ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီ


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်လာပြီး ဒီကနေ့ စက်တင်ဘာ ၁၄ရက် ၊နေပြည်တော်ကောင်စီဝင်းအတွင်း ဇဗ္ဗူသီရိမြို့နယ် က သီးသန့်အထူးတရားရုံး ကကြားနာစစ်ဆေးမှုကို တက်ရောက်တယ်လို့ရှေ့နေ့ အဖွဲ့က ပြောဆိုကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အပတ်စဉ် တနင်္လာ နဲ့ အင်္ဂါ နှစ်ရက်မှာ ကြားနာစစ်ဆေးမှုရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအတွက် မနေ့က စက်တင်ဘာ (၁၃)ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။

ဒီနေ့ စက်တင်ဘာ ၁၄ရက် အင်္ဂါနေ့မှာတော့ ပုံမှန်စစ်ဆေးနေကြ (၂)မှုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အရပ်သားတစ်ဦးက စွဲဆိုတဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ (၃) ဦးလုံးကို စြဲဆိုထားတဲ့ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ကို စစ်ဆေးခဲ့တာပါ။

ဒီနေ့ စစ်ဆေးတဲ့ အမြု (၂)ခုလုံးအတွက် နှစ်ဖက်စွဲချက်လျှောက်လဲချက်တင်တာတွေကို စစ်ဆေးခဲ့တယ်လို့ ရှေ့နေ့ အဖွဲ့ကပြောပါတယ်။

မနက် ၈နာရီခြဲမွာ အတိုင်ပင်ခံ၊ သမ္မတ၊ ဒေါက်တာမျိုးအောင်တို့နဲ့ ကျွန်တော်တို့ ရှေ့နေအဖွဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ကြည့်ရတာ ပြန်သက်သာလာပါတယ်။ သူကေတာ့ ခေါင်းမူးနေတုန်းပဲလို့ပြောပါတယ် လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့တော့ အမေကျန်းမာရေးကောင်းပါတယ်။ မနေ့ကတော့ ကားကြောင့် မူးတာလို့ပြောပါ တယ်။ သူကနဂိုကတည်းကလည်း ကားမူးတတ်တယ်လို့ပြောပါတယ်။သူအိမ်ပြန်ရောက်တော့ ဆရာဝန်နဲ့ကုသမူပေးတယ်။ နောက် တစ်အိမ်လုံးကိုလည်း ကိုဗစ်ထပ်စစ်ရတယ်ပြောပါတယ်။ ဒီနေ့တော့ကျန်းကျန်းမာမာပါပဲ။ ပြည်သူတွေကိုလည်းကျန်းမာရေးအတွက်စိတ်ပူတယ်ပြောတယ်။ ဂရုစိုက်ကြဖို့ပေါ့ ပြောပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဒေါ်မင်းမင်းစိုးက ပြောဆိုကြောင်း ဘီဘီစီသတင်းမှာ ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ္မ ၆ခုနဲ့တရားစွဲခဲ့တာပါ။ ဇွန်လ၉ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။

ဇူလိုင် ၁၂ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ္မ အမှုလေးခုနဲ့ထပ်မံစွဲဆိုထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁မှုအထိရှိနေပါတယ်။