ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့တဲ့ အီလိယော့ ယခုရာသီတွင် ပြန်ကစားနိုင်မည်


ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့တဲ့ အီလိယော့ ယခုရာသီတွင် ပြန်ကစားနိုင်မည်

ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့တဲ့ဟာဗေးအီလိယော့ဟာဒဏ်ရာကိုအောင်မြင်စွာခွဲစိတ်ကုသမှုပြုလုပ်နိုင်ခဲ့ပြီးနောက်ယခုရာသီတွင်ပင်ပြန်ကစားနိုင်မယ့်အနေအထားမှာရှိနေပါတယ်။

အသက်၁၈နှစ်အရွယ်ရှိလီဗာပူးလူငယ်စတားဟာပြီးခဲ့တဲ့အပတ်တုန်းကလိဒ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လိဒ်ကစားသမားပါစကယ်စထရုရဲ့ဖျက်ထုတ်မှုကြောင့်ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးဟာပါစကယ်စထရုကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာအီလိယော့ကပါစကယ်စထရုကြောင့်ခြေကျင်းဝတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

လိဒ်နှင့်ပွဲစဉ်အတွင်းတွင်ကွင်းအတွင်းသို့ဝင်ရောက်ကာအီလိယော့ဟာခြေကျင်းဝတ်ဆစ်လွဲမှုအားပြန်လည်ချိတ်ဆက်ပေးခဲ့တဲ့‌အသင်းဆရာဝန်ဂျမ်မိုဇမ်ကအီလိယော့ရဲ့ဒဏ်ရာပြန်လည်ကောင်းမွန်လာရေးအတွက်အချိန်သတ်မှတ်ထားတာမရှိပေမယ့်ယခုရာသီအတွင်းတွင်ပြန်ကစားနိုင်ဖို့ရှိနေကြောင်းဆိုသွားပါတယ်