လူထုလှုပ်ရှားမှုများတွင် မပါဝင်ဘဲနဲ့တောင် ကျဆုံး ခဲ့ရတဲ့ အပြစ်မဲ့တဲ့ ကလေးငယ်တွေ အတွက် ရင်ကွဲ မတတ်ခံစားနေရတဲ့ ပန်းရောင်ခြယ်

အဆိုတော် ပန်းရောင်ခြယ်ကတော့ အသံအေးအေးလေးနဲ့ တေးသီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသား သီဆို သူတစ်ဦး ပဲ ဖြစ် ပါ တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ကျရာအခန်းကဏ္ဍကနေ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါ တယ်။ သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့်လည်း မြန်မာနိုင်ငံတွင် ဖြစ်နေတဲ့ ကိစ္စရပ်များကို ကမ္ဘာမှသိစေရန် speak out လုပ်ပေး နေ တာ လည်း ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွင် ပါဝင်ရင်း အသက်ပေးသွားကြတဲ့သူရဲကောင်းတွေအတွက်လည်း ယူကြုံးမရဝမ်းနည်းနေပြီး တတ်နိုင် သလောက် ကူ ညီ လှူဒါန်းနေ တာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပန်းရောင်ခြယ်ရဲ့ Facebook Page တွင် လူထုလှုပ်ရှားမှု များ တွင် မပါဝင်ဘဲနဲ့တောင် ကျဆုံးခဲ့ရတဲ့ အပြစ်မဲ့တဲ့ကလေးငယ်တွေအတွက် ရင်ကွဲမတတ်ခံစားနေရကြောင်းကို ရေးသားထားတာပဲဖြစ် ပါတယ်။

” ဘာအပြစ်များ ထိခိုက်နစ်နာစရာများ လုပ်မိလိုက်လို့လဲ က​လေးငယ်​​လေးတွေပါ ရက်စက်လိုက်ကြတာ ဘယ်လိုစိတ်နှလုံးနဲ့ လုပ်ရက်ကြ တာ လဲ အေးချမ်းစွာအနားယူပါ က​လေးတို့ ရင်ကွဲမတတ်ခံစားရ​ပေမယ့် က​လေးတို့ လူ့​လောကရဲ့ဒဏ်​တွေကို မခံစားရ​တော့ပဲ

ငြိမ်းချမ်းတဲ့အရပ်မှာ အမြဲငြိမ်းချမ်းစွာရှိ​​နေမယ်ဆိုတာကိုသိရင်းဆု​တောင်း​မေတ္တာပို့​နေမယ် ” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို ရေးသားထား တာဖြစ်တာကြောင့် ပရိသတ်တွေလည်း သိရှိစေရန် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Pan Yaung Chel’s Facebook Page