အဝတ်အထည်တွေကို သွေးချင်းညီနောင်တွေအတွက် အလကားပေးနေချိန် အလ.ုအယ.က်ယူနေကြတာကိုကြည့်ပြီးပျော်ရွှင်ကြည်နူးနေတဲ့ ကိုပေါက်


အဝတ်အထည်တွေကို သွေးချင်းညီနောင်တွေအတွက် အလကားပေးနေချိန် အလ.ုအယ.က်ယူနေကြတာကိုကြည့်ပြီးပျော်ရွှင်ကြည်နူးနေတဲ့ ကိုပေါက်

သရုပ်ဆောင်၊ဒါရိုက်တာကိုပေါက်ကတော့ ယခုချိန်မှာဆိုရင် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်နေတာပဲ ဖြစ်ပါတယ်။ ကိုပေါက်ကလည်း အခုကြုံတွေ့နေရတဲ့ တော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေ


တာဖြစ်လို့ ရဲဘော်တွေနဲ့လည်း ညီအစ်ကိုလိုမျိုး ပေါင်းသင်းဆက်ဆံတာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာတော့ ကိုပေါက်က အတူတူရောက်ရှိနေကြတဲ့သူတွေအတွက် ကိုယ်တိုင်ချက်ပြုတ်ပြီး အစားအသောက်ပိုင်းကို တာဝန်ယူထားတာ ဖြစ်ပါတယ်။


ကိုပေါက်ကလည်း မိသားစုနဲ့ခွဲခွါနေရပေမယ့် သူ့ကိုချစ်တဲ့သူတွေကို စိတ်မပူကြဖို့မှာကြားပြီး ပြည်သူတွေကို ပြန်လည်စိတ်ပူနေတာ ဖြစ်ပါတယ်။ ကိုပေါက်ရောက်ရှိနေတဲ့နေရာက မြန်မာပြည် အစွန်အဖျားတစ်နေရာဖြစ်ပြီး ရိုးသားဖော်ရွေတဲ့


တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကြောင့် နွေးထွေးပျော်ရွှင်စွာ နေထိုင်ရပါတယ်။ မနေ့ကဆိုရင်လည်း ကိုပေါက်တို့အဖွဲ့က သွေးချင်းညီအစ်ကိုမောင်နှမတွေအတွက် အဝတ်အထည်တွေကို ရက်ရက်ရောရော လှူနေကြတာဖြစ်ပါတယ်။


ကိုပေါက်ကလည်း သူတို့လှူပေးတဲ့ အဝတ်အထည်တွေကို တိုင်းရင်းသားတွေက အလ.ုအယ.က်ယူနေကြတော့ ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်အထည်တွေ အလကားပေးနေချိန် ရိုးသားဖြူစင်တဲ့ သွေးချင်းတွေကလည်း ကိုပေါက်ကို


မုန့်တွေပြန်ကျွေးနေတာ ဖြစ်ပါတယ်။ ရောက်တဲ့နေရာမှာ လူတိုင်းနဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံပြီး တတ်နိုင်သလောက် ကူညီပေးရလို့ ပျော်ရွှင်နေတဲ့ ကိုပေါက်ရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.