ဝေဖန်ခံနေရပေမယ့် ပြည်သူတွေအတွက် အရေးကြီးတဲ့အချက်ကိုအကြံပေးလိုက်တဲ့


ဝေဖန်ခံနေရပေမယ့် ပြည်သူတွေအတွက် အရေးကြီးတဲ့အချက်ကိုအကြံပေးလိုက်တဲ့

ဝေဖန်ခံနေရပေမယ့် ပြည်သူတွေအတွက် အရေးကြီးတဲ့အချက်ကို အကြံပေးလိုက်တဲ့ နေတိုး ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင် မင်းသားတစ်လက်ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် နေတိုးဟာဆိုရင် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားတစ်လက်ဖြစ်တာကြောင့်အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

ခဲ့တာပဲဖြစ်ပါတယ်။လတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း မတရားမှုကိုတော်လှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီးပြည် သူတွေနဲ့အတူဆန္ဒဖော်ထုတ်ခဲ့ကြတဲ့အနုပညာရှင်တွေထဲမှာ နေတိုးဟာဆိုရင်တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်..။မင်းသားချောနေတိုးက ပြည်သူ လူထုနဲ့အတူ တစ်သား တည်း ရပ် တည်ပေးခဲ့ပေမယ့်လည်း လူတစ်ချို့ရဲ့ဝေဖန်မှုတွေကိုလည်းခံနေရပါသေးတယ် ပရိတ်သတ်ကြီးရေ လက်ရှိမှာဆိုရင်မှာဆိုရင်လည်း နေတိုးရဲ့ Blue Mark


ရရှိထားတဲ့ဖေ့စ်ဘုတ်အကောင့်ကပျက်သွားတာကြောင့် Page အသစ်တစ်ခုဖွင့်ပြီး အသုံးပြုနေတာပဲ ဖြစ်ပါတယ်။အကယ်ဒမီ နေတိုးကဝေဖန်မှုတွေကိုခံနေရပေမယ့်လည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြီး ပြည်သူ လူထုတွေကို အားပေး စကား ပြောခဲ့တာကိုလည်းတွေ့မြင့်ခဲ့ရပါသေးတယ် ဒီကနေ့မှာဆိုရင်လည်းနေတိုးက ပရိတ်သတ်ကြီးကို အကြံ ပေးစကားတစ်ခုပြောလာ ခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒါကတော့ “ ခွဲခြားနေသမျှ

ကွဲပြားနေဦးမှာပါပဲ မကွဲပြားချင်ရင်မခွဲခြားဖို့က အရေးကြီးတယ်ပေါ့ အားလုံးသွားရမယ့်လမ်း အတူတူပါပဲ NT… ” ဟုဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသား လာခဲ့တာ ပဲဖြစ်ပါတယ်။နေတိုးခုလိုရေးသားခဲ့တဲ့အပေါ်ပရိတ်သတ်တွေရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအုံးနော်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။