ယှဉ်ပြိုင်မှုကနေ ပဋိပက္ခမဖြစ်လာဖို့ ဘိုင်ဒင် နဲ့ ရှီကျင့်ဖျင်တို့ ၁နာရီခွဲကြာ ဖုန်းဆက်ဆွေးနွေး


ယှဉ်ပြိုင်မှုကနေ ပဋိပက္ခမဖြစ်လာဖို့ ဘိုင်ဒင် နဲ့ ရှီကျင့်ဖျင်တို့ ၁နာရီခွဲကြာ ဖုန်းဆက်ဆွေးနွေး


ယှဉ်ပြိုင်မှုကနေ ပဋိပက္ခမဖြစ်လာဖို့ ဘိုင်ဒင် နဲ့ ရှီကျင့်ဖျင်တို့ ၁နာရီခွဲကြာ ဖုန်းဆက်ဆွေးနွေး


ပဋိပက္ခတွေရှောင်လွှဲနိုင်ရေးအတွက်ဆိုကာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ မိနစ် ၉၀ ကြာ ဖုန်းဆက်ဆွေးနွေးခဲ့ကြတယ်လို့ ကန်အရာရှိတွေက ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံကြားယှဉ်ပြိုင်နေမှုကနေ ပဋိပက္ခဆီကို ဦးတည်မသွားစေဖို့အတွက် အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သိရပြီး ဘယ်လိုသဘောတူညီချက်တွေရယူနိုင်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။…



ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နဲ့ အမေရိကန်ကြားဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကိုရောက်နေခဲ့ပြီး ဇန်နဝါရီမှာ ဘိုင်ဒင်အာဏာရပြီးကတည်းက ဒုတိယမြောက်ဖုန်းဆက်သွယ်ပြောဆိုမှုလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်ဘက်က ထုတ်ပြန်ချက်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ အကျိုးစီးပွးများဆုံရာဒေသတွေနဲ့ တန်ဖိုးအမြင်တွေကွဲလွဲနေတဲ့ဒေသတွေနဲ့ပတ် သက်ပြီး ကျယ်ပြန့်တဲ့မဟာဗျူဟာမြောက်ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။…


စီးပွားရေးကိစ္စများ၊ ရာသီဥတုပြောင်းလဲခြင်း နဲ့ ကိုဗစ်ကပ်ရောဂါတွေအကြောင်းကို အဓိကထားဆွေးနွေးခဲ့ကြပြီး တရုတ်မီဒီယာတွေကတော့ ပွင့်ပွင့်လင်းလင်းနဲ့ နက်နက်ရှိုင်းရှိုင်းပြောဆိုခဲ့ကြကာ ရှီက တရုတ်နဲ့ပတ် သက်ပြီး အမေရိကန်ရဲ့မူဝါဒဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအတွက် ကြီးမားတဲ့အခက်အခဲတွေကို ဖြစ်စေခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။…


အပြန်အလှန်အဆက်အသွယ်တွေရှိဖို့နဲ့ ဆက်သွယ်ရေးတိုးမြှင့်စေဖို့အတွက်လည်း ကိုယ်စီတောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ တရုတ်နဲ့ အမေရိကန်တို့ကြား အပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေ၊ ပြင်းထန်တဲ့တိုက်ခိုက်ပြောဆိုမှုတွေရှိခဲ့ပြီး ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်အရေးတွေနဲ့လည်း ဆက်ဆံရေးဆိုးရွားခဲ့ကြပါတယ်။…


ဘိုင်ဒင်က အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပြီး အင်ဒို-ပစိဖိတ်ဒေသ၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ တည်ငြိမ်သာယာဝပြောရေးအတွက်လည်း ပြောဆိုခဲ့ပါတယ်။ ဒီအတွက် နှစ်နိုင်ငံကြားယှဉ်ပြိုင်နေမှုတွေကို ပဋိပက္ခအသွင်ဆောင်လာခြင်းမပြုစေဖို့အတွက် တစ်နာရီခွဲကြာဆွေးနွေးပြောဆိုခဲ့ကြောင်း Nikkei Asia က ဖော်ပြခဲ့ပါတယ်။…