မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေး တချို့ကိုသာယူပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့အတွက် ဝန်ထမ်းအိမ်ရာကနေ ဖယ်ပေးလိုက်ကြတဲ့ မီးရထားဝန်ထမ်းများ…!

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးဖို့အတွက်

ဝန်ထမ်းတချို့ကပါ အလုပ်မှရပ်နားလိုက်ကြတာ ဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ အလုပ်ရပ်နားလိုက်ရင် မိသားစုရဲ့စားဝတ်နေရေး ခက်ခဲမယ်ဆိုတာကို သိကြပေမယ့်လည်း

ဝန်ထမ်းတချို့ကတော့ ပြည်သူတွေဘက်ကနေ ပါဝင်အားဖြည့်လိုက်တာ ဖြစ်ပါတယ်။

ပြည်သူလူထုကလည်း အလုပ်ရပ်နားထားကြတဲ့ ဝန်ထမ်းတွေကို တတ်နိုင်သလောက် ကူညီပေးကြပြီး

နေစရာ၊စားစရာတွေပါ စီစဉ်ပေးကြတာ ဖြစ်ပါတယ်။

(၁၉.၃.၂၀၂၁)ရက်နေ့က ဆိုရင်လည်း မန္တလေးမီးရထားဝန်းမှ အလုပ်ရပ်နားထားကြတဲ့

ဝန်ထမ်းတွေက ဝန်ထမ်းအိမ်ရာတွေကို ဖယ်ပေးလိုက်ကြတာဖြစ်ပါတယ်။

မီးရထား ဝန်ထမ်းတွေကတော့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေး တချို့ကိုသာ သယ်ပြီး

နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ နေရာလေးကို စွန့်ခွါခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်သူတွေကလည်း အချင်းချင်းအလှူခံကြပြီး အရမ်းခက်ခဲနေကြတဲ့ ဝန်ထမ်းတချို့ကို ငွေကြေးထောက်ပံ့ပေးကြတာဖြစ်ပါတယ်။

ပြည်သူတွေကသာ အပြန်အလှန်ကာကွယ် စောင့်ရှောက်ကြပြီး ဒုက္ခအခက်အခဲတွေကို မျှဝေခံစားပေးနေတာဖြစ်ပါတယ်။

မီးရထား ဝန်ထမ်းတွေကလည်း ဘာမဆိုစွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်နဲ့

အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုက်တာဖြစ်လို့ လေးစားဖို့ကောင်းပါတယ်။

မန္တလေးမီးရထားဝန်း ဝန်ထမ်းအိမ်ရာမှာ ဖယ်ပေးလာကြတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူလူထုက

ကူညီဖေးမပေးကြဖို့အတွက် တတ်နိုင်သလောက် စီစဉ်နေကြတာဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး မိသားစုလိုက် ပြောင်းရွှေ့နေကြတဲ့ မီးရထားဝန်ထမ်းတွေရဲ့

ပုံရိပ်လေးက ပြည်သူလူထုရဲ့ ရင်ထဲကိုထိမှန်စေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder