ကိုဗစ်စည်းကမ်းမလိုက်နာတဲ့ အာဂျင်တီးနားကြောင့် ပွဲပျက်သွားတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားပွဲ


ကိုဗစ်စည်းကမ်းမလိုက်နာတဲ့ အာဂျင်တီးနားကြောင့် ပွဲပျက်သွားတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားပွဲ

ယနေ့ မနက်ခင်းအစောပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ပွဲစဥ်မှာ ပွဲအစ ၆ မိနစ်မှာပင် ဘရာဇီးကျန်းမာရေးအာဏာပိုင်များက ကွင်းအတွင်းဝင်လာကာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အာဂျင်တီးနားကစားသမား ၃ ယောက်(+အရန်ခုံတစ်ယောက်) ဟာ ဘရာဇီးနိုင်ငံအတွင်းသို့ ကျန်းမာရေးအချက်အလက်များ လိမ်လည်ကာ ဝင်ရောက်လာတာကြောင့် ပွဲကိုရပ်ဆိုင်းတာ ထို ၄ ယောက်ကို နိုင်ငံကအနေ အမြန်ထွက်သွားဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒီကစားသမား ၄ ယောက်ကတော့ အက်စတွန်ဗီလာဂိုးသမား မာတီနက်၊ ကွင်းလယ်လူ ဘူအန်ဒီယာနဲ့ စပါးအသင်းကစားသမား နှစ်ဦးဖြစ်တဲ့ လိုဆယ်လိုနဲ့ ရိုမဲရိုးတို့ဖြစ်ပါတယ်။ အဆိုပါကစားသမားများကို ဘရာဇီးကစားသမားများနှင့်ချက်ချင်းခွဲကာ နိုင်ငံမှထွက်ခွာသွားဖို့ ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဖြစ်စဥ်အသေးစိတ်မှာ ဘရာဇီးနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ယူကေ၊ တောင်အာဖရိက၊ အိုင်ယာလန်နဲ့ အိန္ဒိယနိုင်ငံမှာ လာရောက်သူ တခြားနိုင်ငံသားများကို ဘရာဇီးနိုင်ငံအတွင်းသို့ ဝင်ရောက်မှုပိတ်ပင်ထားတာဖြစ်ပါတယ်။



အဆိုပါ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အာဂျင်တီးနား ကစားသမား ၄ ဦးဟာ ဘရာဇီးနိုင်ငံကို ဝင်ရောက်လာစဥ် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို လိမ်လည်ဖြည့်စွက်ခဲ့ကြောင့် သိရှိခဲ့တာကြောင့် ယခုလို ပြည်နှင်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ထိတွေ့ခဲ့တဲ့ ကစားသမားများကိုလည်း ကွာရင်တင်းနေထိုင်ရန်ချက်ချင်းညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးကျန်းမာရေးဌာအနေနဲ့ အဆိုကိစ္စကို ကျန်းမာရေးဆိုင်ရာ အလွန်အရေးကြီးတဲ့ အန္တရာယ်ကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူထားကြောင်းနဲ့ အဆိုပါကစားသမားတွေဟာ ဗင်နီဇွဲလား နိုင်ငံကနေ ဝင်ရောက်လာတယ်လို့ လိမ်လည်ဖြည့်စွက်ခဲ့တာကြောင့် ယခုလိုပွဲကိုဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ CONEMBOL အနေဖြင့် ပွဲတာဝန်ရှိသူများနှင့် ဒိုင်လူကြီးများကို ဖီဖာထံသို့တင်ပြသွားဖို့ ညွှန်ကြားထားကြောင်းသိရပါတယ်။ တကယ်လို့အာဂျင်တီးနားကစားသမားများအနေဖြင့် ဘရာဇီးနိုင်ငံရဲ့ ကိုဗစ်စည်းမျဥ်းများကို ချိုးဖောက်ခဲ့ကြောင်း ထင်ရှားပါက ဘရာဇီးအသင်းကို အနိုင်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။