ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည် သူ တွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်း လှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-FATT


ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည် သူ တွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်း လှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-FATT

ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည် သူ တွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်း လှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-FATT


ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တော်တော်တော်များ များကလည်း လူ ထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ပြီး အားလုံးနဲ့အတူ ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်..။



ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အစစအရာရာ ပံ့ပိုးကူညီမှုတွေနဲ့ အားဖြည့်နေကြသလို ဂီအနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အ ဆို တော် G-Fatt ကလည်း လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတာ တွေ့ရပါတယ်..။



လှုပ်ရှားမှုတွေအပြင်လှူဒါန်းမှုတွေမှာလည်း အားတက်သရောပါဝင်နေတဲ့ G-Fatt ကတော့ ဒီကနေ့ရဲ့မနက်ခင်း လေးကို ကောင်းမှုကုသိုလ် အလှူ တွေနဲ့စတင်လိုက်ပြီး အသက်စွန့်သွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်..။



ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက် တစ်သက်တာလစဉ်ထောက်ပံ့ကြေးဖြင့် ဂုဏ်ပြုလှူဒါန်းသွားမယ့် Fa llen Heroes Fund Myanmar ရဲ့ အစီအစဉ်လေးမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး အမြဲတမ်းအဖွဲ့ဝင်အဖြစ် G-Fatt က ပါဝင်လှူ ဒါန်းမှာ ဖြစ်ပါတယ်..။



“ဒီနေ့မနက်ကို အလှူလေးနဲ့စပါမယ် အမြဲတမ်းအဖွဲ့ဝင်အဖြစ် လှူဒါန်းသွားပါမယ် အာဇာနည်များ ကောင်းရာသုဂတိလားပါစေ ။..” ဆိုပြီး သူ့ ရဲ့အလှူကို ပြောပြထား ဖြစ်ပါတယ်..။



အသက်စွန့်ပေးဆပ်သွားကြတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေက တတ်နိုင်သလောက်ပြန်လည်ပြီးလှူဒါန်းတဲ့အဆိုပါအလှူအကြောင်း ကိုလည်း G-Fatt က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်အသိပေး ဝေမျှထားတာပါ..။



သတင်းအရင်းမြစ်: G-Fatt’s Fb Acc