“မြန်မာအတွက် ညီညွတ်ခိုင်မာသည့် နိုင်ငံတကာတုံ့ပြန်မှုကို အရေးပေါ်လိုအပ်နေဟု ကုလအတွင်းရေးမှူးချုပ်ပြော”…!

မြန်မာ့အရေးဖြေရှင်းရန် ညီညွတ်ခိုင်မာသည့် နိုင်ငံတကာတုံ့ပြန်မှုကို အရေးပေါ်လိုအပ်နေကြောင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မတ် ၁၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်နေသော ရက်စက်စွာအကြမ်းဖက်မှုများ

ဆက်လက်ဖြစ်ပွားနေမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက်၌ ဖော်ပြသည်။

“သတင်းထောက်များ အပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်ခြင်းနှင့် တွေ့မြင်ရာဖမ်းဆီးခြင်းများကို

လုံးဝလက်မခံနိုင်ပါ” ဟု အတွင်းရေးမှူးချုပ်က ဆိုသည်။

ကုလလုံခြုံရေး ကောင်စီအပါအဝင် နိုင်ငံတကာ၊ အဖွဲ့အစည်းများက တောင်းဆိုထားသော အခြေခံ လူ့အခွင့်အရေးများအပေါ်

အကြမ်းဖက်ခြင်းကို အဆုံးသတ်ရေးနှင့် ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လှည့်ရေး စသည့်အချက်များကို

မြန်မာစစ်တပ်က ဆက်လက်ငြင်းဆန်နေဆဲဖြစ်သည်ဟု ကြေညာချက်၌ ဖော်ပြသည်။

အတွင်းရေးမှူးချုပ်သည် ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသော နိုင်ငံဖြစ်ရေး ရည်မှန်းသည့်

မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုခဲ့သည်။

Credit-မူရင်း