ရော်နယ်ဒို ရောက်ရှိလာပြီးနောက် စာချုပ်သစ် ချုပ်ဆိုသွားတော့မယ်ဆိုတဲ့ ယူနိုက်တက်ကြယ်ပွင့်


ရော်နယ်ဒို ရောက်ရှိလာပြီးနောက် စာချုပ်သစ် ချုပ်ဆိုသွားတော့မယ်ဆိုတဲ့ ယူနိုက်တက်ကြယ်ပွင့်

ပေါ့ဘာ ကတော့ ရော်နယ်ဒို အသင်းကို ပြန်ရောက်လာပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းမှာ သက်တမ်းတိုးပြီးဆက်နေဖို့ ဦးတည်လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ပေါ့ဘာ နဲ့ မန်ချက်စတာယူနိုက်တက် တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပါတယ်။ ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။‌မန်ချက်စတာယူနိုက်တက် အသင်းဟာ ပေါ့ဘာ ကို စာချုပ်သက်တမ်းမတိုးနိုင်ရင် အလွတ်နဲ့ ‌ဆုံးရှုံးရမှာလည်းဖြစ်ပါတယ်။

ပေါ့ဘာ ကို အလွတ်နဲ့ ခေါ်ယူဖို့ ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ က စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ပေါ့ဘာ ဟာ လွန်ခဲ့တဲ့ အပတ်က အဖြစ်အပျက်တွေကြောင့် မန်ချက်စတာယူနိုက်တက် အသင်းက ထွက်ခွာမယ်ဆိုတဲ့ စိတ်ကူးကို ပြန်လည်စဉ်းစားနေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းရဲ့အဆိုအရ ရော်နယ်ဒို ယူနိုက်တက် ကို ပြန်လာတာဟာ ပေါ့ဘာ ကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။အခုအချိန်မှာ ပေါ့ဘာ ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ဟာ လက်တွေ့ကျတဲ့ ဖြစ်နိုင်ချေဆိုပြီး ယုံကြည်မှုရှိနေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ လာမယ့်နွေရာသီမှာ ပေါ့ဘာ အသင်းက ထွက်ခွာသွားနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဝက်စ်ဟမ်း ကစားသမား ဒီကလန်ရိုက်စ် ကို အစားထိုးဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ ပေါ့ဘာ ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအ‌တွက် ခြေစွမ်းပြနေတာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲကစားပြီချိန်မှာ ဂိုးဖန်တီးမှု(၇)ကြိမ်အထိ ပြုလုပ်ထားပြီးလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား ကတော့ ပေါ့ဘာ အသင်းမှာ ဆက်ရှိနိုင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုရာသီမှာ ရော်နယ်ဒို၊ ဆန်ချို၊ဗာရာနီ တို့လို ကစားသမားတွေကို အားဖြည့်နိုင်ခဲ့ပြီး ပေါ့ဘာ ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်နေတာပါ။ (၂၀၁၆) က ဂျုဗင်တပ်စ် အသင်းကနေ ပြန်လည်ရောက်ရှိလာတဲ့ ပေါ့ဘာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၀၃) ပွဲပါဝင်ကစားထားပြီး (၃၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ပေါ့ဘာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။