အင်တာနက်ဖြတ်ခံရတဲ့ နေရာဒေသတွေအတွက်


အင်တာနက်ဖြတ်ခံရတဲ့ နေရာဒေသတွေအတွက်


အင်တာနက် ဖြတ်ခံရတဲ့ဒေသတွေ တစ်နယ်လုံး ဖုန်းကတ်တစ်မျိုးတည်းသုံးပါ နောက် တစ်နယ်လုံးတူညီတဲ့ ဖုန်းကတ် တစ်မျိုး အရံထားပါ ဥပမာ အော်ရီဒူးတစ်မျိုးပဲ ဖုန်းခေါ် မက်ဆေ့ချ်ပို့လုပ်ပြီး ကျန်တဲ့ တယ်လီနောကို အော်ရီဒူးပျက်သွားရင်သုံးဖို့အရံထားပါ


​အွန်လိုင်း ရတဲ့ဒေသတွေကနေ အဲဒီဒေသတွေဆီကို အွန်လိုင်း ပေါ်ကနေ အရေးပါပြီး သိသင့်သိထိုက်တဲ့ သတင်းအကျဥ်းချုပ်တွေကို မက်ဆေ့ချ် နဲ့ပို့ပေးပါ အဲဒါကိုမှ အချင်းချင်း ပြန်ဖြန့်ကြပါ


ဒီနေရာမှာ သတင်းအမှားအမှန် ခွဲခြားတတ်ဖို့တော့ အရေးကြီးပါတယ် ယုံကြည်ရတဲ့လူ ခိုင်လုံရတဲ့လူတွေဆီကရတဲ့သတင်းကိုပဲ ယူကြပါ အွန်လိုင်းရတဲ့လူတွေကလည်း သတိထားပြီး တိကျတာတွေပဲ ပို့ပေးကြပါ အင်တာနက် ပိတ်ခံရတဲ့အချိန်ဟာ ကောလဟာလ အထွက်ဆုံးအချိန်ပါ ဒါကြောင့် ဒီအချက် အရမ်းဂရုစိုက်ပါ


တစ်ခါ အင်တာနက်မရတဲ့ ဒေသက ပြည်သူတွေကလည်း ဒေသတွင်းဖြစ်ပျက်မှုတွေကို ကျန်တဲ့ပြည်သူတွေဆီကို ပို့ပေးပါ ဒါမှသာလျှင် အဖြစ်အပျက် အဆိုးအကောင်း အားလုံးကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး သိရှိပြီး လှူနိုင် ကူနိုင် ကယ်နိုင်မှာ ဖြစ်ပါတယ်


အားလုံးဘေးကင်းပါစေ