“ဒူးထောက်တောင်းပန်နေတာကို ပစ်လိုက်တာပါ” ဒေါ်မာလာဝင်း ပစ်သတ်ခံရသည့်အပေါ် ရက်ကွက်နေပြည်သူ တစ်ဦးပြောကြားချက်…..!


“ဒူးထောက်တောင်းပန်နေတာကို ပစ်လိုက်တာပါ” ဒေါ်မာလာဝင်း ပစ်သတ်ခံရသည့်အပေါ် ရက်ကွက်နေပြည်သူ တစ်ဦးပြောကြားချက်…..!

“ဒူးထောက်တောင်းပန်နေတာကို ပစ်လိုက်တာပါ”


သားသမီး ၃ ဦး၏မိခင် ဒေါ်မာလာဝင်းပစ်သတ်ခံရမှုအပေါ် ရက်ကွက်နေပြည်သူ တစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်


By သာလွန်ဇောင်းထက်/ ရန်ကုန်ခေတ်သစ်


မကွေးတိုင်း၊ ပခုက္ကူမြို့အမှတ်(၁)ရပ်ကွက်တွင် မတ်လ ၁၉ ရက်နေ့ ညပိုင်းက ကလေး ၃ ဦး၏


မိခင်ဖြစ်သူ ဒေါ်မာလာဝင်းကို စစ်ကောင်စီတပ်များက ပစ်ခတ်ဖမ်းဆီးသွားပြီး


မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အလောင်းလာယူရန် အကြောင်းကြားလာကြောင်း ဒေါ်မာလာဝင်းအတွက်


လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရှိရသည်။




သေဆုံးသူ ဒေါ်မာလာဝင်း (ခ) မမျိုးလွင်သည် အသက် ၃၉ နှစ် ရှိပြီဖြစ်ပြီး အဖ ဦးတင်လှိုင်+ဒေါ်တင်လှတို့၏ သမီးဖြစ်သည်။




ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူဦးမြင့်ဆွေ(ခ)ကိုရင်၊ သမီးဖြစ်သူ မနန်းခင်ဝင်း ၁၇ နှစ်၊


မခင်လေးနွယ် ၁၅ နှစ်နှင့် သားဖြစ်သူ‌မောင်ရာဇာကို ၉ နှစ်တို့ကျန်ရစ်သည်။


ရပ်ကွက်နေပြည်သူတစ်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနမှ သာလွန်ဇောင်းထက်က ဆက်သွယ်မေးမြန်းထားပါသည်။




မေး။ ။ ဒေါ်မာလာဝင်း ဘယ်လို ပစ်သတ်ခံရတာလဲ။


ဖြေ။ ။ မနေ့ညက ပခုက္ကူမြို့ ၉ ရက်ကွက်မှာ ညသပိတ်လုပ်တယ်။


အဲဒါကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းတော့ ၉ ရပ်ကွက်က ပြည်သူတွေ အဖိမခံရအောင် ၁ ရပ်ကွက်က ပြည်သူတွေ ညသပိတ် လုပ်ကြတယ်။


အဲဒါ စစ်တပ်နဲ့ရဲက ည ၁၀ နာရီလောက်မှာ ၉ ရပ်ကွက်ကို ဖိနေရာကနေ ၁ ရပ်ကွက်ကို လှည့်လာတယ်။


အားလုံးက ထွက်ပြေးကြတယ်။ လမ်းပေါ်မှာ ကျန်တဲ့သူ အားလုံးကို စစ်တပ်က ပစ်တယ်။


အဲဒီမှာ ဒေါ်မလာဝင်းက အမျိုးသမီးဖြစ်တော့ မပြေးနိုင်ဘူး။ သူ့ကို မိသွားတယ်။


မိသွားတော့ သူက ဒူးထောက် ထိုင်ချလိုက်ပြီး သူ့ကို ဘာမှမလုပ်ဖို့ တောင်းပန်တယ်။


ဒူးထောက်တောင်းပန်ပေမယ့် သေနတ်သံတစ်ချက်ထွက်လာတယ်။


သူ့အမျိုးသား ကိုမြင့်ဆွေကလည်း သူ့မိန်းမကို ပစ်နေပါပြီဆိုပြီး အော်တယ်။


မေး။ ။ ဘယ်ကိုပစ်လိုက်တာလဲ။


ဖြေ။ ။ မသိဘူး။ အမှောင်ထဲမှာ ဆိုတော့။ ဒူးထောက်တောင်းပန်ပေမယ့် ပစ်လိုက်တယ်။


သူနဲ့အတူ ရွာသားရွာသူ ၆ ဦးကနေ ၈ ဦးလောက်အထိ အဖမ်းခံရတယ်။


မနက်ကျတော့ အလောင်းလာထုတ်ဖို့ပြောလာတယ်။


မေး။ ။ ဘာဖြည့်ပြောချင်လဲ။


ဖြေ။ ။ အာဇာနည် ဒေါ်မာလာဝင်းမှာ သားသမီး ၃ ဦးကျန်ရစ်ပါတယ်။ နွမ်းပါးပါတယ်။ အားလုံးကူညီစေချင်ပါတယ်။