C.D.F (Mindat) တပ်သားတစ်ဦး၏တောင်းဆိုချက်များပါဝင်သည့်ေသတမ်းစာ


C.D.F (Mindat) တပ်သားတစ်ဦး၏တောင်းဆိုချက်များပါဝင်သည့်ေသတမ်းစာ


ကျ​နော်သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက်အာဏာရှင်ကိုတွန်းလှန်တော်လှန်ရင်း ကျဆုံးခဲ့သည်ရှိသော် အောက်ပါအချက်အလက်များအား မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့်ကျ​နော်၏ချစ်သောရဲဘော်များအား သိရှိစေရန် ဤစာကိုရေး၍ထားခဲ့၏။


(၁) ကျွန်ုပ်၏ အသုဘပွဲအား သက်သတ်လွတ်ဖြင့်ပြီးပါစေ။
ကျ​နော်၏အသုဘတွင်မည်သည့်သက်ရှိသတ္တဝါကိုမျှသတ်ဖြတ်ခြင်း (အသုဘပွဲ) မပြုရ။ပြည်သူလူထုအားညှင်းပန်းနှိပ်စက်သော အာဏာရှင်မှလွဲ၍ မည်သည့်သက်ရှိကိုမျှ နာကျင်သေကျေခြင်းငှာ အလိုမရှိ။


(၂)ကျွန်ုပ်အား သဂြိင်္ုလ်ချိိန်တွင်သေနတ်ပစ်ဖောက်ခြင်း မပြုရ။ကျည်ဆံဟူသမျှကိုရန်သူ့ဘက်သို့သာကျရောက်ပါစေ။ကျ​နော့်ကြောင့်ပစ်ဖောက်မည့်ကျည်ဆံအား ပြည်သူလူထုကိုကာကွယ်ရန်နှင့်အာဏာရှင်လူတစ်စု အတွက်သာအသုံးပြုပါ။


(၃)ကျွန်ုပ်အသုဘပွဲ၌ ငိုကြွေးခြင်းမပြုရ။
ကျ​နော်ကျဆုံးခြင်းသည် မွန်မြတ်သော ကျဆုံးခြင်းဖြစ်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းမပြုရ။ ကျ​ေနာ့်အသုဘ၌ ဘုရားဂုဏ်တော်ချီးမွမ်းခြင်းနှင့် နောက်နေ့အတွက်ဟာဗျူဟာများကိုဆွေးနွေးတိုင်ပင်ခြင်းကိုသာပြုလုပ်ရန်။


(၄)ကျွန်ုပ်ကျဆုံးမှုအပေါ် မည်သူ၌မျှအပြစ်မရှိ။ဤတော်လှန်ရေးတွင်ပါဝင်ခြင်းသည် ကျ​နော်ဆန္ဒအ​လျောက်သာ ဖြစ်သောကြောင့်မည်သူ့အပေါ်တွင်မျှအပြစ်တင်ရန် မလိုအပ်ပေ။ ထို့ကြောင့် မိဘဆွေမျိုးများမှ အပြစ်တင်ရန်ပြုမှုများရှိလာပါက ပြန်လည်တုန့်ပြန်နိုင်သည်။


(၅)အဆုံးအထိတိုက်ပွဲဝင်ပေးရန်။
စိတ်ပျက်အားလျော့ခြင်းမပြုဘဲ ရည်မှန်းချက်ပြည့်ဝသည်အထိ ဇွဲမလျှော့စတမ်း တိုက်ခိုက်ပေးရန်နှင့်ဖက်ဒရယ်ဒီမိုကရေစီပြည့်ဝသောနိုင်ငံအား ထူထောင်ပေးရန်…တို့ဖြစ်ပါသည်။

ဆလိုင်း ခိုပါလိန်း
မြို့ပေါ်တပ်ရင်း
ချင်းကာကွယ်​ရေးတပ်ဖွဲ့ (မင်းတပ်) C.D.F-Mindat