မတ်လ ၂၉ ရက်နေ့နက္ခတ်လပြည့်ချိန် အင်္ဂါဂြိုဟ် ရာ ဟုအရိပ်မည်း ဖုံးလွှမ်းသောကြောင့်နိုင်ငံရေးအပြောင်း အလဲဖြစ်မည်


မတ်လ ၂၉ ရက်နေ့နက္ခတ်လပြည့်ချိန် အင်္ဂါဂြိုဟ် ရာ ဟုအရိပ်မည်း ဖုံးလွှမ်းသောကြောင့်နိုင်ငံရေးအပြောင်း အလဲဖြစ်မည်

မတ်လ ၂၉ ရက်နေ့နက္ခတ်လပြည့်ချိန် အင်္ဂါဂြိုဟ် ရာ ဟုအရိပ်မည်း ဖုံးလွှမ်းသောကြောင့်နိုင်ငံရေးအပြောင်း အလဲဖြစ်မည်


လာမည့် မတ်လ၂၉ရက်နေ့တွင် နက္ခတ်လပြည့်ချိန် အင်္ဂါဂြိုဟ် ရာဟုအရိပ်မည်း ဖုံးလွှမ်းမယ်။ ယခင်က ထိုကာလနိုင်ငံတော်အကြီးအကဲဟု သတ်မှတ်ခဲ့သောဦးနေဝင်းန.န်းက.ျမှုနှင့် အထိမ်းသိမ်းခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ နက္ခတ်လပြည့်ချိန် အင်္ဂါဂြိုဟ် ရာဟုအရ.ိပ်မ.ည်း ဖုံးလွှမ်း မယ် လို့ ဦးဇေယျာကို (နက္ခတ်ဥယျာဉ်)က ဟောကြားထားပါတယ်။ “လာမည့် ၂၀၂၁ခုနှစ်၊ မတ်လ ၂၉ရက်၊ တနင်္လာနေ့ နက္ခတ်လပြည့်ချိန်နံ နက် ၁နာရီ ၁၈မိနစ်တွင် အင်္ဂါနှင့် ရာဟုဂြိုဟ်များ ဒီဂရီတိကျစွာ ပူးယှဉ်ကြမည်။ ထိုပူးယှဉ်မှုမှာ မြန်မာ့အရေးကိစ္စတို့အတွက် များစွာ လွှမ်း မိုး ပတ်သက်လာနိုင်ပေသည်။ (၁၈)နှစ် တစ်ကြိမ်ခန့် ပူးယှဉ်နိုင်သည်။ အနီးဆုံး ၂၀၀၂ခုနှစ်၊ မေလ ၁၂ရက်



တနင်္ဂနွေနေ့၊ နက္ခတ်လကွယ်ချိန်တွင် ပူးယှဉ်ခဲ့သည်။ လက်ရှိ ပူးယှဉ်သော ပြိသရာသီပင်ဖြစ်၏။ ထိုကာလအနီးနားတွင် ဦးနေဝင်းမိသားစု များ နှင့် ပတ်သက်သည့် နိုင်ငံတော် ပဋိပက္ခပြသနာ ပေါ်ထွန်းခြင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်အကြီးအကဲဟုသတ်မှတ်ခဲ့သော ဦးနေဝင်း နန်းကျမှုနှင့် အထိမ်းသိမ်းခံရမှုဖြစ်စဉ် ထိုင်းနှင့်မြန်မာ နယ်စပ်စစ်ရေးပဋိပက္ခပြသနာ တင်းမားမှုဖြစ်စဉ်နှင့် စစ်ပွဲများစွာ ဖန်တီးခဲ့ရမှုအဖြ စ် အ ပျက်များ ပေါ်ပေါက်ခဲ့ပါသည်။


လက်ရှိ မြန်မာ တပေါင်းလဆုတ် ၂ရက် မတ်လ ၂၉ရက်တနင်္လာနေ့တွင် ဖြစ်ပေါ်ပါမည်”လို့ ဆိုထားပါတ ယ်။ အင်္ဂါဂြိုဟ်မှာ မြန်မာ့လွတ် လပ် ရေး ဇာတာအရ ဗြိစ္ဆာလဂ်သခင်ဖြစ်ခြင်း၊လွတ်လပ်ရေးရယူစဉ် အားအကောင်းဆုံး မွန်းတည့်ကောင်း ကင်တွင် နေရာချပုံဖော်ခဲ့ခြင်း ကြောင့် မြန်မာ့အသက်သွေးကြော



ဂြိုဟ်တစ်လုံးဖြစ်တယ်လို့လည်းသိရပါတယ်။ အဖြစ်အပျက်များမှာ အင်္ဂါနှင့်ရာဟု နီးကပ်လာသည်နှင့်အမျှ ပိုမိုသိသာထင်ရှားလာနိုင်ပေသ ည်။ ဂြိုဟ်နီအင်္ဂါအား ရာဟုကြတ်သောဖြစ်စဉ် ဖြစ်သည်။ အင်္ဂါ၏ လတ္တီတွဒ်တည်နေရာ မြောက်လတ္တီတွဒ်၂၄ဒီဂရီ ၀၂မိနစ်ဖြစ်သဖြင့် အင်္ဂါ ဂြိုဟ် မြန်မာနိုင်ငံ ရွှေဘိုမြို့ပေါ်မှ ဖြတ်သန်းနေချိန် ဖြစ်သည်။


ထိုနေ့ရက် အနီးနားတွင် မြန်မာပြည်အတွက် ထူးခြားသည့်ပြောင်းလဲမှုများ ပေါ်ပေါက်လာမည်။ နိုင်ငံရေး ရ.ှုပ်ထွေးမှု ပဋိပက္ခဖြစ်စဉ်များ၊ ကြေက.ွဲဝမ်းနည်းဖွယ်ဖြစ်စဉ်အများအပြားပေါ်ပေါက်လာနိုင်သည်။တန်ခူးလ ကုန်ဆုံးပြီးချိန် ဧပြီလကုန်နောက်ပိုင်းမှသာ နိုင်ငံရေး တည် ငြိမ်အေးချမ်းမှုများ ပြန်လည်ရယူနိုင်မည်”လို့ ဦးဇေယျာကိုက ဆိုထားပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်