ဂရစ်ဇ်မန်းထွက်သွားလို့ အပျော်ကြီး ပျော်နေကြတဲ့ ဘာစီလိုနာအသင်းသားများ


ဂရစ်ဇ်မန်းထွက်သွားလို့ အပျော်ကြီး ပျော်နေကြတဲ့ ဘာစီလိုနာအသင်းသားများ

ဘာစီလိုနာအသင်းတိုက်စစ်မှူး အန်တွိုင်းဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းထံ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဘာစီလိုနာအသင်းရဲ့အဝတ်လဲခန်းထဲမှာ စိတ်ပျက်နေကြပုံတော့ မပေါက်ခဲ့ပါဘူး။ ဂရစ်ဇ်မန်းအနေနဲ့ ၂၀၁၉ခုနှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ဘာစီလိုနာအသင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင်၁၀၃သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၀အရွယ်ဂရစ်ဇ်မန်းအနေနဲ့ အက်သလက်တီကိုမှာပြသခဲ့တဲ့ခြေစွမ်းမျိုး ဘာစီလိုနာမှာပြသဖို့ရုန်းကန်ခဲ့ရတာကြောင့် မကြာခဏဆိုသလိုဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းအနေနဲ့ ယခုနှစ်နွေရာသီမှာ အသင်းဟောင်းအက်သလက်တီကိုမက်ဒရစ်အသင်းထံ ကနဦးအငှါးနဲ့ပြန်လည်ရောက်ရှိလာခဲ့ပြီး လာလီဂါချန်ပီယံတို့က ဂရစ်ဇ်မန်းရဲ့လစာကို အပြည့်ပေးချေမှာဖြစ်ပါတယ်။ Sky Italia ရဲ့ဖော်ပြချက်အရ အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ဂရစ်ဇ်မန်းကို ပေါင်၃၄.၄သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမယ့် ဂရစ်ဇ်မန်းတစ်ယောက် နျူးကမ့်ကနေထွက်ခွါလာခဲ့ပြီးနောက် ဘာစီလိုနာအသင်းသားတချို့မှာ ပျော်နေကြတဲ့ပုံစံမျိုးမြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ Documentary တစ်ခုဖြစ်တဲ့ ‘ The Decision’ ဆိုတဲ့ကဏ္ဍမှာ ဂရစ်ဇ်မန်းပါဝင်ခဲ့မှုဟာ ဘာစီလိုနာကစားသမားတွေအတွက် စိတ်ညစ်စရာဖြစ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ စပိန်ရုပ်သံချန်နယ်တစ်ခုဖြစ်တဲ့ Movistar က အဆိုပါ documentary ကိုထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်က ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး အက်သလက်တီကိုမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့ ဂရစ်ဇ်မန်းအကြောင်းကို အဓိကထားပြသခဲ့တာဖြစ်ပါတယ်။

 ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းက အမာခံဦးစားပေးအုပ်စုထဲမှာ ဘယ်တုန်းကမှမပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီဟာ အပြောင်းအရွှေ့ရာသီမပိတ်ခင် သူ့ရဲ့ရှိရင်းစွဲလူစာရင်းမှာ တိုက်စစ်မှူးတစ်ဦးအားဖြည့်ချင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားသားနည်းပြဟာ ၂၀၁၄ခုနှစ်ကနေ ၂၀၁၉ခုနှစ်အတွင်း ပြင်သစ်သားနဲ့အတူ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။