gameမှ ရရှိတဲ့ ဝင်ငွေများဖြင့် အိမ်အသစ်နှစ်လုံးကို သုံးရက်တည်းနဲ့ ဝယ်နိုင်ခဲ့တဲ့ အမျိုးသား


gameမှ ရရှိတဲ့ ဝင်ငွေများဖြင့် အိမ်အသစ်နှစ်လုံးကို သုံးရက်တည်းနဲ့ ဝယ်နိုင်ခဲ့တဲ့ အမျိုးသား

Axie Infinity ဂိမ်းဟာ အထူးသဖြင့် ထိုဂိမ်းဟာ ဂိမ်းကစားခြင်းနှင့် cryptocurrency တို့ပါဝင်တာကြောင့် ထိုဂိမ်းကို လူများစွာက သိပ်မကြားဖူးမသိကြပါဘူး။…


သို့ပေမဲ့ သိတဲ့သူတွေအတွက် သိသူဖော်စား ၊ မသိသူကျော်သွားဆိုသလိုဘဲ ဒီကစားပွဲပလက်ဖောင်းက ၎င်းတို့အား ငွေရှာခွင့်ပေးခြင်း၊…


scholars တွေကို ထောက်ပံ့ပေးခြင်း နှင့်ကားများ ၊အိမ်များကဲ့သို့သော လက်မှတ်အကြီးကြီးတွေကိုတောင် ဝယ်ခွင့်ပေးထားပါတယ်။…


John Aaron Ramos အမည်ရီအမျိုးသားဟာ အသက် ၂၂ နှစ်သာရှိသေးပေမဲ့လည်း ၎င်း Axie Infinity ဂိမ်းမှတဆင့် သူဟာ…


သုံးရက်ဆိုတဲ့အချိန်တိုလေးအတွင်းမှာ အိမ်နှစ်လုံးကိုဝယ်ယူနိုင်ခဲ့ပါတယ်။ “ Kapuso Mo, Jessica Soho” ဆိုတဲ့ episode တစ်ခုမှာ…


သူက “ မန်နေဂျာ” အဖြစ်အဆင့်မြှင့်တင်ရန် ငွေအလုံအလောက်မရှိတာကြောင့် သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ scholar တစ်ဦးအဖြစ် စတင်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။…


၎င်း rank သို့မဟုတ် level ဟာ ရင်းနှီးမြှုပ်နှံမှုငွေ Php ၁၂၀,၀၀၀ ( မြန်မာငွေ၃၉ သိန်းကျော် ) လိုအပ်ပါတယ်။…


တစ်နေ့လျှင် နှစ်နာရီမှသုံးနာရီခန့်ကစားခြင်းဖြင့် John ဟာ ငွေအဖြစ်သို့ ပြောင်းလဲနိုင်တဲ့ SLP (သေးငယ်တဲ့ဆေးရည်) ကို အလုံအလောက်စုဆောင်းနိုင်ခဲ့ပါတယ်။…


သူက ဒီလောက်များတဲ့ငွေကိုဘယ်လိုစုဆောင်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့ အသေးစိတ်မပြောခဲ့ပါဘူး။…


သို့ပေမဲ့ သူ့ရဲ့ကစားနည်းကျွမ်းကျင်မှုက အရမ်းကောင်းခဲ့တာကြောင့် အိမ်နှစ်လုံးကိုဝယ်ဖို့ ငွေအလုံအလောက်ရခဲ့ပါတယ်။…


စွဲမက်ဖွယ်ကောင်းတဲ့ လူငယ် gamer တစ်ဦးဖြစ်တဲ့ John ဟာ Axie Infinity ဂိမ်းမှာ “ scholar ” အဖြစ်စတင်ခဲ့သော်လည်း…


ယခုသူဟာ “ မန်နေဂျာ” တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သူ့ရဲ့လက်အောက်မှာတော့ scholar များစွာရှိနေပါပြီ။…


ဒါဟာ သူ့ရဲ့ဇာတ်လမ်းက ထူးခြားတယ်လို့လူတိုင်းကို သတိပေးတာက တရားမျှတပေမယ့် ၎င်းဟာ ငွေရှာတဲ့နည်းလမ်းတစ်ခုပါဘဲ။…


Axie Infinity ဂိမ်းသို့ join တဲ့သူတိုင်းဟာ ဤမျှအထိ ငွေရှာနိုင်ခဲ့ကြသလို များစွာသော အချို့လူများကလည်း…


၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုများကို ဆုံးရှုံးခဲ့ကြရပါတယ်။ သေလျှင် မြေကြီး ရှင်လျှင် ရွှေထီးသဘောမျိုးပါပဲ။…


၎င်းဂိမ်းသို့ join တဲ့အခါ အခြားသူတွေလို ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုများဖြင့် တစခါတည်းမသုံးလိုက်ဘဲ ၎င်းကို သေချာစွာ လေ့လာပြီး…


ကိုယ်တန်နိုင်တဲ့ရင်းနှီးမြုပ်နှံမှုဖြင့်သာ စတင်အသုံးပြုခြင်းကတော့ အကောင်းဆုံးပါဘဲ။…


Axie Infinity ဟာ အခြားသူများကိုတိုက်ခိုက်ရန်နှင့် SLPs များကိုရယူရန် ကျွမ်းကျင်မှုအမျိုးမျိုးဖြင့် သင်တို့ရဲ့ Axies…


(သတ္တဝါများ သို့မဟုတ် ဇာတ်ကောင်) များကို အသုံးပြုနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီဟာ NFTs (ဖန်းတီးနိုင်သောတိုကင်များ) ကို…


သုံးပြီး ၎င်းအား ငွေသားဖြင့် လဲနိုင်တဲ့ကစားသမားများအတွက် ဆုလာဘ်အဖြစ် အသုံးပြုပါတယ်။…