အိုးလ်ထရက်ဖို့ဒ်မှာ အပယ်ခံဖြစ်နေတဲ့အပေါ် ဆိုနင့်စွာရင်ဖွင့်လာတဲ့ ဗန်ဒီဘိခ်


အိုးလ်ထရက်ဖို့ဒ်မှာ အပယ်ခံဖြစ်နေတဲ့အပေါ် ဆိုနင့်စွာရင်ဖွင့်လာတဲ့ ဗန်ဒီဘိခ်

မန်ချက်စတာယူနိုက်တက်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိရန် ခက်ခဲနေမှုကို ဗန်ဒီဘိခ်က အင်တာဗျူးမှာ ရင်တွင်းဖြစ်စကားတွေကို ဖွင့်ဟပါတယ်။ နယ်သာလန်သားရဲ့ ပွဲထွက်ခွင့်ဟာ အိုးထရက်ဖို့ဒ်တွင် ရောက်ရှိလာတဲ့ အစပိုင်းမှာပင် အရေအတွက်အနည်းငယ်သာ ကစားခွင့်ရထားပြီး အများစုကိုလည်း အရန်ကစားသမားအဖြစ်သာ ဝင်ကစားခွင့် ရနေပါတယ်။

ယူနိက်တက်ဂန္တဝင်ကစားသမားဟောင်း ရီယိုဖာဒီနန်နဲ့အင်တာဗျူးတွင် သူက ပြောရာမှာ “အသင်းမှာ သင် မပါဝင်ရတဲ့အချိန်က ခက်ခဲပါတယ် အခွင့်အရေးတွေကို စောင့်နေရတယ် ဒါက မလွယ်ကူပါဘူး မကစားရဘူးဆိုရင် ယုံကြည်မှုအတွက်လည်း မရှိပါဘူး အသားကျဖို့က အချိန်ယူရတယ်ဆိုတာ ပုံမှန်ပါဘဲ ဒါပေမဲ့ သေချာတာပေါ့ လက်ရှိအခြေအနေက မပျော်ရွှင်ပါဘူး ကျွန်တော် ပွဲကစားချင်တယ် ဒါကရှင်းပါတယ် စိတ်ဓာတ်ပိုင်းအရတော့ ခက်ခဲနေပါတယ်”

“နေ့တိုင်း ကျွန်တော် လေ့ကျင်ရေးမှာ ကြိုးစားနေတယ် တိုးတက်အောင်လုပ်ဆောင်နေပြီး အခွင့်အရေးကို စောင့်နေတယ်။ ဒါက ကျွန်တော်ဘက်က လုပ်နိုင်တဲ့အရာပါဘဲ။ အခြေအနေပေးလာရင် ကျွန်တော် အဆင်သင့်ဖြစ်နေရပါမယ်။ ဒါက ရိုးရှင်းပါတယ် ကစားသမားတွေနဲ့ရင်းရင်းနှီးနှီးနေရမယ် အသင်းမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ရမယ်ပေါ့။ သင်မကစားရဘူးဆိုရင်တောင် အကောင်းမြင်ပြီး အသင်းဖော်တွေကို ကူညီဖို့ကြိုးစားရမှာပါ။ ခုံမှာ ထိုင်ပြီး ဒေါသထွက်နေလို့မရပါဘူး ဒါက ပွဲကစားခွင့်ရရေးအတွက် အဓိကအချက် မဟုတ်ပါဘူး” ဟု ဆိုပါတယ်။

အသက်၂၄နှစ်အရွယ် ဗန်ဒီဘိခ်ဟာ ၂၀၂၀ သြဂုတ်လက အေဂျက်ကနေ ပေါင်၃၅သန်းဖြင့် သရဲနီတွေထံ ရောက်ရှိလာခဲ့ပြီး ကွင်းလယ်အင်ဂျင်မှာ မက်တိုမီနေး၊ ဖရတ်၊ မာတစ်တို့ရဲ့နောက်မှသာ နေရာ ရနေပါတယ်။ သူက ဆက်ပြောရာမှာ“သေချာတာပေါ့ တစ်ခါတရံတော့လည်း စိတ်ဆိုးပါတယ် ကစားသမားအားလုံးလည်း ဒီလိုဖြစ်မယ်ထင်ပါတယ် ဒါပေမဲ့ လေ့ကျင်ရေးမှာ မကြိုးစားဘူးဆိုရင် ဒါကို သက်သေပြခွင့်ရမှာ မဟုတ်ပါဘူး ကြိုးစားလေ့ကျင်နေမယ်ဆိုရင် မန်နေဂျာကို ဘာကြောင့်လဲဆိုတာ အကြောင်းရင်းမေးရမယ် ဆိုးရွားတဲ့ စိတ်ထားကို ပြရမှာ မဟုတ်ဘူး။ အဓိကက အမြဲတမ်း အကောင်းမြင်နေရပါမယ် နေ့တိုင်းလည်း တိုးတက်နိုင်ရမယ်။ စိတ်ဆိုးနေတာက အသင်းကို ကူညီရာ မရောက်ပါဘူး”

“မန်နေဂျာက ကျွန်တော်နဲ့ပက်သက်ပြီး အကောင်းမြင်ထားပါတယ် ငါမင်းကိုလိုတယ် ဒီမှာ ဆက်လက်တိုးတက်စေချင်တယ် မတူညီတဲ့ ဒွန်နီကို ငါမြင်လာပြီ လို့ပြောတယ် ခုဆိုရင် ကျွန်တော်တိုးတက်လာတာကို ပရီသတ်တွေကို ပြနိုင်မယ်လို့မျှော်လင့်တယ် ဒီထက်ပိုပြီး ကစားရဖို့လိုပါတယ်။ နေ့တိုင်းလည်း လေ့ကျင်ရေးမှာ ကြိုးစားနိုင်တယ် ဒါပေမဲ့ ပွဲကစားခွင့်တွေ လိုတယ် တစ်လ တစ်ခါလောက်ဘဲ ကစားနေရတယ်ဆိုရင် ကျွန်တော့်အနေနဲ့အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး”ဟု ဗန်ဒီဘိခ်က ပြောကြားသွားခဲ့ပါတယ်။