သူမရဲ့ အသက် (၂၈) နှစ်မှာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့လို့


သူမရဲ့ အသက် (၂၈) နှစ်မှာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့လို့


ပရိသတ်တွေ အပေါ်မှာ ဖော်ဖော်ရွေရွေနဲ့ တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူကတော့ မင်းသမီးချောလေး ဘေဘီမောင်ပါပဲ ။ အလှူအတန်းတွေလည်း အမြဲမပြတ် ပြုလုပ်ကာ အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ဒီနေ့မှာလည်း သူမရဲ့ အသက် (၂၈) နှစ်မှာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှု တစ်ခုကို ပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ အကြောင်းလေးဝေမျှလာပါတယ် ။ ဒါကတော့ ပဲခူးမြို့ သီရိဇေယျာကျောင်းတိုက်မှာသီတင်းသုံးနေထိုင်တဲ့ဆရာတော်



ဦးနန္နိယအား တန်ဖိုးကြီးမားတဲ့ Mark-x ကားတစ်စီးကို လှူဒါန်းခဲ့ တဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။အလှူရေစက်ချနေတဲ့ ပုံရိပ်တွေနဲ့ အတူ ” 2019.6လပိုင်းက ပဲခူးမြို့ သီရိဇေယျာကျောင်းတိုက်မှာသီတင်းသုံးနေထိုင်တဲ့ဆရာတော် ဦးနန္နိယအား မော်တော်ယဉ် Mark-xကားလေး ရေစက်ချ လှူဒါန်းကုသိုလ်လေးပါ အသက်၂၈မှာလှူဒါန်းကုသိုလ်ပြုခဲ့တဲ့ကြီးမားတဲ့ကုသိုလ်လေးတစ်ခုပေါ့ရှင့် ဒီထက်ပိုပြီးလှူနိုင်တန်းနိုင်အောင်ပိုပြီးအလုပ်တွေကြိုးစားပီးလုပ်ကိုင်နေပါတယ် ဘေဘီကိုချစ်တဲ့အသဲတို့လည်း သာဓုခေါ်ကုသိုလ်လေးယူပေးပါနော် ”

ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ဘေဘီရဲ့ အလှူလေးကို သာဓု ခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။