အသက်မပြည့်သူ(၁၃)နှစ်သမီးကိုKTVတွင်ယောကျာ်းများနှင့်ပျော်ပါးခိုင်းကာညှဉ်းပမ်းနှိပ်စက်ခေါင်းပုံဖြတ်အမြတ်ထုတ်သူ သားညီနှင့်ဇော်မင်းနိုင်အားအရေးယူ


အသက်မပြည့်သူ(၁၃)နှစ်သမီးကိုKTVတွင်ယောကျာ်းများနှင့်ပျော်ပါးခိုင်းကာညှဉ်းပမ်းနှိပ်စက်ခေါင်းပုံဖြတ်အမြတ်ထုတ်သူ သားညီနှင့်ဇော်မင်းနိုင်အားအရေးယူ

အမှုဖြစ်စဉ်မှာ၃၀.၁၂.၂၀၂၀ရက်မွန်းတည့်၁၂နာရီအချိန်၌တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်တွင်ဒုရဲအုပ်ဖြိုးဖြိုးအိ တာဝန်ထမ်းဆောင်နေစဉ် ခရိုင်ရဲတပ်ဖွဲ့ရုံးမှအကြောင်းကြားချက်အရမြိတ် ခရိုင်ရဲတပ်ဖွဲ့မှုးရုံးသီးသန့်ခန်းမတွင်မ…..(ခ)…..ကိုသက်သေများဖြစ်သောမဇာဇာသွင်နှင့်ဒေါ်ဥမ္မာတို့ရှေ့တွင်တွေ့ဆုံမေးမြန်းခဲ့ရာ


လွန်ခဲ့သော၂၀၀၉ ခုနှစ်ခန့်၌မ……(၁၃)နှစ်မှာအဖွားဖြစ်သူလုပ်ပေးသော မုန့်အချို့အားလှည့်လည်ရောင်းချရကြောင်း၊ မုန့်များမကုန်လျှင် ဆူပူကြိမ်းမောင်း သဖြင့်အိမ်သို့ မပြန်ရဲဘဲဒဂုံမြို့သစ်အရှေ့ပိုင်းရှိကျော်ကြားမှတ်တိုင်အနီး၊၂၀၀၉ခုနှစ်ရက်လမမှတ်မိနေ့တစ်နေ့တွင် ထိုင်နေစဉ် ဒေါ် ဖြူဆိုသူ ရောက်ရှိလာသဖြင့် ၎င်းမှမုန့်များအားဝယ်ယူရန်နှင့်မုန့်များမကုန်ပါက အဘွားဖြစ်သူမှဆူပူကြောင်းပြောသဖြင့်


ဒေါ်ဖြူဆိုသူမှမြိတ်မြို့ရှိKTVတွင်အရက်ရောင်းပြီးအခန်းဝင်လျှင်တစ်ထောင်ကျပ်ရကြောင်း၊မုန့်ဖိုးများလည်းရကြောင်းပြောသဖြင့်၎င်းမှမိခင်ဖြစ်သူအားလုပ်ကျွေးချင်ပြီးအဘွားဖြစ်သူအားကြောက်၍အိမ်သို့မပြန်ရဲသဖြင့်ဒေါ်ဖြူဆိုသူနောက်လိုက်ပါသွားခဲ့ကြောင်း၊၎င်းနောက်ရန်ကုန်တိုင်းဒေသကြီး၊သာကေတရပ်ကွက်ယုဇနအိမ်ယာရှိဒေါ်ဖြူ၏နေအိမ်တိုက်ခန်းတွင်(၃)ရက်ခန့်နေထိုင်ခဲ့ပြီးနောက်


ဒေါ်ဖြူနှင့်အတူမြိတ်မြို့သို့ရွှေမြင်းပျံကားဖြင့်အတူလိုက်ပါလာခဲ့ကြောင်း၊မြိတ်မြို့သို့ရောက်သောအခါမြိတ်မြို့၊မြိတ်တက္ကသိုလ်အနီးရှိဦးရဲထွဋ်ဆိုသူ၏နေအိမ်သို့ခေါ်ဆောင်သွားခဲ့ကြောင်း၊၎င်းနေအိမ်တွင်ဦးရဲထွဋ်မိသားစုအပြင်အသက်(၂၁)နှစ်ခန့်အမျိုးသမီး(၃)ဦးရှိနေခဲ့ကြောင်း၊ဒေါ်ဖြူမှဦးရဲထွဋ်နေအိမ်တွင်(၂)ရက်ခန့်နေထိုင်ပြီးပြန်သွားခဲ့ကြောင်း၊ဦးရဲထွဋ်နေအိမ်၌(၂၇)ရက်ခန့်နေထိုင်ပြီးနောက်သားညီနှင့်ဇော်မင်းနိုင်တို့ရောက်ရှိလာပြီး


း၎င်းအားမြိတ်မြို့၊တိုးချဲ့ရပ်ကွက်၊ဇော်မင်းနိုင်ပိုင်ငုဝါKTVဆိုင်သို့ခေါ်ဆောင်သွားခဲ့ကြောင်း၊ငုဝါKTVသို့ရောက်ပြီးည၇နာရီအချိန်ခန့်တွင်အမည်မသိဦးလေးကြီးတစ်ဦးအခန်းဝင်သဖြင့်အရက်ငှဲ့ပေးရခြင်း၊သီးချင်းဖွင့်ပေးခြင်းတို့ပြုလုပ်ပေးရကြောင်း၊ည(၁၁)နာရီအချိန်ခန့်တွင်ထိုစဉ်ကဆိုင်ရှိအမည်မသိမိန်းကလေးတစ်ဦးမှအခန်းဝင်၍ညအိပ်ရမည်ဟုလာခေါ်သဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ငုဝါKTVအခန်းအတွင်းတွင်အသက်(၂၀)ခန့်အမျိုးသားတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး ၎င်းအမျိုးသားမှ အင်္ကျီများချွတ် ခိုင်သဖြင့် ၎င်းမှမလုပ်လိုကြောင်းငြင်းဆိုခဲ့ရာ၎င်းအမျိုးသားမှKTVတွင်အလုပ်လုပ်ကိုင်လျှင်၎င်းနှင့်မဟုတ်သော်လည်းတစ်ခြားအမျိုးသားများနှင့်ပေါင်းသင်းဆက်ဆံရမည်ဖြစ်ကြောင်း၊ငြင်း၍မရကြောင်းပြောဆိုပြီးပြုကျင့်ဆက်ဆံခဲ့၏။


နောက်တစ်နေ့ညတွင်လည်းတမျိုးသား(၂ )ဦးခန့်နှင့်ပေါင်းသင်းဆက်ဆံခဲ့ရကြောင်း၊ယောက်ျားများကလာရောက်ပေါင်းသင်းဆက်ဆံပါကဇော်မင်းနိုင်မှတစ်ဦးလျင်တစ်နာရီငွေကျပ်(၅၀၀၀၀)ကျပ်ရယူကာ၎င်းကိုငွေကျပ်(၁၀၀၀၀)ကျပ်သာပေးခဲ့ကြောင်း၊အခန်းဝင်သည့်လုပ်ခများအားလကုန်မှပေါင်း၍ဆိုင်ရှင်ဇော်မင်းနိုင်မှငွေရှင်းပေးခဲ့ကြောင်း၊၎င်းKTVဆိုင်သို့ရောက်ပြီးနောက်(၅)ရက်အကြာဇော်မင်းနိုင်KTVဆိုင်မန်နေဂျာသားညီမှ ပြုကျင့်ဆက်ဆံခဲ့ကြောင်း၊


သားညီမှတစ်ခါပြုကျင့်ဆက်ဆံတိုင်း၎င်း၏ငွေစာရင်းထဲသို့ငွေ(၄၀၀၀)ကျပ်ထည့်မှတ်ပေးခဲ့ကြောင်း၊၎င်းဆိုင်တွင်(၃)လခန့်လုပ်ကိုင်ပြီးနောက်မြိတ်မြို့၊အင်းလေးကမ်းရပ်ကွက်ရှိသားညီပိုင်အမည်မရှိKTVဆိုင်သို့ခေါ်သွားပြီးသားညီမှတစ်ခြားအမျိုးသားများနှင့်ပေါင်းသင်းဆက်ဆံခြင်းမပြုရန်နှင့်၎င်းတစ်ဦးထဲနှင့်သာပေါင်းသင်းဆက်ဆံရန်ပြောပြီးဆိုင်ရှိအခန်းတစ်ခန်းထဲတွင်ထားကာဘာမျှမလုပ်ခိုင်းပဲ(၁၅)ရက်လောက်နေရာမှပျင်းနေသဖြင့်ကောင်တာထွက်ထိုင်စဉ်ဆိုင်ရှိတစ်ခြားမိန်းကလေးများကိုအခန်းဝင်ခိုင်းသဖြင့်ဆိုင်လာနေကျဖောက်သယ်တစ်ဦးနှင့်အခန်းဝင်ရန်လိုက်သွားစဉ်


သားညီက၎င်း၏လက်ဆွဲကာပါးရိုက်ခဲ့ပြီး၎င်းနောက်ဆိုင်၏အပေါ်ထပ်သိုဆွဲခေါ်သွားပြီးအင်္ကျီအဝတ်အစားများချွတ်ခိုင်ကာအလုပ်လုပ်ဦးမလားဟုမေးပြီး(၃)နာရီခန့်ရိုက်နှက်နှိပ်စက်ခံရကြောင်း၊၎င်းအနေဖြင့်ရိုက်နှက်နှိပ်စက်ခံရသည်ကိုကြောက်ရွံ့၍အခန်းဝင်မည့်အကြောင်းမပြောရဲတော့ဘဲသားညီတစ်ဦးတည်းနှင့်သာ ပေါင်းသင်းနေထိုင်ခဲ့ရသည်ဟုသိရသည်။


၎င်းမှအလုပ်မလုပ်ရတော့သဖြင့်လုပ်ခလစာမရရှိသည့်အပြင် သားညီမှလည်း ငွေပေးခြင်း မရှိကြောင်း၊ သားညီမှာ ညပိုင်းတွင် ဆိုင်မှာနေပြီး မနက်၃နာရီအချိန်တွင်၎င်း၏ဇနီးဖြစ်သူ(အမည်မသိမယားကြီး)နေအိမ်သို့ပြန်လေ့ရှိကြောင်း၊သားညီ ဆိုင်တွင် သားညီနှင့်ပေါင်းသင်း နေထိုင်ပြီး (၂ )နှစ်ခန့်အကြာ သားညီမှ ၎င်းနှင့်အသက်အရွယ်တူ (၁၆)နှစ်ခန့်နန်း…..ဟုခေါ်သောမိန်းကလေးတစ်ဦးအားဆိုင်သို့ခေါ်လာပြီးဆိုင်အပေါ်ထပ်တွင်၎င်းကဲ့သို့ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ကြောင်း၊


၎င်းမှသားညီအားနန်း……နှင့်ပေါင်းသင်းပါက၎င်းအားအလုပ်လုပ်ခွင့်ပေးရန်အော်ဟစ်ပြောဆိုခဲ့ရာမှ သားညီမှ ၎င်းအား ဆံပင်ဆွဲဆောင့်ပြီး ပါးအား စကားမပြောနိုင်အောင်ရိုက်နှက်ခဲ့ကြောင်း၊၎င်းနောက်နန်း…..အား၎င်းနေထိုင်သောအခန်းသို့လာရောက်ရန်ခေါ်ယူကာနန်း…….နှင့်၎င်းတို့နှစ်ဦးစလုံးအားအဝတ်များချွတ်ခိုင်၍တစ်ပြိုင်တည်းသားမယားအဖြစ်ပေါင်းသင်းဆက်ဆံခဲ့ကြောင်း၊၎င်းနှင့်နန်း……တို့မှာ အကြိမ်ကြိမ်ထွက်ပြေးကြသော်လည်း သားညီဆိုသူမှ လိုက်လံဖမ်းဆီးကာ အခန်းပိတ် ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊သားညီဆိုသူနှင့်ကိုယ်ဝန်ရရှိနေချိန်၌ပင်ရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ရကာကလေးမွေးပြီး(၃)လခန့်အကြာအင်းလေးကမ်းရပ်ကွက်၊မင်းဓမ္မလမ်းပေါ်ရှိ999KTVပြောင်းနေထိုင်ခဲ့ရသည်ဟုဆို၏။


ထိုဆိုင်သို့ ရောက်ပြီး(၃ )လခန့်အကြာ မြတ်နိုးနှင့်လရိပ်ဆိုသူအသက်(၁၆)နှစ်ခန့်မိန်းကလေး(၂)ဦးကို၎င်းအခန်းထဲသို့အလှည့်ကျခေါ်လာပြီး၎င်းရှေ့တွင်ပေါင်းသင်းဆက်ဆံခဲ့ကြောင်း၊ထိုနောက်သားညီမှာရိုက်မှုဖြင့်ထောင်(၆)လကျသွားသဖြင့်999KTVဆိုင်ပိတ်ပြီးသားညီ၏စီစဉ်ပေးမှုဖြင့် နန်း…..နှင့်၎င်းတို့သားအမိတို့သည်ရေပုန်းရပ်ကွက်ရှိနေအိမ်တစ်လုံးတွင်သွားရောက်နေထိုင်ခဲ့ကြောင်း၊


သားညီထောင်မှလွတ်လာသောအခါ၎င်းတို့အားပြန်လည်လာရောက်ခေါ်ဆောင်၍ကုန်းဖောက်ရပ်ကွက်ရှိနေအိမ်တစ်လုံးတွင်ထားခဲ့ပြီးအပြင်သို့ထွက်ခွာသွားလာခွင့်မပေးဘဲညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊၁၇.၁၂.၂၀၂၀ရက်နေ့တွင်အိမ်ရှင်၏အကူအညီဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ပြီးစက်လှေတစ်စီးတွင်စီးနင်းလိုက်ပါကာမြိတ်မှဝါကျွန်းကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊


ကျွန်းကျေးရွာတာဝန်ခံဦးအေးထွန်း၏အကူအညီဖြင့်ခရိုင်ရဲတပ်ဖွဲ့(မြိတ်)သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မ……(ခ )……၊(၂၄)နှစ်၊ကျပန်း၊ကုန်းဖောက်ရပ်၊မြိတ်တောင်ကျေးရွာအုပ်စုမြိတ်မြို့နေသူကိုအသက်မပြည့်သေးမှီပြည့်တန်ဆာအဖြစ်ခိုင်စေခြင်း၊သားမယားအဖြစ်အဓမ္မပေါင်းသင်းနေထိုင်ခြင်း၊အမြဲတစေညှင်းပန်းနှိပ်စက်၍ပြင်ပသို့လွတ်လပ်စွာသွားလာခွင့်မပြုဘဲထိန်းချုပ်ထားကာလိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အကျိုးအမြတ်ရယူခဲ့သူ


ကိုညီညီစံ(ခ)သားညီ(၃၉)နှစ်၊အရောင်းဝယ်၊(၃)လမ်း၊ကုန်းဖောက်ရပ်ကွက်၊မြိတ်တောင်ကျေးရွာအုပ်စု၊မြိတ်မြို့နယ်နေသူနှင့်ဇော်မင်းနိုင်(၄၅)နှစ်၊ရောင်းဝယ်၊သုခ(၉)လမ်း၊အောင်ဆန်းလမ်းမကြီး၊အောင်မင်္ဂလာရပ်ကွက်၊မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်မြို့နေသူတို့( ၂)ဦးအား ဥပဒေအရ အရေးယူပေးပါရန်ဒုရဲအုပ် ဖြိုးဖြိုးအီမှတရားလိုပြုလုပ်၍တိုင်တန်းခဲ့ရာ၃၀.၁၂.၂၀၂၀ရက်ည၈နာရီခွဲမြိတ်မြို့မရဲစခန်း(ပ)၁၁၄၂/၂၀၂၀၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၄ဖြင့်အမှုရေးဖွင့်ဆောင်ရွက်ပြီးအမှုအားဒုရဲအုပ်ထွန်းယုဇော်မှအမှုစစ်အဖြစ်စစ်ဆေးဆောင်ရွက်၍တရားလိုသက်သေများအားစစ်ဆေးခြင်း၊ ကျူးလွန်သူနှစ်ဦးကိုဖမ်းဆီးစစ်ဆေးဆောင်ရွက်နေကြောင်းသိရှိရသည်။


အောင်ကျော်ဦး(ပြည်မျက်လုံး)S.H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ