ဝေပေးတဲ့ မုန့်တွေရလို့ ပျော်ရွှင်နေကြတဲ့ တိုင်းရင်းသား ကလေးငယ်လေးတွေကို ကြည့်ပြီး ကြည်နူး ပီတိဖြစ်နေတဲ့ ကိုပေါက်


ဝေပေးတဲ့ မုန့်တွေရလို့ ပျော်ရွှင်နေကြတဲ့ တိုင်းရင်းသား ကလေးငယ်လေးတွေကို ကြည့်ပြီး ကြည်နူး ပီတိဖြစ်နေတဲ့ ကိုပေါက်


ဒါရိုက်တာကိုပေါက်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။





ကိုပေါက်က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း တစ်ထောင့်တစ်နေရာကနေ အားကြိုးမာန်တက်ပါဝင်ကာ လူထုလှုပ်ရှားမှုတွေမျိုးစုံကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ ကိုပေါက်က ဖမ်းဝရမ်း ထုတ်ခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ် ။


အခုလည်း သူရောက်ရှိနေတဲ့ မြန်မာပြည် အစွန်း အဖျား တစ်နေရာက တိုင်းရင်းသား ကလေးငယ်လေးတွေကို မုန့်ပဲ သရေစာများ ဝေမျှပေးခဲ့ပါတယ် ။ မုန့်တွေရလို့ ပျော်ရွှင်နေကြတဲ့ ကလေးတွေကို ကြည့်ပြီး ကြည်နူး ပီတိဖြစ်နေတဲ့ ကိုပေါက်ရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။