ဂန့်ဂေါမှာ ကျဆုံးခဲ့တဲ့ ၁၇ နှစ်အရွယ် သားလေးအစား PDF ထဲဝင်ပြီးတိုက်တော့မယ့် ဖခင်ရဲ့ ရင်ဖွင့်သံ


ဂန့်ဂေါမှာ ကျဆုံးခဲ့တဲ့ ၁၇ နှစ်အရွယ် သားလေးအစား PDF ထဲဝင်ပြီးတိုက်တော့မယ့် ဖခင်ရဲ့ ရင်ဖွင့်သံ


မနေ့က ဂန့်ဂေါမှာ ကျဆုံးခဲ့တဲ့ ၁၇ နှစ်သားလေးရဲ့အဖေက ကျွန်တော့်သားလေးအစား PDF ထဲဝင်ပြီးတိုက်မှာဗျ လို့ဆို

မြင်သားရွာက ကျဆုံးသွားတဲ့ မောင်နိုင်လင်းထွန်းရဲ့ မိသားစုဝင်များနဲ့ ဆက်သွယ်မေးမြန်းချက်


ဂန့်‌‌ဂေါ-ကလေး လမ်းဘေးမှာရှိတဲ့ မြင်သားရွာမှာ စက်တင်ဘာ ၉ ရက် မနက် ၁၀ နာရီ အချိန်က စစ်ကောင်စီတပ်တွေက

ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၆နှစ်၊ ၁၇ နှစ်အရွယ် လူငယ်များ လက်နက်ကြီးထိမှန်ကျဆုံးသွားပါတယ်။


ကျဆုံးသွားတဲ့အသက် ၁၇ နှစ်အရွယ် မောင်နိုင်မျိုးထွန်းရဲ့ မိသားစုဝင် တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။


” သူတို့က ရောဂါကပ်ဘေးဖြစ်နေချိန်မှာ ရပ်ရွာလုံခြုံရေးအတွက် ကင်းစောင့်ဖို့ တံတားပေါ်ကိုသွားကြတာပါ၊ အဲဒါကို စစ်တပ်က လက်နက်ကြီးနဲ့ထုတာ”


မေး။ ။ မောင်နိုင်မျိုးထွန်းတို့က ဘယ်လိုဖြစ်ကြတာလဲ။


ဖြေ။ ။ မောင်နိုင်မျိုးထွန်းက အသက် ၁၇ နှစ်ပဲရှိသေးတယ်။ စစ်ကောင်စီက ရွာထဲဝင်လာပြီး အိမ်တွေကိုမီးရှို့ တယ်။


ပြီးတော့ သူတို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ အားလုံးပေါင်း လူ ၂၀ လောက်သေသွားတယ်၊ အများစုက အသက် ၁၆၊ ၁၇ တွေချည်းပဲ။


မေး။ သူတို့ကို ဘယ်သူက ပစ်လိုက်တာလဲ။


ဖြေ။ စစ်တပ်က ပစ်လိုက်တာ၊ ကျွန်တော့သားတွေက ရွာရဲ့ လုံခြုံရေးပါဗျာ။ အဲဒီလိုအနေအထားကနေ သွားတာဗျ။


သူတို့ဘက်က အကြမ်းဖက်သွားတာပါ။ လက်နက်ကြီးနဲ့ ဝင်ပြီး ပစ်သွားတာပါ။


ပစ်လိုက်တော့ ကျွန်တော့သားအပါအဝင်အကုန်လုံးသေသွားတာပါ။ ၁၇ နှစ်အောက်တွေချည်းပဲ။


၁၇နှစ်အောက်က ၁၃ ယောက်၊ လူကြီးက ၃ ယောက်ပါတယ်။ သူတို့က အတင်းဝင်ပစ်သွားတာပါ။


မေး။ ။ ပစ်တဲ့လူက ဘာအဝတ်တွေဝတ်ထားလဲ


ဖြေ။ ။ ယူနီဖောင်းတွေဝတ်ထားတာပါ၊ သူတို့က စစ်သားတွေပါဗျာ။


မေး။ ။ ရွာမှာ ဘယ်လိုအခြေအနေတွေဖြစ်နေလို့ လုံခြုံရေးယူရတာလည်း


ဖြေ။ ။ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူးလေ၊ ရောဂါတွေကလည်းဖြစ်နေတော့ ကျွန်တော်တို့ ရွာထိပ်မှာ တံတား တစ်စင်းရှိနေတယ်။


အဲဒီတံတားမှာ ကင်းစောင့်ကြတာပေါ့ဗျာ။ ကျွန်တော်တို့က ကျန်းမာရေး အသိနဲ့ သွားစောင့်ကြရတာပါ။ သူတို့ကို ခုခံဖို့မဟုတ်ပါဘူး။


မေး။ ။ စစ်တပ်က ဘယ်အချိန်ကဝင်လာတာလဲ


ဖြေ။ ။ စစ်တပ်က မနေ့က မနက် ၉ နာရီလောက်က ဝင်ဘာတာပါ။ ၁၀ နာရီလောက်မှာ ကလေးတွေ အပစ်ခံရတယ်။


မေး။ ။ ကျဆုံးတဲ့ လူ ၂၀ လုံးက တစ်နေရာထဲမှာပဲ ပစ်ခံရတာလား။


ဖြေ။ ။ ဟုတ်တယ် တစ်နေရာထဲမှာ အပစ်ခံရတာ၊ လက်နက်ကြီးနဲ့ လှမ်းထုတာ။


သူတို့ကို ခုခံဖို့မဟုတ်ဘူး၊ ရောဂါတွေဖြစ်နေတဲ့ အချိန်မှာ ရပ်ရွာလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်တာပါ။


မေး။ ။ ဘာလို့ လက်နက်ကြီးနဲ့ လှမ်းထုတယ်ထင်လဲ။


ဖြေ။ ။ သူတို့က ကင်းစောင့်တဲ့အခါမှာ ထုံးစံအတိုင်း တူမီးသေနတ်တွေကိုတော့ ကိုင်ဆောင်ပါတယ်။ ဆောင်ထားတဲ့ သဘောပါပဲ။


မေး။ ။ အခုလို ပစ်ခတ်ခံရသူတွေထဲမှာ အရပ်သား ဘယ်နှစ်ယောက်ပါလဲ


ဖြေ။ ။ သေနတ်လုံးဝကိုင်မထားသူက ၅ ယောက်ပါပါတယ်။


မေး။ ။ သူတို့က ထိမှန်ပြီးပြီးချင်းဆုံးတာလား၊ ဆေးရုံတွေ ဘာတွေရောက်သေးလား


ဖြေ။ ။ ထိမှန်တဲ့ နေရာမှာပဲ ချက်ချင်းသေကြပါတယ်။ ဆေးရုံတောင်မရောက်လောက်ပါဘူး။


၅ ယောက်ကတော့ သူတို့က ရမ်းပစ်လိုက်တာပါ၊ အသက်က ၅၀ ကျော် ၆၀ တွေပဲ။


မေး။ ။ သေသွားတဲ့ အထဲမှာ အသက်အငယ်ဆုံးက ဘယ်လောက်လဲ၊ ဘယ်သူလဲရှင့်


ဖြေ။ ။ အသက်အငယ်ဆုံးက ၁၆ နှစ်ပါ။ ပူစူးလို့ခေါ်ပါတယ်။


မေး။ ။ ဘာတွေများဖြည့်စွက်ပြောချင်လဲရှင့်


ဖြေ။ ။ ကျွန်တော်ကတော့ ကျွန်တော့်သားလေးအစားအတွက် PDF အဖွဲ့ဝင်ပြီးတော့ တိုက်မှာဗျ။


လွတ်လပ်ရေးမရမချင်းတိုက်မှာ။ ကျွန်တော့ဘဝ စစ်ဆိုတဲ့ အသံကို မကြားချင်ဘူးဗျ၊ စစ်ဆိုရင်အတော်မုန်းတာ။


မေး။ ။ သူတို့ဖြစ်ပျက်ခဲ့တာကို မြင်လိုက်တဲ့ မျက်မြင်သက်သေနဲ့ အင်တာဗျူးချင်ပါတယ်။


ဖြေ။ ။ သူတို့အဖွဲ့တွေအကုန်သေကုန်ပါ။ ရပ်ရွာထဲက အကုန်ထွက်ကြပါတယ်။


ကျွန်တော်တို့လည်း ထွက်ပါ တယ်။ ကျွန်တော့သားအလောင်းကိုသွားကောက်တာ ကောက်လို့မရဘူး၊


အလောင်းတစ်လောင်းကောက်ရင် တစ်ရွာလုံးမီးရှို့မယ်ဆိုပြီးခြိမ်း‌ြခောက်တယ်၊ ရွာထဲမှာလည်း အိမ် ၁၅ လုံးကိုမီးရှို့ပြီးပြီ။


အလောင်း တစ်လောင်း ကောက်တာနဲ့ တစ်ရွာလုံးမီးရှို့မယ်ဆိုတော့ သေတဲ့ သူတွေက သေပြီးသွားပြီ တစ်ရွာလုံး တော့ မီးရှို့မခံဘူးဆိုပြီး ပြန်လာရတယ်။


အလောင်းကိုတော့ ဒီနေ့ ညနေ ၄ နာရီမှာ ပြန်ရတယ်။ အလောင်းကိုတော့ ဘာမှ လုပ်မသွားဘူး။ အခုလည်း နှမ်းခါးမှာ မီးတွေရှို့နေပါတယ်။


အခုလိုဖြေပေးလို့ ကျေးဇူးတင်ပါတယ်။