နောက်ကွယ်ကနေ နာမည်လိုက်ဖျက်နေတဲ့သူတွေကို သတိပေးလိုက်တဲ့ ခေးဆက်သွင်


နောက်ကွယ်ကနေ နာမည်လိုက်ဖျက်နေတဲ့သူတွေကို သတိပေးလိုက်တဲ့ ခေးဆက်သွင်

ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း နာမည်ကြီး လူကြိုက်များလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင် ကတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲလေးထဲကနေချစ်စရာ အပြုအမူ လေးတွေကြောင့် အချိန် တိုအတွင်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့် အဝရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေး လို့ခေါ်တဲ့ ခေးဆက်သွင် ဟာ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။ သူမဟာ ပြည်သူတွေနဲ့အတူတူ ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်ခဲ့တာကြောင့် ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီးတော့ လက်ရှိမှာ ဘေးလွတ်ရာ ရှောင်တိမ်းနေရပါတယ်။ ဒီနေ့မှာတော့ ခေးကတော့ သူမကို နာမည်လိုက်ဖျက်နေတဲ့ လူတစ်စုကို ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။


ခေး ကတော့ လူတစ်စုနဲ့ပတ်သတ်ပြီးတော့ “ခုချိန်လူတိုင်းရဲ့ စိတ်အခြေအနေ အနေအထားကိုသိပေမယ့် ရှင်းမှရမယ့် အနေအထားမို့ သတင်းတွေဖုံးခဲ့ရင်ကျော်သွားပေးပါရှင့်(ကြိုတောင်းပန်ထားပါရစေ) အနုပညာကိစ္စကလွဲလို့ ဘယ်အခကြေးငွေနဲ့ ဘယ်သူ့နောက်မှ မလိုက်ပါဘူးရှင်… ခေါ်လို့ရတယ်တွေ ဘယ်လောက်ပေါက်တယ်တွေ ပါးစပ်အရသာခံပြီး ပြောနေရင် မောပါမယ်… အရင်ကလည်းမလိုက်ခဲ့ပါဘူး အခုလည်းမလိုက်ပါဘူး နောင်လည်းမလိုက်ပါဘူး သွားလေရာ သူငယ်ချင်းတွေအုပ်လိုက်ကြီး ထပ်ကြပ်မခွာပါပါတယ်..ခေးမှာ အသိမိတ်ဆွေ အပေါင်းအသင်းလည်း ပေါပါတယ်… ချစ်သူရည်းစား ထားတဲ့အခါလည်း ထားပါတယ်.. night outတဲ့ ထွက်လို့ရတဲ့အချိန်တုန်းကလည်း လူငယ်ပီပီထွက်ခဲ့ပါတယ်… ဒါပေမယ့် ပိုက်ဆံပေးတိုင်းလိုက်ပြီး (နားနဲ့မနာ ဖဝါးနဲ့နာပါ) လိင်ကိစ္စ ကုတင်ပေါ်က ကိစ္စတွေနဲ့ ဖျော်ဖြေပေးတဲ့ သူမဟုတ်ပါဘူး… သစ္စာလည်းဆိုရဲပါတယ် ခေးမဟုတ်တာပြောရင် သွေးစိမ်းရှင်ရှင် အန်ပါစေ… မဟုတ်ပဲနဲ့ ပြောတဲ့သူတွေလည်း ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်ပါစေ…. အပြင်ပန်းနဲ့ မဆုံးဖြတ်ပါနဲ့……” လို့ သူမရဲ့ဖေ့ဘွတ်စာမျက်နှာကနေ အသိပေးရေးသားထားပါတယ်။


ကဲ…ပရိသတ်ကြီးရေ ခေးနဲ့ ပတ်သတ်ပြီး သတင်းအမှားကောလဟလတွေထွက်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ခေးရဲ့ဖြေရှင်းချက်ကို ကျေနပ်လိမ့်မည်လို့ မျှော်လင့်ပါတယ်။ ကောလဟ‌လတွေကြောင့် စိတ်ညစ်နေတဲ့ ခေး ကိုအားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။