အမေရိကန်ရဲ့ နောက်ထပ်ထိုးနှက်မှု…စစ်ကောင်စီကို အရှိုက်ထိပြီ


အမေရိကန်ရဲ့ နောက်ထပ်ထိုးနှက်မှု…စစ်ကောင်စီကို အရှိုက်ထိပြီ


နိုင်ငံတွင်း ပြည်သူ့ကာကွယ်ရေး တပ်များ၏ တွန်းလှန် တိုက်ပွဲများ ပြင်းထန် လာနေသော်လည်း တရုတ်အစိုး ရသည် စစ်ကောင်စီ အသာရမည့် ဖက်မှ လောင်းကြေးထပ်လျှက် ရှိနေဆဲပင် ဖြစ်ပြီး


ယခုအခါ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဖြစ်သူ ဒီမိုကရက် ပါတီ အမတ် ဂရီဂိုရီ မိစ် မှ မြန်မာ ရေနံ၊ သဘာဝဓါတ်ငွေ့ နှင့် ကျောက်မျက် လုပ်ငန်းများကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူရန် ဥပဒေကြမ်း တခု တင်သွင်း တော့မည် ဖြစ်သည်။


ထို့အပြင် မြန်မာ ပြည်သူများအား ဒေါ်လာ မီလီယံ ပေါင်းများစွာ အကူအညီပေးရန် မီစ်၏ လက်ထောက်များက အစီအစဉ် များ ရေးဆွဲ တင်ပြရန် ပြင်ဆင်နေပြီ ဖြစ်သည်ဟု အမေရိကန်ရှိ ဩဇာတက္ကိမ ရှိသော Foreign Policy မဂ္ဂဇင်းတွင် ဖေါ်ပြထားသည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည် စစ်ကောင်စီ ကို တရားဝင် ကြေညာပြီးနောက် ထိုသို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။


ထို့အပြင် ရုရှား နှင့် တရုတ် အားလည်း အာဏာသိမ်း အဖွဲ့ကို ကုလ တွင် ထောက်ခံမှု ပေးနေခြင်း အပေါ် အမေရိကန် အစိုးရမှ ကုလ တွင် ၎င်းတို့အား တာဝန်ခံမှု ရှိစေရေး ကြပ်မတ် လုပ်ဆောင်သွားရေး မိစ် မှ ဆန္ဒရှိနေသည်။


အဆိုပါ ဥပဒေ ဖြင့် ဘိုင်ဒင် အစိုးရ အား ရှေ့လျှောက် ဆက်လက် လုပ်ဆောင်သွားရန် လက်နက်များ တပ်ဆင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ တဖက်တွင်လည်း မြန်မာ၏ စီးပွားရေး လုံးဝ ပြိုလဲသွားပါက အိမ်နီးချင်း တိုင်းပြည်များသို့ ဒုက္ခသည်များ ထွက်ပြေးလာမည်ကို အမေရိကန် အစိုးရပိုင်းက စိုးရိမ်မှုများ ရှိနေပြန်သည်။ ထို့အတွက် အခြေအနေကို မျှ ခြေ တခု ဖန်တီးပြီး လုပ်ဆောင်သွားမည်ဟု ဆိုသည်။


ကွန်ဂရက် အမတ်အများစု က ယခုထိ စစ်အာဏာသိမ်း အဖွဲ့အပေါ် ဘိုင်ဒင်အစိုးရ မှ လုံလောက်သည့် ဖိအားပေးမှူများ လုပ်ဆောင်ရန် ပျက်ကွက်နေမှု အပေါ် စိုးရိမ်မကင်း ပြောဆိုနေကြသည်။


ထိုသို့ ၎င်း၏ ကံကြမ္မာ အပေါ် ပြင်းထန်စွာ ရိုက်ခတ်လာမည့် အရေးကို သတိမူနိုင်သည့် ဉာဏ်ပညာ နည်းသူပြီပြီ ခေတ်မီ မီးရထားလမ်းများ နှင့် လျပ်စစ် ရထားများ ထုတ်လုပ်ရန် တောင်စဉ်ရေမရ ပြောဆိုနေဆဲပင် ဖြစ်သည်။


အမျိုးသား ညီညွတ်‌ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လာရှီလား မှ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်းတွင် သူ၏ လာရှိုးနေအိမ်အား အာဏာသိမ်း တပ်များက ဝင်‌ရောက်စီးနင်းလာခဲ့ကြသည်။ သမ္မတကြီး၏ ဇနီး ဖြစ်သူသည် လည်း အိမ်မှ တိမ်းရှောင်သွားပြီ ဖြစ်ပြီး အိမ်တွင် ရှိနေသည့် ဆွေမျိုး လေးယောက်၏ အခြေအနေကို မသိရ‌သေးဟု မြန်မာ နောင်းတွင် ဖေါ်ပြခဲ့သည်။


ဤသည်မှာ ပထမဆုံး အကြိမ် အာဏာသိမ်း အဖွဲ့က ၎င်းတို့ အလိုရှိနေသူများ၏ ဆွေမျိုးသားချင်းများအား အာဏာသိမ်းပြီး နောက် ဓါးစာခံ အဖြစ် ဖမ်းဆီး ထားရာ ယခုအခါ နှစ်နှစ်သား ကလေးငယ် အပါအဝင် စုစု ပေါင်း လူပေါင်း ၁၇၇ ဦး ရှိနေပြီ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့က စာရင်း ဇယားများ နှင့် တကွ ထုတ်ပြန်လိုက်သည်။


မကွေးတိုင်း အတွင်းရှိ မြင်သာ ကျေးရွာကို အာဏာသိမ်း တပ်များက လက်နက်ကြီးများ သုံး၍ ရွာကိုပစ်ခတ် တိုက်ခိုက် မီးရှို့မှုကြီး ကျူးလွန်ခဲ့ကြပြီး လူ အယောက် နှစ်ဆယ် ခန့် အား သတ်ဖြတ်ခဲ့ကြပြန်သည်။


ယခုလို ကုလသမဂ္ဂ တွင် ၎င်းတို့ အား အသိအမှတ် ပြုခံရရေးအတွက် အထွေထွေ ညီလာခံတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံမှ မဲခွဲ ဆုံးဖြတ်ရန် ကြိမ်းသေသလောက် ဖြစ်လာနေသော်လည်း နိုင်ငံသားများအား ဆက်လက်၍ အကြမ်း ဖက် သတ်ဖြတ်နေမှုများ ကျူးလွန်နေသည့်အတွက် အခွင့်အရေးမှာ တနေ့ထက် တနေ့ လျော့နည်း လာနေပြီ ဖြစ်သည်။ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အဖွဲ့ဝင် နိုင်ငံများ အကြား လော်ဘီ လုပ်ရန် အခွင့် အလမ်းများလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။


ကုလသမဂ္ဂ နေရာကို အနိုင်ရရှိသူသည် ပြည်ပတွင် ဘီလီယံ နှင့် ချီပြီး အပ်နှံထားသော နိုင်ငံခြားငွေများ သုံးစွဲခွင့် ရရေး လမ်းပွင့်သွားပြီ ဖြစ်သည်ဟု ဩစတေးလျှ ဆစ်ဒနီ အနောက်ပိုင်း တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ ကက်သရင်း ရန်းရှော က မှတ်ချက်ချခဲ့သည်။


ဇန်နဝါရီ လ အတွင်း နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့မှ မြန်မာ၏ ပြည်ပတွင် အပ်နှံထားသော နိုင်ငံခြား အရံ ငွေ သည် ဒေါ်လာ ၆.၇ ဘီလီယံ ရှိနေပြီး မည်သည့်နေရာတွင် အပ်နှံထားသည်ကိုတော့ ဖေါ်ပြခဲ့ခြင်း မရှိပေ။ သို့သော် အဆိုပါ ငွေ အများစု သည် စင်္ကာပူတွင် ရှိနေသည်ဟု RFA က မတ်လ အတွင်း သတင်းတွင် ဖေါ်ပြ လာသည်။


ကုလ သမဂ္ဂ အနေနှင့် စစ်အာဏာသိမ်း အဖွဲ့အား အတိုက်အခံများ နှင့် စေ့စပ်ဆွေးနွေးရန် ကိုသာ လိုလားလျှက် ရှိနေသည်။ တဖက်တွင်လည်း စစ်အာဏာသိမ်းမှုသည် ရှေ့ဆက်သွားဖို့ လုံးဝ အခွင့်အလမ်း မရှိတော့ကြောင်း ပြသသည့် အနေဖြင့် NUG ကိုယ်စားလှယ်အား တရားဝင် အသိအမှတ် ပြုခြင်းဖြင့် စစ်ကောင်စီကို အလျော့ပေး စေ့စပ်ဆွေးနွေးလာနိုင်မည့် တခုတည်းသော ဖိအားပေးနိုင်သည့် နည်းလမ်း အဖြစ် ယူဆနေကြသည်။ စစ်ကောင်စီ ဖက်ကလည်း ၎င်းတို့ အား အသိအမှတ် မပြုပါက နိုင်ငံတွင်းရှိ ကုလ ရုံးများကို ပိတ်ပစ်မည်ဟု သွယ်ဝိုက် ခြိမ်းခြောက်မှုများ ရှိလာနေသည်။


မင်းအောင်လှိုင် အဖွဲ့ ကို အကြံပေးနေသူ ရင်ရင်နွဲ့ ဆိုသည့် အမျိုးသမီးသည် ကုလ မှ အသိအမှတ် မပြုလည်း ဘာမှ မဖြစ်ကြောင်း၊ ကုလသာ ရုံးတွေ အပိတ်ခံရပြီး ဒုက္ခများဖွယ် ရှိကြောင်း ဖေ့စ်ဘုတ်တွင် ရေးသားလာ သည် ကို VOA တွင် ဖေါ်ပြထားသည်။ ရင်ရင်နွဲ့က bunker mentality ဖြင့် ထိုသို့ အောက်ကနေ ခွပ်နေသော်လည်း တဖက်တွင် ဦးကျော်မိုးထွန်း အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကြီးက FBI ကြောင့် ဘူးပေါ်သလို ပေါ်လာရပြီး နောက်ကွယ်တွင် မည်သို့ မည်ပုံ ပတ်သက်နေသည်ကို နိုင်ငံတကာက သိရှိသွားခဲ့ကြသည်။


ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ခရစ်စတင်း ဘာဂင်ဂါကမူ အသိအမှတ် ပြုရေး မပြုရေးသည် မိမိတို့ ဆုံးဖြတ်၍ မရဘဲ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ကသာ ဆုံးဖြတ်ခွင့် ရှိနေသည်ဟု ပြောဆိုခဲ့သည်။


အစိုးရ အဖွဲ့ တခု အဖြစ် အသိအမှတ် ပြုခံရ‌ရေးသည် စစ်ကောင်စီ အတွက် အရမ်း အရေးကြီးနေသော်လည်း ၎င်းတို့ အဖို့က အကြမ်းဖက် လူသတ် အဖွဲ့ အဖြစ် ကျင့်ကြံနေဆဲ ဖြစ်သည်။ ထိုအနေအထားကို မည်သို့မျှ အလျော့ပေးမည်တော့ မဟုတ်ပေ။ ၎င်းတို့ အသက်ရှင် ရပ်တည် နိုင်ရေး အတွက် ထိုနည်းမှအပ အခြားနည်း မရှိတော့သည့် အကြပ်အတည်း နှင့် ကြုံနေရပြီ ဖြစ်၍ အကြပ်ရိုက်လျှက် ရှိနေပေသည်။

ကေအင်ယူ တပ်မဟာ (၃) နှင့် (၅) ပူးပေါင်းအင်အား သည် ပဲခူးတိုင်း အတွင်း ကျောက်ကြီး မြို့နယ်ရှိ စစ်စခန်း တခုကို သိမ်းပိုက်ရယူ နိုင်ခဲ့သည်ဟု သတင်းများက ဆိုသည်။
တော်လှန်‌ရေးကြီး မုချအောင်ရမည်!!!