ဆီဗီလာနှင့်ဆဲလ်ဘတ်တို့တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပထမပိုင်းမှာ ပင်နယ်တီလေးကြိမ်အထိ ဒိုင်လူကြီးပေးခဲ့


ဆီဗီလာနှင့်ဆဲလ်ဘတ်တို့တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပထမပိုင်းမှာ ပင်နယ်တီလေးကြိမ်အထိ ဒိုင်လူကြီးပေးခဲ့

မနေ့ညတုန်းကဆီဗီလာနှင့်ဆဲလ်ဘတ်တို့တစ်ဂိုးစီသရေကျတဲ့ပထမပိုင်းမှာဒိုင်လူကြီးဟာ ပင်နယ်တီလေးကြိမ်အထိပေးခဲ့ပါတယ်။

ဆဲလ်ဘတ်ဟာပွဲအစ၁၃မိနစ်မှာဘဲကာရမ်အဒီယီမီကြောင့်ပင်နယ်တီစတင်ရရှိခဲ့ပါတယ်။ဒါပေမယ့်ယင်းပင်နယ်တီကိုအဒီယီမီကန်ခဲ့ရာမှာလွဲချော်သွားခဲ့ပါတယ်။

ဒါပေမယ့်ဆဲလ်ဘတ်ဟာနောက်ထပ်တစ်ကြိမ်ပင်နယ်တီထပ်ရဖို့ကြာကြာမစောင့်ခဲ့ရပါဘူး။နောက်၇မိနစ်အကြာမှာအဒီယီမီကိုမန်စီးတီးတောင်ပံကစားသမားဟောင်းနာဗက်စ်ကတွန်းလှဲလို့ပင်နယ်တီထပ်ရခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့အသက်၁၉နှစ်အရွယ်ရှိလူကာဆူစီကသွင်းယူကာဆဲလ်ဘတ်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ပွဲချိန်၃၆မိနစ်မှာလည်းဆဲလ်ဘတ်ဟာအဒီယီမီကြောင့်ဘဲတတိယမြောက်ပင်နယ်တီရရှိခဲ့ပါတယ်။ဒီတစ်ကြိမ်မှာလည်းဆူစီကကန်ခဲ့ပေမယ့်မဝင်ခဲ့ပါဘူး။

ပထမပိုင်းမပြီးခင်ပင်နယ်တီသုံးကြိမ်အထိပေးထားရတဲ့ဆီဗီလာဟာပထမပိုင်းမပြီးခင်မှာပင်နယ်တီပြန်ရခဲ့ပါတယ်။အန်နက်စ်ရီကိုဘိုဘာကကြမ်းတမ်းစွာဖျက်ထုတ်လို့ပင်နယ်တီရခဲ့တာဖြစ်ပြီးရာကီတစ်ကကန်သွင်းခဲ့ပါတယ်။

ပထမပိုင်းမှာပင်နယ်တီလေးကြိမ်အထိပေးခဲ့တဲ့ဘီလာရုစ်ဒိုင်လူကြီးအလက်ဆီကူလ်ဘာကိုဟာဒုတိယပိုင်းမှာတော့ပင်နယ်တီထပ်ပေးခြင်းမပြုတော့ပါဘူး။ဒါပေမယ့်သူဟာပွဲချိန်၅၀မိနစ်မှာဆီဗီလာဘက်မှအန်နက်စ်ရီကိုနှစ်ဝါတစ်နီနှင့်ထုတ်ပယ်ခဲ့ပါတယ်။

အဒီယီမီဟာချန်ပီယံလိဂ်သမိုင်းမှာအသင်းအတွက်ပင်နယ်တီသုံးကြိမ်ရရှိအောင်ပြုလုပ်နိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားပါတယ်။