မနေ့က အမေစုရဲ့ကျန်းမာရေးသတင်းကိုကြားသိလိုက်ရတာကြောင့် နေကောင်းကျန်းမာ


မနေ့က အမေစုရဲ့ကျန်းမာရေးသတင်းကိုကြားသိလိုက်ရတာကြောင့် နေကောင်းကျန်းမာ

အဆိုတော် R ဇာနည် ကတော့ နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေလှုပ်ရှားခဲ့တာဖြစ်လို့ အခုချိန်မှာသူ့ရဲ့လုံခြုံရေ းကို ဂရုစိုက်နေ ရတာပဲဖြစ်ပါတယ်။မိသားစုအတွက်လည်း အန္တရာယ်ကင်းအောင်လို့ အခုချိန်မှာ R ဇာနည်က အဝေးတစ်နေရာကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။R ဇာ နည်က မိသားစုနဲ့ခွဲခွါပြီး တိမ်းရှောင်နေရပေမယ့် ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး ပန်းတိုင်ဆီကို အတူတူလျှောက်လှမ်းနေတာဖြစ်ပါတယ်။ဒါ့အပြင် လွတ်မြောက်နယ်မြေရောက်ရှိနေကြတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေကလည်း


တတ်နိုင်တဲ့နေရာကနေကြိုးစားနေ ကြတာ ဖြစ်ပါ တယ် ။မနေ့ကဆိုရင် အမေစုရဲ့ရုံးချိန်းနေ့ဖြစ်ပြီး တရားရုံးသွားရင်း ခေါင်းမူးလို့ပြန်လှည့်လာခဲ့ရတဲ့သတင်းကို ပြည်သူတွေကြားသိခဲ့ရပါတယ်။ ဒါ့ကြောင့် အမေစု ရဲ့ကျန်းမာရေးအ တွက် ပြည်သူတွေကစိုးရိမ်ပူပန်နေကြပြီး အမြန်နေကောင်းကျန်းမာဖို့အတွက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။R ဇာနည်ကလည်း အမေစုကို လေးစားချစ်ခင်သူတစ်ယောက်ဖြစ်တာကြောင့် နေ့တိုင်းလိုလို နေကောင်းကျန်းမာဖို့ဆုတောင်းပေးနေ ကျဖြစ်ပါ တယ်။ပြည်သူတွေလည်း အခုချိန်မှာ

အခက်အခဲ၊အတားအဆီးတွေနဲ့ကြုံတွေ့နေရပေမယ့် အမေစုကိုလည်း စိတ်ပူ နေကြတာဖြစ်ပါ တယ်။R ဇာနည် လိုပဲ တချို့ပြည်သူတွေက အမေစုရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ဖို့ ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။