မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် အာဏာရှင်ကိုတော်လှန်ဖို့ တာဝန်ကျေခဲ့တဲ့ မြနှင်းရည်လွင်ရဲ့စိတ်ဓာတ်


မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် အာဏာရှင်ကိုတော်လှန်ဖို့ တာဝန်ကျေခဲ့တဲ့ မြနှင်းရည်လွင်ရဲ့စိတ်ဓာတ်

မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင်ခဲ့တဲ့ မြနှင်းရည်လွင်ရဲ့စိတ်ဓာတ်ကို ချီးကျူးနေကြတဲ့ ပြည်သူများ

ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာတော့

သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ မြနှင်းရည်လွင်ကလည်း အပါအဝင်ဖြစ်ပါတယ်။

မြနှင်းရည်လွင်က လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့သလို

အခုချိန်မှာလည်း ကျရာနေရာကနေ တာဝန်ကျေပွန်အောင် ထမ်းဆောင်နေတာ ဖြစ်ပါတယ် ။

နွေဦးတော်လှန်ရေး စတင်တဲ့အချိန်ကတည်းကပါဝင်ခဲ့တဲ့ မြနှင်းရည်လွင်က

ယနေ့အထိ တော်လှန်ရေးမှာ တတ်အားသရွေ့ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။

(၅၀၅)ကနဲ့ တရားစွဲဆိုခြင်းခံခဲ့ရတဲ့ မြနှင်းရည်လွင်က

ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်ကျော်ခဲ့ရတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ မြနှင်းရည်လွင်က “Public Voice Television” ရဲ့အစီအစဥ်တစ်ခုမှာ

တော်လှန်ရေးအသိပညာပေးပြီး ဝင်ရောက်ဆွေးနွေးခြင်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။

မြနှင်းရည်လွင်က နူးညံ့တဲ့မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း

တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး ပါဝင်နေတာ ဖြစ်ပါတယ်။

လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာလည်း သေနတ်ကိုင်ပြီး

ရိုက်ကူးထားတဲ့ မြနှင်းရည်လွင်ရဲ့ပုံရိပ်တစ်ခုက ပျံ့နှံ့နေတာ ဖြစ်ပါတယ် ။

ပြည်သူတွေကလည်း မြနှင်းရည်လွင်ရဲ့ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ရဲရင့်တဲ့လုပ်ရပ်ကို

လေးစားချီးကျူးနေကြတာလည်း တွေ့ရပါတယ်။

မြနှင်းရည်လွင်ကတော့ သူမကိုချီးကျူးပေးတဲ့ ပြည်သူတွေကို ပြန်ပြီးကျေးဇူးတင်စကားဆိုခဲ့သေးတာ ဖြစ်ပါတယ် ။

တော်လှန်ရေးမှာ တာဝန်ကျေပွန်နေတဲ့ မြနှင်းရည်လွင်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။