တရုတ်တို့ စစ်ကောင်စီကို ပညာပြပြီ


တရုတ်တို့ စစ်ကောင်စီကို ပညာပြပြီ

အားလုံး သိတဲ့အတိုင်းတရုတ် အထူးသံတမန် ဂေါင်းကြီးတို့ နဲ့ တွေ့ပြီးနောက်ပိုင်းတရုတ် နဲ့ အခြေအနေ မဟန်တော့ရုရှားကို ပြေးကပ်တယ်။တရုတ် မရှိလည်း ရတယ် ပေါ့ဂေါင်းကြီးတို့ အထာ ကတော့


ညက မှ ဒုချုပ် စိုးဝင်း ရုရှားက ပြန်ရောက်တယ်အိုကေတယ်လေတရုတ်က တစ်ကွက်ရွေ့ပေးလိုက်တယ်သိပ်လှတဲ့ အကွက်လေးကွန်မြူနစ်ပါတီ(တရုတ်) နဲ့ အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံများက နိုင်ငံရေးပါတီများ တွေရဲ့“နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကို NLD ကို ဖိတ်လိုက်တယ်တရုတ် လုပ်တဲ့ အကွက်က ရိုးရိုးလေးနော်။


ဒါပေမဲ့ ဂေါင်းကြီးတို့အဖွဲ့ ပျားတွေတုပ်နေပြီဘာလို့လဲ ဆိုတော့ NLD ကို နိုင်ငံရေးပါတီက ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လုပ်ဖို့ စီစဉ်နေတဲ့ အချိန်ကြီးမို့လို့ပဲတရုတ်က အခုလို NLD ပါတီ ကိုဖိတ်ကြားလိုက်တာဟာ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ဆက်ရှိနေဖို့နဲ့ ပါတီရဲ့ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို တစ် ကမ္ဘာလုံးကို ချပြဖို့ အခွင့်အရေးပေးတာပဲ။


အာဏာ စသိမ်းတုန်းကတရုတ် နောက်ခံ နဲ့ မိုက်ခဲ့တဲ့ ဂေါင်းကြီးတို့ အခု တရုတ် က ပြောင်ကြီး ရှောင်ထွက်သွားပြီဂေါင်းကြီးတို့ ဘာဆက်လုပ် မလဲ ?သြော် မေ့လို့တရုတ် ဖိတ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို NLD က တက်ပါမယ် တဲ့ ခင်ဗျာ။ဆွေးနွေးပွဲ က လည်း စက်တင်ဘာလ ၉ ရက်နေ့ မနက်ဖြန်ပါတဲ့။


အခု လိုင်းပေါ်မှာတော့ NUG အစိုးရ နဲ့ဆွေးနွေးဖို့ ဂေါင်းကြီးတို့ ဆန္ဒ ရှိပါတယ် ဆိုတဲ့ ထုတ်ပြန်ချက်တွေကတော့ ပြန့်နေလေရဲ့။ဒါတောင် တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ PDF တွေ ထိုးစစ်ဆင်နေတာတွေကို အိုင် ထည့်မပြောသေးဘူးနော်။ဂေါင်းကြီးတို့ အတွက် မျက်ရည် နှစ်စက်။