.၂၀၂၁ အထိ)


တနင်္ဂနွေနေ့ဖွား


အလုပ်အကိုင် – နေရာအခွင့်ကောင်းတွေ ရလာတတ်တယ်။ ဝန်ထမ်းဆိုရင် အခွင့်အရေးနှစ်ခု တပြိုင်တည်း ရရှိ ခံစားရလိမ့်မယ်။ လူကြီး တွေက ကူညီပံ့ပိုးလာမယ်။ စီးပွားရေးသမားတွေလည်း အခြေအနေကောင်းတွေ ပြန်ပြီး ကြုံရမယ်။ ငွေကြေးကိစ္စမှာ စိတ်ပူပန်ရတာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် အချိန်တန်ရင် ပြေလည်သွားမယ်။



ကျန်းမာရေး – တစ်ပတ်လုံးမှာ ကျန်းမာရေး စိတ်ပူစရာ မရှိပါ။ ဘေးကင်းကျန်းမာဖို့ များပါတယ်။


လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ အားနည်းမယ့် ကာလ ဖြစ်တယ်။ အသေးအဖွဲလေးက စပြီး ပြဿနာက ကြီး သွား တ တ် တယ်။ ခင်ပွန်းနဲ့ဇနီးသည်တွေ အချင်းချင်း ပြဿနာဟောင်းတွေ ပြန်ဖော်ကြပြီး စိတ်ဆင်းရဲရတတ်တယ်။ အိမ်အပူတွေ များလို့ အ ပြင် ပဲ ထွက်ချင်မယ်။ အကြီးအကဲ၊ မိတ်ဆွေတွေနဲ့ နေထိုင်ပါ။


ကံကောင်းစေတဲ့ အရောင် – အနီရဲရဲ ၊ ရွှေရောင်


ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅ ၊ ၂


ကံကောင်းစေတဲ့ အရပ် – အရှေ့


ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ ကြာသပတေး


ယတြာ – မွေးနေ့ (တနင်္ဂနွေ) ညပိုင်း ကြာသပတေးထောင့်မှာ အလင်းတိုင် ၅ တိုင် ပူဇော် ဆုတောင်းပါ။


တနင်္လာနေ့ဖွား



အလုပ်အကိုင် – ဒီအပတ် လုပ်ငန်းစီးပွားနယ်ပယ်မှာ အခက်အခဲတွေ များလာနိုင်တယ်။ ဘာတစ်ခုမှ လွယ်ကူ ချောမွေ့တာ မရှိဘဲ ရုန်းကန် ရ လိမ့်မယ်။ အပြိုင်အဆိုင်တွေ၊ အတိုက်အခိုက်တွေလည်း ပေါများမယ်။ ကိုယ့်ရဲ့ အောက်လူ၊ ဝန်ထမ်းကြောင့်လည်း စိတ်ညစ်ရတတ်တ ယ် ။ ဝင်ငွေနဲ့ ပတ်သက်လို့တော့ ကံကောင်းတတ်တယ်။


ကျန်းမာရေး – ပုံမှန်ထက် ချူချာအားနည်းတတ်လို့ ဂရုစိုက်ရမယ်။ မတော်တဆလည်း ဖြစ်တတ်တယ်။


လူမှုအိမ်ထောင် – မိတ်ရင်းဆွေရင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ နားလည်မှု လွဲတာက စလို့ အချင်းချင်း အမြင်စောင်းတာတွေ ဖြစ် လာတတ်တယ်။ နှလုံးသားရေးမှာတော့ စိတ်ပူပန်ရတာတွေ ဖြစ်မယ်။ ကြားလူတွေက ဝင်လာပြီး ဒုက္ခပေးတတ်တယ်။ ချစ်သူ၊ အိမ် ထောင် ဖက်တွေကြားမှာ စိတ်လိုက်မာန်ပါနဲ့ စကားများတတ်တယ်။


ကံကောင်းစေတဲ့ အရောင် – အဖြူ ၊ ပုလဲရောင်


ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ဝ


ကံကောင်းစေတဲ့ အရပ် – အနောက် ၊ အရှေ့


ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး၊ တနင်္လာ


ယတြာ – မွေးနေ့ (တနင်္လာ) မနက် အိမ်ကဘုရားမှာ အသက်လွတ် ကြာဆံကြော် ကပ်လှူ ဆုတောင်းပါ။


အင်္ဂါနေ့ဖွား


အလုပ်အကိုင် – အလောတကြီး စဉ်းစားဆုံးဖြတ်တာတွေကြောင့် အလုပ်မှာရော ကိုယ်ရေးကိုယ်တာကိစ္စမှာပါ ထိခိုက်နစ်နာရတတ်တယ်။ ဘယ်ကိစ္စမှာမဆို အတိုက်အခံတွေချည်း မကြာခဏ ကြုံရလိမ့်မယ်။ ခိုက်ရန်တွေနဲ့ ပြဿနာတွေလည်း ဖြစ်တတ်လို့ စိတ်ထိန်းဖို့ လိုမယ်။ ငွေကြေးကံဇာတာလည်း သိပ်မကောင်းဘဲ ဖြစ်နေမယ်။


ကျန်းမာရေး – မတော်တဆမှုတွေ၊ သွေးထွက်သံယိုတွေ ဖြစ်တတ်လို့ သတိထားရလိမ့်မယ်။


လူမှုအိမ်ထောင် – လူငယ်တွေ နှလုံးသားရေးမှာ ကံကောင်းတတ်တယ်။ ရည်ရွယ်သူနဲ့ အဆင်ပြေမှု ရလာမယ်။ ချစ်သူစုံတွဲတွေလည်း ဒီအ ပတ်မှာ နှစ်ကိုယ်တူ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်မယ်။ စိတ်တိုလွယ် ဒေါသထွက်လွယ်တာကိုတော့ သတိပြုရမယ်။ မိတ် ဆွေအ ပေါင်းအသင်းတွေကြောင့် အနှောင့်အယှက် ရှိမယ်။


ကံကောင်းစေတဲ့ အရောင် – လိမ္မော်ရင့် ၊ ခရမ်းဖျော့



ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၇


ကံကောင်းစေတဲ့ အရပ် – အနောက်တောင်


ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ


ယတြာ – တစ်ပတ်အတွင်း အဆင်ပြေရာ ရက်မှာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူကို စားစရာ လှူဒါန်းကူညီပါ။


ဗုဒ္ဓဟူးနေ့ဖွား


အလုပ်အကိုင် – အလုပ်တွေ လည်ပတ်မှု ပုံမှန် ရှိပေမယ့် အာဏာပိုင်၊ အကြီးအကဲတွေနဲ့ပတ်သက်လို့ သတိပြု ဆောင်ရွက်ရမယ်။ ဘယ် လုပ် ငန်းမဆို စိတ်ပူပန်သောကမကင်းဘဲ လုပ်ကိုင်ရလိမ့်မယ်။ ငွေကြေးကိစ္စမှာလည်း ခေါင်းခဲစရာတွေ ဖြစ်မယ်။ အကုန်အကျတွေ သိပ် များတတ်တယ်။ ဘာလုပ်ရမှန်းမသိဘဲ စဉ်းစားရခက်နေမယ်။


ကျန်းမာရေး – နေထိုင်မကောင်းချင်သလို ဖြစ်တတ်တယ်။ အစားမှားဆေးမှားတွေ သတိထားရမယ်။


လူမှုအိမ်ထောင် – မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကူညီစောင့်ရှောက်မှု ရမယ်။ လူအများရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေ ရလာမယ်။ မေတ္တာရေးမှာ စိတ်အလိုမကျစရာတွေ ဖြစ်တတ်ပေမယ့် ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ နားလည်စာနာ ကူညီမှုတွေ ရလာမယ်။ လက်တွဲဖော် ရှာနေသူတွေ ဒီအပတ်မှာ ကံကောင်းအဆင်ပြေမှုတွေ ရလာတတ်တယ်။


ကံကောင်းစေတဲ့ အရောင် – အဝါဖျော့ ၊ အနီ


ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅ ၊ ၄


ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ အနောက်


ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ စနေ



ယတြာ – မွေးနေ့ (ဗုဒ္ဓဟူး) မနက်ပိုင်း အိမ်ကဘုရားမှာ ပေါင်မုန့်အုန်းနို့ဆမ်း ၅ ချပ် ကပ်လှူပေးပါ။


ရာဟုဖွား


အလုပ်အကိုင် – အစုစပ်ရှယ်ယာတွေ၊ အကျိုးတူလုပ်ငန်းတွေ ပေါ်လာတတ်တယ်။ တစ်ဦးတစ်ယောက်ကောင်း လုပ်တာထက် အများနဲ့ တွဲ လုပ်တာက ပိုအကျိုးပေး အောင်မြင်တတ်တယ်။ ဒါပေမယ့် အတွေးတွေ လွန်ကဲပြီး စဉ်းစားတာ များလို့ အခွင့်အရေးနဲ့ လွဲချော်တတ်တယ်။ ငွေကုန်ကြေးကျ များပြီး ငွေအတွက် စိတ်ညစ်ရမယ်။


ကျန်းမာရေး – ယာယီ ဖျားနာတာ၊ နေထိုင်မကောင်းတာဖြစ်တတ်ယ်။ ထိခိုက်ဒဏ်ရာလည်း ရတတ်တယ်။


လူမှုအိမ်ထောင် – ဆွေမျိုးသားချင်း၊ မိသားစုအသိုင်းအဝိုင်းရဲ့ အကူအညီတွေ ရလာတတ်တယ်။ ပတ်ဝန်းကျင် မိသားစုတွေနဲ့ အဆင်ပြေ ပြေ ဖြစ်နေမယ်။ နှလုံးသားရေးမှာတော့ ကတောက်ကဆလေးတွေ ဖြစ်တတ်တယ်။ ဒီအပတ်မှာ ခရီးအသွားအလာတွေ သတိပြုဆင်ခြ ရမယ်။ ကိုယ်တိုင်က ဂဏှာမငြိမ်ဘဲ စိတ်များနေလိမ့်မယ်။


ကံကောင်းစေတဲ့ အရောင် – အနီဖျော့


ကံစမ်းနိုင်တဲ့ ဂဏန်း – ၉


ကံကောင်းစေတဲ့ အရပ် – အနောက်


ကံကောင်းစေတဲ့ နေ့ရက် – စနေ


ယတြာ – ဗုဒ္ဓဟူးနေ့ ညနေပိုင်း စေတီတစ်ဆူရဲ့ ရာဟုထောင့်က စပြီး ဂြိုဟ်ခွင်အားလုံးကို သန့်ရှင်းရေးလုပ်ပါ။


ကြာသပတေးနေ့ဖွား


အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်အကြံအစည်တွေ ခဏ ဆိုင်းငံ့ထားသင့်တယ်။ အလုပ်အကိုင် ၊စီးပွားရေးကံ အားနည်းချိန် ဖြစ်လို့ အရင်းအနှီး ထည့်တာ၊ အသစ် တိုးချဲ့တာမျိုး ရှောင်ရမယ်။ ရှိတာလေးနဲ့ ထိန်းလုပ်ရမယ်။ လုပ်ငန်းလည်ပတ်မှု ရပ်သွားတတ်တယ်။ စီးပွားရေး သိပ်မဟန်ပေမယ့် ငွေကြေးပိုင်းမှာတော့ ရှာဖွေလို့ ရမယ်။


ကျန်းမာရေး – ဘေးဥပဒ် မရှိနိုင်ဘဲ ကျန်းမာလန်းဖြာမယ့်ကာလ ဖြစ်တယ်။ စိတ်ကြည်လင်မှု ရှိနေမယ်။


လူမှုအိမ်ထောင် – အိမ်တွင်းရေး အပူတွေ များလာနိုင်တယ်။ မိသားစုထဲမှာ အချင်းချင်း သဘောထား ကွဲလွဲပြီး ရန်ဖြစ်တတ်တယ်။ လူ ငယ်တွေ နှလုံးသားရေးမှာလည်း အပြစ်မြင်တာတွေ၊ ရန်လိုတာတွေ ဖြစ်လာတတ်တယ်။ အိမ်ထောင်ရှင်တွေလည်း သာယာမှု နည်းလာနို င်တယ်။ ဘာမဆို မိတ်ဆွေ၊ အကြီးအကဲတွေနဲ့ တိုင်ပင် လုပ်ပါ။



ကံကောင်းစေတဲ့ အရောင် – အဖြူဖျော့၊ အဝါ


ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉ ၊ ၅


ကံကောင်းစေတဲ့ အရပ် – အရှေ့


ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး ၊ တနင်္ဂနွေ


ယတြာ – နေ့စဉ် မနက်တိုင်း အိမ်ကဘုရားမှာ ကြံသကာနဲ့ ဆွမ်းကပ်ပြီး ဆုတောင်းပေးပါ။


သောကြာနေ့ဖွား


အလုပ်အကိုင် – အလုပ်တွေ များလာပြီး လူရောစိတ်ပါ ပင်ပန်းမှုတွေလည်း များလာနိုင်တယ်။ အလုပ်တွေ ပိုပြီး များလာပေမယ့် ကိုယ့်အ တွက် အကျိုးအမြတ် သိပ်မရှိဘဲ ဖြစ်နေမယ်။ လုပ်မှားကိုင်မှားတွေလည်း ဖြစ်တတ်လို့ သတိပြုရမယ်။ အလုပ်ကိစ္စ ခရီးတွေ မအောင်မြင်ဘဲ ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း တခါနဲ့မပြီးဘဲ ဖြစ်မယ်။


ကျန်းမာရေး – ဒီအပတ်မှာ ကျန်းမာရေး ချူချာတတ်တယ်။ ရောဂါအခံရှိသူတွေ ဂရုစိုက်ဖို့ လိုလာမယ်။


လူမှုအိမ်ထောင် – ကိုယ့်အနားက မိတ်ဆွေတွေနဲ့ ပဋိပက္ခ ဖြစ်တတ်တယ်။ လူမှုရေးရာပြဿနာတွေ ဖြစ်နိုင်လို့ ကိုယ့်ဘက်က မမှားအောင် ဂရုစိုက်ပါ။ လူငယ်တွေ နှလုံးသားရေးမှာ ယုံမှားသံသယတွေ ကြီးမားလာတတ်ပြီး အချင်းချင်း မသင်္ကာတွေ ဖြစ်တတ်တယ်။ ကြားလူလည်း ဝင်တတ်တယ်။ မိသားစုက ကူညီဖေးမပေးလိမ့်မယ်။


ကံကောင်းစေတဲ့ အရောင် – မီးခိုးရောင်၊ ခရမ်းပြာ


ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ဝ


ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ အနောက်


ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး


ယတြာ – တစ်ပတ်အတွင်း အားလပ်ရက်မှာ စေတီတစ်ဆူကို သွားပြီး တံမျက်လှည်း သန့်ရှင်းရေးကုသိုလ်ယူပါ။


စနေနေ့ဖွား


အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်တွေ များလာသလောက် ကိုယ့်အတွက်လည်း အကျိုးရှိလိမ့်မယ်။ လူကြီးနဲ့ အာဏာပိုင်တွေဆီက ကူညီ ပံ့ ပိုးမှုတွေ ရမယ်။ အခွင့်အလမ်းကောင်းတွေလည်း ကိုယ့်ဆီကိုပဲ ရောက်လာမယ်။ ရာထူးတိုးတာ၊ လုပ်ပိုင်ခွင့် တိုးတာတွေ ဖြစ်မယ်။ ငွေ ကြေး လည်း ကံကောင်းတတ်ပြီး များများစားစား ရရှိမယ်။



ကျန်းမာရေး – အသွားအလာ ပင်ပန်းမှု များလို့ အနားယူသင့်တယ်။ ကျန်တာ ဘေးဥပဒ် မရှိပါ။


လူမှုအိမ်ထောင် – လူငယ်လူရွယ်တွေအဖို့ နှလုံးသားရေးမှာ ကံဇာတာတွေ တက်လာမယ်။ စိတ်ချမ်းသာစရာနဲ့ ကြည်နူးစရာတွေ ကြုံရ တ တ် တယ်။ စန်းပွင့်မျက်နှာပွင့် ဖြစ်တတ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ပြင်ပလူမှုရေး ခိုက်ရန်ပြဿနာတွေ ရှိလာနိုင်တယ်။ ကိုယ့်ကို ရန်လို တို က်ခိုက်သူတွေ ရှိနေမယ်။ သတိထားသွားလာရမယ်။


ကံကောင်းစေတဲ့ အရောင် – အနီ၊ အဝါရင့်


ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ၀ ၊ ၁


ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်


ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး


ယတြာ – ဗုဒ္ဓဟူးနေ့ မနက်စောစော စေတီတစ်ဆူရဲ့ ဂြိုဟ်ခွင် ၈ ထောင့်မှာ အလင်းတိုင် ၁ တိုင်စီ ပူဇော်ပါ။