ချယ်လ်ဆီးအတွက် ဂိုးသွင်းပေးရတာ ကျေနပ်နေတဲ့ လူကာကူ


ချယ်လ်ဆီးအတွက် ဂိုးသွင်းပေးရတာ ကျေနပ်နေတဲ့ လူကာကူ

ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာ ဇင်းနစ်နဲ့အကြိတ်အနယ်ကစားခဲ့ပြီး လူကာကူရဲ့ နောက်ကျခေါင်းတိုက်ဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲက တော်တော်လေးကြည့်ကောင်းခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အသက်ဝင်ခဲ့ပါတယ်။

ခြေစွမ်းပိုင်းအရ ချယ်လ်ဆီးကသာလွန်ခဲ့ပေမယ့် ဇင်းနစ်ရဲ့ လျင်မြန်တဲ့ကစားဟန်က သူတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး လူကာကူသာ မကယ်တင်ရင် အိမ်ကွင်းမှာ သရေနဲ့သာ ချယ်လ်ဆီးတို့ ကျေနပ်ခဲ့ရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ အဲဒီပွဲမှာ ဂိုးသမား ကီပါကို သုံးစွဲမယ်လို့ သတင်းထွက်နေခဲ့ပေမယ့် မန်ဒီကိုသာ ဆက်သုံးသွားခဲ့ပြီး ပုံမှန် ၃-၄-၃ ကစားကွက်ထဲ ကွင်းလယ်လူ ကွန်တေ မပါဝင်နိုင်ချိန်မှာ

ကိုဗာချစ်ကိုပဲ ဂျော်ဂျင်ညိုနဲ့ တွဲထုတ်သွားခဲ့သလို တိုက်စစ်မှာတော့ လူကာကူနောက်က ဇီးယက်ရှ်နဲ့ မေဆန်မောင့်တို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဇင်းနစ်ကတော့ အီရန်တိုက်စစ်မှူး အက်ဇ်မုန်၊ ဘရာဇီးလ်ယူ-၂၃ အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ မဲလ်ကွမ်နဲ့ ကလော်ဒင်ညိုတို့နဲ့ ၅-၄-၁ ကစားကွက်နဲ့

စတမ်းဖို့ဒ်ဘရစ်ချ်မှာ တောင့်ခံနိုင်ဖို့ ကြိုးစားလာခဲ့သလို ခံစစ်မှာ ကစားသမား ၇ ယောက် ၈ ယောက်လောက်အထိ ပိတ်ဆို့တဲ့ ဗျူဟာနဲ့ ရင်ဆိုင်လာခဲ့တာပါ။

လူကာကူဟာ ပွဲချိန် ၆၉မိနစ်မှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးအတွက် အမှတ်ပြည့်ရစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သူ့အနေနဲ့ အင်တာကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ပြန်လည်ရောက်လာပြီးနောက် အသင်းအတွက် စုစုပေါင်း ၄ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။

”လူကာကူရဲ့ခေါင်းတိုက်သွင်းဂိုးကတော့ ရှယ်ပဲဗျို့၊ အက်စ်ပီလီကျူတာရဲ့ ထောင့်ဖြတ်ဘောကလည်း လုံးဝအမေးဇင်း။

ဒီအတွက်ကြောင့်ပဲ အသင်းမှာ လူကာကူ ရှိနေရတာပဲဖြစ်ပါတယ်။

လူကာကူက ဒီလိုဂိုးမျိုးတွေ သွင်းရတာကြိုက်တယ်ဗျ”လို့ နည်းပြတူချယ်က ပြောပါတယ်။