မကြာခင်မှာပဲ ဝန်ထမ်းအိမ်ရာကနေ ဆင်းရတော့မှာ ဖြစ်တာကြောင့် နေထိုင်စရာနေရာတွေ လိုအပ်နေတဲ့ မင်းဘူးရေနံမြေက ပြည်သူ့ဝန်ထမ်းများ


မကြာခင်မှာပဲ ဝန်ထမ်းအိမ်ရာကနေ ဆင်းရတော့မှာ ဖြစ်တာကြောင့် နေထိုင်စရာနေရာတွေ လိုအပ်နေတဲ့ မင်းဘူးရေနံမြေက ပြည်သူ့ဝန်ထမ်းများ

မကြာခင်မှာပဲ ဝန်ထမ်းအိမ်ရာကနေ ဆင်းရတော့မှာ ဖြစ်တာကြောင့် နေထိုင်စရာနေရာတွေ လိုအပ်နေတဲ့ မင်းဘူးရေနံမြေက ပြည်သူ့ဝန်ထမ်းများ


ဖေဖော်ဝါရီလကစတင်ပြီး လူထုလှုပ်ရှားမှုမှာ တတ်အားသရွေ့ ပါဝင်နေကြတဲ့သူတွေထဲမှာတော့ ပြည်သူ့ဝန်ထမ်းတွေကလည်း အဓိက နေ ရာကနေ အရေးပါနေတာ ဖြစ်ပါတယ် ။ အလုပ်တွေကိုရပ်နားပြီး ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော် နေကြတဲ့ ပြည်သူ့ ဝန်ထမ်း တွေက သူတို့ နေ ထိုင် တဲ့နေရာတွေကိုပါ စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း မင်းဘူးရေနံမြေမှာလုပ်ကိုင်နေတဲ့ အလုပ်သမား တွေ က မကြာခင်မှာပဲ ဝန် ထမ်းအိမ်ရာကနေ ရွေ့ပြောင်းပေးရတော့မှာ ဖြစ်ပါတယ်



မင်းဘူးရေနံမြေ Minbu MOGE က ပြည်သူ့ဝန်ထမ်းတွေကတော့ စုစုပေါင်း အယောက် (၉၀၀) ခန့်ရှိနေတာ ဖြစ်ပါတယ် ။ သူတို့တွေ အား လုံးက အလုပ်ရပ်နားပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတာကြောင့် ဝန်ထမ်းအိမ်ရာကနေ ဖယ်ပေးရတော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့် ရေနံမြေ ဝန်ထမ်းတွေက အခုချိန်မှာ သူတို့အတွက် နေထိုင်စရာနေရာတွေ အရေးတကြီးလိုအပ်နေတာပဲ ဖြစ်ပါတယ် ။ စေတနာရှင် ပြည်သူတွေ က လည်း ရေနံမြေအလုပ်သမားတွေရဲ့ဘဝကို စာနာနားလည်ပြီး ကူညီဖို့ အစွမ်းကုန်ကြိုးစားနေကြတာ ဖြစ်ပါတယ် ။



ပြည်သူတစ်ဦး ကလည်း မကြာခင်လိုင်းခန်း ကနေ ဆင်းရတော့မယ့် ရေနံမြေဝန်ထမ်းတွေအတွက် နေထိုင်ဖို့ အိမ်လေးတွေဆောက်ပြီး လှူ ဒါန်း ဖို့ စီစဥ်ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ် ။ ဝန်ထမ်း ပေါင်းက (၉၀၀) ကျော်ရှိတာ ကြောင့် သူတို့ အတွက် အိမ်ဆောက် ပေးဖို့ အလှူ ငွေတွေ ထပ်မံလိုအပ်နေသေးတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေ လည်း ရေနံမြေကပြည်သူ့ဝန်ထမ်း တွေအတွက် ကူညီပြီး လှူဒါန်း ပေးလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။



Source & Photo Credit-Original Uploader