စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုံ့ကြောင်း ကန်အောက်လွှတ်တော် တခဲနက် ဆုံးဖြတ်အတည်ပြု…!


စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုံ့ကြောင်း ကန်အောက်လွှတ်တော် တခဲနက် ဆုံးဖြတ်အတည်ပြု…!

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုံ့ချသည့် ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၉၈ ဖြင့်


တခဲနက်အတည်ပြုခဲ့ကြပြီး အရပ်သားအစိုးရအဖွဲ့ဝင်အားလုံးကို အာဏာပြန်လွှဲပေးရန် တောင်းဆိုထားသည်


မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုံ့ချသည့်ဆုံးဖြတ်ချက်တစ်ရပ်ကို


အမေရိကန်အောက်လွှတ်တော်၌ မတ် ၁၉ ရက်တွင် တခဲနက်အတည်ပြုခဲ့သည်။


ယင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၉၈ ၊ ကန့်ကွက်မဲ ၁၄ ဖြင့် တခဲနက် အတည်ပြုခဲ့ခြင်းဖြစ်ပြီး စစ်တပ်က


အရပ်ဘက် ခေါင်းဆောင်များ ထိန်းသိမ်းထားခြင်းကို ပြန်လွှတ်ပေးရန်၊ လွှတ်တော်စတင်ခြင်းဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်များက


၎င်းတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် အချက်များကို ဆုံးဖြတ်ချက်၌ ထည့်သွင်းထားသည်။


အောက်လွှတ်တော်အမတ်များသည် သမိုင်းတစ်လျှောက် မဲပေးခွင့်ဆုံးရှုံးခဲ့သူများ၊ အကြိမ်ကြိမ် လူ့အခွင့်အရေး ချိုးဖောက်ခံသည့်


လူနည်းစုတိုင်းရင်းသား အပါအဝင် မြန်မာပြည်သူများ၏ ရည်မှန်းချက်များဖြစ်သော ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊


စစ်မှန်သည့်ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဖြစ်ထွန်းမှုတို့အတွက် မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည်ဟု ဆုံးဖြတ်ချက်၌ ဖော်ပြသည်။


အရပ်သားပြည်သူများအပေါ် မည်သည့်တိုက်ခိုက်မှုကိုမဆို ကန့်ကွက်ရှုတ်ချပြီး ပဋိပက္ခအတွင်း ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက်


သံတမန် နည်းလမ်းနှင့် တိုးတက်မှုရှိရေးနည်းလမ်းများ အသုံးပြုခြင်းကို အောက်လွှတ်တော်အမတ်များက ထောက်ခံသည်။


ထို့အပြင် အရပ်သားအစိုးရအဖွဲ့ဝင် အားလုံးကို အာဏာပြန်လွှဲပေးရန်၊ လွတ်လပ်စွာသွားလာခွင့်၊ ရေးသားခွင့်၊ စုဝေးဆန္ဒပြခွင့်အပါအဝင်


လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခွင့်ပြုရန်၊ လွတ်လပ်သော ပြည်တွင်း၊ နိုင်ငံသား၊ နိုင်ငံတကာ


သတင်းမီဒီယာများကို ခွင့်ပြုရန် စသည့်အချက်များကိုလည်း ဆုံးဖြတ်ချက်၌ ထည့်သွင်းတောင်းဆိုထားသည်။


မတ် ၁၈ ရက်တွင်လည်း အမေရိကန်အောက်လွှတ်တော်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အရေးယူမှု


နောက်ထပ်ဥပဒေကြမ်းတစ်ခုကို အသံဖြင့် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။


Credit-မူရင်း