နွဲ့ပြနေတဲ့ နာမည်ကြီးတွေကို အတုယူမှားမှာစိုးလို့ ‘Sissy’ နဲ့ ‘Effeminate’ ကို ဘမ်းလိုက်တဲ့ တရုတ်အစိုးရ


နွဲ့ပြနေတဲ့ နာမည်ကြီးတွေကို အတုယူမှားမှာစိုးလို့ ‘Sissy’ နဲ့ ‘Effeminate’ ကို ဘမ်းလိုက်တဲ့ တရုတ်အစိုးရ

တရုတ်ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ‘Effeminate Men’ အဖွဲ့ကို ဘမ်း လိုက်ပါပြီ။အကြောင်းရင်းတွေကတော့ ဈေးကွက်၊ ပညာရေးစနစ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအတွက် စံသစ်များ သတ်မှတ်ဖို့ ရည်ရွယ်တဲ့ အမျိုးသားရေး စီမံချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောထားပါတယ်။ နိုင်ငံတော်ရဲ့ ယုံကြည်ချက်နှင့် ကိုယ်ကျင့်တရားဆိုင်ရာအရ ထုတ်ပြန်လိုက်ခြင်းလဲ ဖြစ်ပါတယ်။


တရုတ် ရုပ်မြင်သံကြား စည်းမျဉ်းစည်းကမ်းတွေ အရကတော့ ‘Sissy’ အဖွဲ့ဟာ ယောကျာ်းလေးတွေ ဖြစ်ပေမယ့်လည်း မိတ်ကပ်တွေလိမ်း၊ နုယွပြနေတာကြောင့် အတုယူမှားမှာ စိုးတာကြောင့် ဘမ်းခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် Mandopop၊ K-Pop boy bands နှင့် အခြားအနုပညာရှင် များစွာကိုပါ ဘမ်းလိုက်တာပါ။


တာဝန်ရှိသူတွေကလည်း ‘ဒီလို ယောကျာ်းဖြစ်ပြီး အဆင့်အတန်းမရှိ နွဲ့ပြနေတဲ့ နာမည်ကြီးတွေကို အားမပေးသင့်ဘူး’လို့ ပြောထားပါသေးတယ်။ တစ်ဖက်မှာလည်း တရုတ်ရိုးရာယဉ်ကျေးမှု၊ တော်လှန်ရေး ယဉ်ကျေးမှုနှင့် အဆင့်မြင့် ဆိုရှယ်လစ်ယဉ်ကျေးမှု စတဲ့ ရိုးရာယဉ်ကျေးမှု တွေကိုသာ အားပေးအားမြှောက် ပြုသင့်တယ် လို့လည်း ဆိုထားပါသေးတယ်။


တရုတ်အစိုးရကတော့ လူငယ်တွေ နှစ်သက်တဲ့ နာမည်ကြီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို အချိန်ပြည့် လိုက်စောင့်ကြည့်နေပြီး သူတို့မျက်လုံးထဲမှာ အမြင်မတော်တာနဲ့ ဘမ်းတာပါပဲ။


ပြောကြားချက်တွေ အရကတော့ ဒီလိုမ ဘမ်းဘဲ လွှတ်ထားလိုက်ရင် ကြာလာတဲ့အခါ သူတို့ရဲ့ ဝတ်ပုံစားပုံတွေ၊ မိတ်ကပ်တွေ၊ ဆံပင်အရောင်တွေနဲ့ အမူအကျင့်တွေပါ ကူးလာနိုင်တယ်လို့ ပြောထားပါသေးတယ်။အထူးသဖြင့် မိန်းကလေးတွေက သူတို့ကို သဲသဲလှုပ် ဖြစ်နေပြီး တရုတ်အနုပညာရှင်တွေကို အားပေးတာ လျော့လာမှာ စိုးလို့လဲ ပြောပါသေးတယ်။


နိုင်ငံပိုင် မီဒီယာဖြစ်တဲ့ Guangming Daily တွင် သြဂုတ်လနှောင်းပိုင်းတွင် ထုတ်ဝေခဲ့တဲ့စာထဲမှာ ဖော်ပြထားတာကတော့ သူတို့တွေဟာ အဆင့်အတန်းမရှိပဲ ညစ်ညမ်းတဲ့သူတွေ ဖြစ်ပြီးတော့ တရုတ်ဆယ်ကျော်သက် လူငယ်တွေရဲ့ တန်ဖိုးကို နိမ့်ကျစေတယ်လို့ ညစ်ညစ်ညမ်းညမ်း ဖော်ပြထားပါသေးတယ်။