MyTel တာဝါတိုင်များအား၊ဗုံးခွဲဖျက်ဆီးသူတွေကို ၊ ဖမ်းမိခဲ့ရင်


MyTel တာဝါတိုင်များအား၊ဗုံးခွဲဖျက်ဆီးသူတွေကို ၊ ဖမ်းမိခဲ့ရင်


လတ်တလောတွေ တပ်ဘက်မှ အထိနာလျက်ရှိသော MyTel တာဝါတိုင်များအား၊ဗုံးခွဲဖျက်ဆီးသူတွေကို ၊ ဖမ်းမိခဲ့ရင် သေဒဏ်မှတပါး အခြားမရှိဘူးလိုးပြော


MyTel တာဝါတိုင်တွေကို PDF တွေ ဗုံးခွဲဖျက်ဆီးနေကြခြင်းဟာ နိုင်ငံတော်ကို ပုန်ကန်ခြင်းမြောက်တဲ့အတွက် စစ်ကောင်စီက ဖမ်းမိခဲ့ရင်သေဒဏ်မှတပါး အခြားမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရေးကြီးသတင်းတစ်ရပ်အနေနဲ့ ယနေ့ ညနေ ၃ နာရီခန့်က ပြောကြားလိုက်ပါတယ်။ မိမိတို့စစ်ကောင်စီအနေဖြင့် အထပ်ထပ်အခါခါ ခွင့်လွှတ်သီးခံခဲ့သော်လည်း


ဤအစွန်းရောက်များက ISIS ဆန်ဆန်၊ တာလီဘန်ဆန်ဆန် လူထုဒုက္ခရောက်အောင် အမျိုးမျိုး ဒုက္ခပေးဖျက်ဆီးနေကြခြင်းမှာ တိုင်းပြည်ကို အလုံးစုံပျက်စီးရေး ချောက်ထဲဆွဲချနေခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်စောင့်အစိုးရရဲ့အကြီးအကဲဖြစ်သူ ဥက္ကဌဗိုလ်ချုပ်မှူးကြီးကလည်း တာဝါတိုင်တွေကို PDF သူပုန်တွေ ဖျက်ဆီးနေကြတာဟာအကျိုးမရှိကြောင်း


မနေ့ကအစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်၊ PDF တွေ ဒီလိုဆက်လုပ်နေမယ်ဆိုရင် စစ်ကောင်စီဟာ အရေးပေါ် ဥပဒေတစ်ရပ်ပြဌာန်းပြီး PDF တွေရဲ့မိသားစုတွေကိုတိုင်းပြည်အတွင်း ရှာဖွေဖမ်းဆီးပြီ


နှစ်ရှည်ထောင်ဒဏ်၊ သေဒဏ်စီရင် ခံရနိုင်တဲ့အထိ ဥပဒေပြဌာန်းရပါလိမ့်မယ်။ အခုလည်း မြို့တွင်းတိုက်ပွဲဆိုပြီး PDF တွေ ရန်ကုန်နဲ့မန္တလေးမှာ နေရာအနှံ့ဗုံးခွဲတိုက်ခိုက်နေကြခြင်းကြောင့် အပြစ်မဲ့တပ်မတော်သားတွေ ရဲဝန်ထမ်းတွေသေကြေပျက်စီးမှုတွေ ဖြစ်ခဲ့ရပြီးဖြစ်ပါတယ်။


ထို့ကြောင့် ပြည်သူများအနေဖြင့် အဖျက်အမှောင့်ပြုနေသူ PDF ဆိုသူများကို သိရှိပါက တပ်မတော်စစ်ရုံးများသို့ တိုက်ရိုက်သတင်းလာပေးပို့နိုင်ကြောင်း အသိပေးအပ်ပါတယ်။


crd-တပ်မတော်သတင်းမှန်ပြန်ကြားရေး