ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့အမေက မွေးထုတ်ပေးလိုက်တာဆိုတဲ့ ယွန်းဝတီလွင်မို


ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့အမေက မွေးထုတ်ပေးလိုက်တာဆိုတဲ့ ယွန်းဝတီလွင်မို

ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ အမေက မွေးထုတ်ပေးလိုက်တာဆိုတဲ့ ယွန်းဝတီလွင်မိုး သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ပြည်ပနိုင်ငံတွင် ပညာသင်ကြား နေတာကြောင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်မပါဝင် ရတဲ့အတွက်စိတ်မကောင်းဖြစ်နေတာလည်း ဖြစ်ပါတယ်။ဒါပေမယ့်လည်းဩစတေးလျသို့ရောက်ရှိနေတဲ့ ပြည်သူများ နဲ့ ကျရာအခန်းကဏ္ဍကနေ


တာဝန်ကျေပွန်စွာ လုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေရုံတင်မကဘဲ လူမှုကွန်ယက်များမှာလည်းသတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီတင်ပေးနေတာလည်း ဖြစ်ပါတယ်။သူမရဲ့ Twitter အကောင့်ကနေ တစ်ဆင့်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာမှသိရှိနိုင်အောင် ဝေမျှပေးနေတာလည်းဖြစ်ပါတယ်။အသက်ငယ်ပေမယ့်လည်း နိုင်ငံ့အရေးအတွက်တက်ကြွစွာပါဝင်ပေးနေတဲ့ ခေးလေးကို

ပရိသတ်တွေကလည်း ချီးကျူးနေ ကြတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခေးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ကိုယ့်နိုင်ငံကိုပြန်ကယ်တင်ဖို့အတွက်မိခင်ဖြစ်သူကမွေးထုတ်ပေးလိုက်တယ်လို့မှတ်ယူလိုက်ကြောင်းပြောပြလာတာပဲ ဖြစ်ပါတယ်။” ရင်နာတယ်။စိတ်နာတယ်။ မျက်ရည်များစွာကျရတယ်။ဒါပေမယ့်၊အ+_ကြမ်း+_ဖက်သမားတွေ မြန်မာပြည်ကြီးမှာရှိနေသ၍ လုံးဝ လုံးဝအရှုံးမပေးဘူး။ခွန်အားတွေလုံးဝမလျော့သွားဘူး။မြန်မာပြည်ကြီး

Democracy ရပြီးတဲ့နောက်၊တိုက်ပွဲကြီးနိုင်ပြီးရင်တောင် ဒီမှာတင်မရပ်ပါဘူး။ Socialpunishment ဆက်လုပ်မယ်။ဒီတစ်သက်တော့ ကိုယ့်နိုင်ငံကိုပြန် ကယ်တင်ဖို့အမေမွေးလာတာလို့ပဲ မှတ်လိုက်ပါပြီ။ YWLM.” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေး လိုက်ရပါတယ်နော်။