ဘရုဂျက်ကို ဂိုးပြတ်အနိုင်ယူမယ့် မက်ဆီနဲ့ ပီအက်စ်ဂျီ


ဘရုဂျက်ကို ဂိုးပြတ်အနိုင်ယူမယ့် မက်ဆီနဲ့ ပီအက်စ်ဂျီ

ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်
*************************

လီဗာပူး Vs အေစီမီလန်

(လီဗာပူး ၁-၄၅/ ဂိုးပေါင်း ၃+၃၅)

မာနေး၊ ဆာလက်ချ်နဲ့ ဂျိုတာတို့ရဲ့တိုက်စစ်ကို မီလန် ခံစစ်ထိန်းနိုင်ဖို့ မလွယ်တာကြောင့် လီဗာပူးရဲ့အကြေားပေးမှုက မူလ ၁ဂိုး သရေကနေ ၁-၄၅အထိ တက်လာပါတယ်။

နောက်တစ်ချက်က မိုဗစ် မပါနိုင်တဲ့ မီလန်တိုက်စစ်ဟာ အန်ဖီးလ်မှာ ဂိုးရနိုင်ခြေနည်းလွန်းပါတယ်။

ကယ်ဟန်နိုဂလူး မရှိတော့နောက် ဘရိုင်ယန်ဒီယာ့ဇ်ကိုပဲ အားကိုးရတဲ့ ကွင်းလယ်ကလည်း လီဗာပူးကို ယှဉ်နိုင်ဖို့ ခက်ပါလိမ့်မယ်။

ရှေ့၊လယ်၊ နောက်နေရာစုံမှာ အေစီမီလန်ထက် များစွာ ပိုသာနေတဲ့ လီဗာပူးပဲ ဂိုးပြတ်နိုင်ပါလိမ့်မယ်။

အင်တာမီလန် Vs ရီးရဲလ်မက်ဒရစ်

(အင်တာမီလန် =-၂၀ /ဂိုးပေါင်း ၃+၆၅)

ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တွေ့ခဲ့ကြတဲ့အသင်းတွေပါ။

ရီးရဲလ်မက်ဒရစ်က အင်တာမီလန်ကို ၂ကျော့စလုံးအနိုင်ရခဲ့ပြီး အခုတော့ နည်းပြသစ်ကိုယ်စီနဲ့ ရာသီသစ်ကို တာထွက်ခဲ့ကြပါတယ်။

စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန်ဟာ နည်းပြသစ် ဆီမြွန်နီအင်ဇာဂီရဲ့လက်ထက်မှာ မနှစ်ကလိုပဲ ကစားအားကောင်းနေသေးပေမယ့် ဟာကီမီနဲ့ လူကာကူ တို့ မရှိတော့တဲ့ကွက်လပ်ကတော့ တော်တော်လေး ကြီးမားလာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာလည်း ရာမို့စ် မရှိတော့တဲ့ ခံစစ်က ပွဲကြီးတွေမှာ ပြဿနာ ရှိလာနိုင်ပါတယ်။

အခုဆိုရင် မာဆယ်လိုလည်း ဒဏ်ရာရနေတာကြောင့် ဒီပွဲကို ပါနိုင်မှာမဟုတ်ဘူး။

ခံစစ်အားနည်းချက်ကိုယ်စီရှိကြပေမယ့် တိုက်စစ်ကတော့ ဂိုးသွင်းအားကောင်းနေကြတုန်းပါ။

ဒါကြောင့်ဒီပွဲမှာ ဘော်ဒီထက် ဂိုးပေါင်းအပေါ်ကိုပဲ ပိုရွေးစေချင်ပါတယ်။

မန်စီးတီး Vs လိုက်ပ်ဇစ်

(မန်စီးတီး ၁-၈၀/ ဂိုးပေါင်း ၃+၃၀)

လက်စတာစီးတီးနဲ့ပွဲတုန်းက အနားပေးခဲ့တဲ့ မာရက်ဇ်နဲ့စတာလင်တို့ကို ဒီပွဲမှာ ပွဲထွက်အဖြစ် ဂွါဒီယိုလာ ပြန်သုံးဖို့ရှိပါတယ်။

ဒီဘရိုင်းလည်း ပြန်ကစားနိုင်ခြေရှိတာကြောင့် မန်စီးတီးရဲ့အတောင့်တင်းဆုံး ကစားသမားအင်အားကို ပြန်မြင်ရဖို့ရှိပါတယ်။

လိုက်ပ်ဇစ်ကတော့ စဘစ်ဇာ၊ ယူပါမီကာနို၊ ကိုနာတီ စတဲ့ ကစားသမားကောင်းတွေအပြင် နည်းပြ နီဂဲမန်းစ်ကိုပါ လက်လွှတ်ထားရလို့ မနှစ်ကနဲ့ယှဉ်ရင် တော်တော်လေး အားနည်းသွားတယ်။

ဒီရာသီ ဘွန်ဒက်စ်လီဂါမှာလည်း ၄ပွဲကစား ၃ပွဲရှုံးဆိုတော့ လိုက်ပ်ဇစ်ဟာ တစ်ချိန်က ဟော့ဖန်ဟိန်းလို ဖြစ်သွားတော့မလားလို့ စိုးရိမ်မိတယ်။

လိုက်ပ်ဇစ် ခြေကျနေပေမယ့် ၁-၈၀ဆိုတာ ဈေးပါးလွန်းနေသလားလို့ တွေးမိတယ်။ မန်စီးတီး နိုင်မှာသေချာပေမယ့် ဂိုးမပြတ်နိုင်ဘူးလို့ ယူဆမိတယ်။

ဘရုဂျက် Vs ပီအက်စ်ဂျီ

(ပီအက်စ်ဂျီ ၂+၅၀ / ဂိုးပေါင်း ၃-၅၀)

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်ကို စောင့်ကြည့်ရပါမယ်။

သူ့ထက် ရက်နောက်ကျပြီးမှ အသင်းပြောင်းခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းသစ်နဲ့အတူ ဂိုးတွေ သွင်းနေပြီဖြစ်လို့ မက်ဆီလည်း ပီအက်စ်ဂျီအတွက် ဂိုးသွင်းဖို့ အားမွေးထားလောက်ပါပြီ။

အရင်တစ်ပတ်က နိုင်ငံတကာပွဲ သွားကစားခဲ့ရပေမယ့် စနေနေ့ပွဲစဉ်မှာ အနားရခဲ့တဲ့ ဒီပွဲကို ပွဲထွက်အဖြစ် ပါဝင်ဖို့ရှိနေပါတယ်။

ဘရုဂျက်ဟာ ဘယ်လ်ဂျီယံလိဂ်မှာ အဆင့် ၁ကနေ ဦးဆောင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ပတ်ကျော်က ဂျန့် လိုအသင်းကို ၆-၁ဂိုးနဲ့ ရှုံးခဲ့တာကိုကြည့်ရင် သူ့ခံစစ်ကို သိပ်မျှော်လင့်လို့မရနိုင်ပါဘူး။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်က ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ပါလိမ့်မယ်။

အခြားပွဲခန့်မှန်းချက်များ

ဘီဆစ်တပ်ခ် ၁-၃ ဒေါ့တ်မွန်

ရှရစ်ဖ် ၁-၂ ရှက်တာဒိုးနက်စ်

အက်သလက်တီကို ၁-၁ ပေါ်တို

စပို့တင်း ၁-၁ အေဂျက်စ်