R2P ဝင်ရောက်ရန် အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေ…!


R2P ဝင်ရောက်ရန် အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေ…!

R2P ဝင်ရောက်ရန် အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေ…!


မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ R2P ဝင်ရောက်ဖို့ သတ်မှတ်ထားတဲ့ အချက် ၄ ချက်စလုံးနဲ့


အကျုံးဝင်နေတာကြောင့် R2P ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေအမှတ် ၁၁ ရဲ့


အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။


အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ လူသားမဆန်တဲ့ အနေအထား ဖြစ်နေသလို နိုင်ငံတကာရဲ့


အကာအကွယ်ပေးရန် တာဝန်ရှိမှု R2P အရ ဝင်ရောက်အရေးယူနိုင်တဲ့ သတ်မှတ်ချက် ၄ ခုစလုံးကို ကျူးလွန်နေတာကြောင့်


R2P နဲ့ဝင်ရောက်နိုင်တဲ့ အနေအထားရှိပြီး ဘယ်အချိန်ဝင်မလဲဆိုတာကိုတော့ ပြောလို့မရနိုင်သေးဘူးလို့ ပြောပါတယ်။


နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အစိုးရတရပ်အနေနဲ့ လက်ရှိအချိန်အထိ အသိအမှတ်ပြုတာ မရှိသလို


သံတမန်ရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်းနဲ့ ဖိအားပေးတာရှိနေပြီး ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအပေါ် ထိန်းသိမ်းတာတွေကြောင့်


အများကြီး တိုးတက်မှုရှိတယ်လို့ ပြောပါတယ်။


ဒီမိုကရေစီ ပြန်လည်ရရှိဖို့ကတော့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုနဲ့ ဖိအားထက် ပြည်တွင်းက ပြည်သူတွေရဲ့


လုပ်ဆောင်မှုအားက ပိုအရေးကြီးတယ်လို့ ဦးဘမျိုးသိန်းက သုံးသပ်ပါတယ်။


R2P ဝင်ရောက်ဖို့ ကုလသမဂ္ဂမှာ ဗီတိုအာဏာရထားတဲ့ တရုတ်နဲ့ရုရှားက ကန့်ကွက်နိုင်ပေမယ့်


ဒီအချက်တွေကို ကျော်လွန်ပြီး လုပ်နိုင်မယ့်နည်းလမ်းတွေရှိတယ်လို့လည်း ပြောပါတယ် ။


R2Pလိုကြီးမားတဲ့ နိုင်ငံတကာဖိအားရှိမှ ဒီမိုကရေစီပြန်လည်ရရှိဖို့ အမြန်ဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့


အကြမ်းဖက် လုပ်ရပ်တွေအပေါ် သံအမတ်ကြီးဦးကျော်မိုးထွန်း တို့လုပ်ဆောင်နေတဲ့ နိုင်ငံတကာတရားရုံးကို


ရောက်ရှိရေးကိစ္စကလည်း အရေးကြီးတဲ့အချက်တခုလို့ ဦးဘမျိုးသိန်းက ပြောပါတယ်။


နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု ၄ မျိုး ကျူးလွန်နေတာကနေ


မကာကွယ်ပေးနိုင်ရင် R2P နဲ့ အကျုံးဝင်တယ်လို့ သတ်မှတ်ထားတာပါ။


ရာဇဝတ်မှု ၄ မျိုးကတော့ လူမျိုးတုံး သတ်ဖြတ်မှု (Genocides)၊ စစ်ရာဇဝတ်မှု (War Crimes)၊


လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင်


သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) ကျူးလွန်တာတို့ဖြစ်ပါတယ်။


Credit-မူရင်း