လက်နက်အားကိုးနဲ့ မမိုက်နဲ့ သွေးရှိရင် ကြိုးဝိုင်းပေါ်တက်ခဲ့ ဆိုပြီးစိန်ခေါ်လိုက်တဲ့


လက်နက်အားကိုးနဲ့ မမိုက်နဲ့ သွေးရှိရင် ကြိုးဝိုင်းပေါ်တက်ခဲ့ ဆိုပြီးစိန်ခေါ်လိုက်တဲ့

“လက်နက်အားကိုးနဲ့ မမိုက်နဲ့ သွေးရှိရင် ကြိုးဝိုင်းပေါ်တက်ခဲ့”ဆိုပြီး စိန်ခေါ်လိုက်တဲ့ ကယန်းပြည်ရဲ့ ကျားသစ်မယ် “ဘရော်နီကာ” (Vero Nika)….ပရိသတ်ကြီးရေ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ချန်ပီယံ တဦးဖြစ်သူ ကယန်းလူမျိုး၊ဖယ်ခုံ ဇာတိသူလေး အသက် (၂၀) ကျော်အရွယ် “ဘရော်နီကာ” တယောက် ယခုအချိန်တွင် တောတွင်းတနေရာမှ အမှန်တရားဘက်က ရပ်တည် တိုက်ပွဲ ဝင်နေတာကို တွေ့ရှိရပါတယ်နော်။ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာ့ ထိပ်တန်းအဆင့်သို့ ရောက်အောင်


ပြောင်းလဲလိုသူ ဘရော်နီကာ တယောက် ရဲ့စိတ်ဓါတ်က မြန်မာနိုင်ငံကိုလည်း တိုးတက်ပြောင်းလဲစေချင်တာကို တွေ့ရှိရမှာပါနော်။ ဘရော်နီကာ ကို “ကယန်းပြည်ရဲ့ကျားသစ်မယ်” လို့ တင်စားခေါ်ဝေါ်ကြသည်။ အောင်မြင်သော ပွဲများစွာအနက် ထိုင်းနိုင်ငံရဲ့ မွေ့ထိုင်းဖိုက်တာနှစ်ယောက်ကိုအလဲထိုးသတ်ပြီး မြန်မာ့ လက်ဝှေ့ချန်ပီယံခါးပတ်ကို ရရှိပိုင်ဆိုင်ထားသူတယောက်ပင်ဖြစ်သည်။ လက်ရှိအချိန်တွင်တောတွင်းတနေရာမှ အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတယောက်ဖြစ်တဲ့ “ဘရော်နီကာ” က “ကျွန်တော်ရဲ့ ဒေသကိုကျွန်တော်သိပ်လွမ်းမိတယ်။

အရင်လို လွတ်လပ်ပြီး ပျော်စရာကောင်းတဲ့အချိန်တွေ ပြန်လိုချင်တယ်။ စစ်အာဏာရှင် အမြန်ကျရှုံးပါစေ။” ဆိုပြီး ပြောကြားခဲ့ရင်း လက်နက်အားကိုးအကြမ်းဖက် စစ်ကောင်စီကို တန်ပြန်တိုက်ပွဲဝင်နေပြီ ဖြစ်ပါသည်။အချိန်ပေးပြီးတော့ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်သော နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျာ။