ဗယ်လီကာနိုမှာ တိုက်စစ်မှူးတစ်ဦးအတွက် မသက်ဆိုင်တဲ့ ကျောနံပါတ်ကို ဝတ်ဆင်မယ့် ဖယ်ကာအို


ဗယ်လီကာနိုမှာ တိုက်စစ်မှူးတစ်ဦးအတွက် မသက်ဆိုင်တဲ့ ကျောနံပါတ်ကို ဝတ်ဆင်မယ့် ဖယ်ကာအို

ရာဒါမယ်ဖယ်ကာအိုဟာလာလီဂါကလပ်ဗယ်လီကာနိုအသင်းမှာတိုက်စစ်မှူးတစ်ဦးအတွက်မသက်ဆိုင်တဲ့ကျောနံပါတ်ကိုဝတ်ဆင်ကစားသွားပါမယ်။

ပေါ်တို၊အက်သလက်တီကိုနှင့်မိုနာကိုတို့မှာကစားခဲ့တဲ့ဖယ်ကာအိုဟာတူရကီထိပ်သီးဂါလာတာစာရေးနှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ဗယ်လီကာနိုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့တာဖြစ်ပါတယ်။

မန်ယူနှင့်ချဲလ်ဆီးတို့တွင်အငှားဖြင့်ကစားခဲ့ဖူးတဲ့အသက်၃၅နှစ်ရှိဖယ်ကာအိုဟာမက်ဒရစ်အခြေစိုက်ဗယ်လီကာနိုအသင်းမှာကျောနံပါတ်၃ကိုဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

ဖယ်ကာအိုဟာ၂၀၁၃ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်စပိန်တွင်ခြေချလာတာလည်းဖြစ်ပါတယ်။သူဟာ၂၀၁၁ခုနှစ်မှ၂၀၁၃ခုနှစ်အထိအက်သလက်တီကိုမှာကစားခဲ့ပြီး၉၁ပွဲကစားရာမှာဂိုး၇၀အထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဖယ်ကာအိုရဲ့ဗယ်လီကာနိုဟာလက်ရှိအချိန်မှာလာလီဂါအမှတ်ပေးဇယားအဆင့်၁၂နေရာမှာရပ်တည်နေပါတယ်။