ဘယ်သူမှမကူညီရဲတဲ့အချိန်မှာ အရှေ့တက်ပြီး ဒဏ်ရာရတဲ့သူကိုသွားကယ်ရင်းနဲ့ အသက်ပေး သွားခဲ့ရတဲ့ သူရဲကောင်းကြီးတစ်ဦး


ဘယ်သူမှမကူညီရဲတဲ့အချိန်မှာ အရှေ့တက်ပြီး ဒဏ်ရာရတဲ့သူကိုသွားကယ်ရင်းနဲ့ အသက်ပေး သွားခဲ့ရတဲ့ သူရဲကောင်းကြီးတစ်ဦး

ဘယ်သူမှမကူညီရဲတဲ့အချိန်မှာ အရှေ့တက်ပြီး ဒဏ်ရာရတဲ့သူကိုသွားကယ်ရင်းနဲ့ အသက်ပေး သွားခဲ့ရတဲ့ သူရဲကောင်းကြီးတစ်ဦး


လက်ရှိအချိန်မှာတော့ ပြည်သူတွေက ရဲရင့်တဲ့စိတ်ဓာတ်တွေနဲ့ သူတို့ရဲ့အသက်ကိုတောင်ပဓာနမထားဘဲ အရှေ့ထွက်ပြီး ရင်တွင်း ဆန္ဒ တွေ ကို ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပွဲတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားပမ်းစား လုပ်ဆောင်နေကြတဲ့ ပြည် သူတွေ ထဲမှာ လူကြီးလူငယ်၊ ကျားမမရွေး ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ အခုလည်း အသက် (၅၀) အရွယ် သူရဲကောင်း ကြီးတစ်ဦး က ကျည်မှန်တဲ့ သူကို သွားရောက်ကယ်တင်ရင်းနဲ့ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။



ဦးဖိုးသက်လို့ခေါ်တဲ့ သူရဲကောင်းကြီးက သားသမီး (၆) ယောက်ကို ငါးစျေးမှာ ကွမ်းယာရောင်းပြီး ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတဲ့ ဖ ခင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဦးဖိုးသက်က “ငါတို့ကနေခဲ့ပြီးပြီ ဘဝကလည်း သေလူနဲ့မခြားဘူး” ဆိုပြီး ဘေးက ဒိုင်းကာတစ်ယောက်ဆီကနေ ဒိုင်းကိုဆွဲလုပြီး ဒဏ်ရာရနေတဲ့သူကို သွားကယ်ခဲ့တာ ဖြစ်ပါတယ် ။ ဘယ်သူမှသွား မကူညီနိုင်တဲ့အချိန် မှာ ရဲရဲရင့်ရင့်နဲ့ အရှေ့ကိုထွက်ရင်း ကယ်ဖို့လုပ်ခဲ့တဲ့ ဦးဖိုးသက်ကတော့ ကျည်မှန်ပြီး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။



မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင်ကြီး ဦးဖိုးသက်က ဆုံးပါးသွားခဲ့ပြီဖြစ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့သား သမီးလေးတွေ က အခုဆိုရင် အကူ အညီလိုအပ်နေတာ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတစ်ယောက် ကလည်း ဦးဖိုးသက် ရဲ့ကလေး တွေကို သွားရောက် လှူဒါန်းရင်းနဲ့ တစ် ခြားသူတွေပါ ကူညီနိုင်အောင် စီစဥ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ။ သူတစ်ပါးကိုကယ်ဖို့အတွက် အသက်စွန့်သွားခဲ့ရတဲ့ သူရဲ ကောင်း ကြီးဦးဖိုးသက်အတွက် ပရိသတ်တွေလည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းလို့ရအောင် ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။



Source & Photo Credit-May Myat Khin’s FB Acc