၇ ရက်သားသမီးများအတွက် အချစ်ရေးဟောကိန်း


၇ ရက်သားသမီးများအတွက် အချစ်ရေးဟောကိန်း

တနင်္ဂနွေ အချစ်ရေး  ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတတ်ပါတယ်၊ချစ်သူက အနိုင်ယူတာမျိုး ခဏခဏငိုအောင် စိတ်ညစ်အောင် လုပ်တာမျိုးကြုံရတတ်တယ်၊ ဒါပေမဲ့ အဲ့ချစ်သူကဘဲ သင့်ကို သစ္စာရှိရှိနဲ့ ချစ်သွားမယ် ဆိုတာမမေ့ပါနဲ့


တနလာၤ အချစ်ရေး ချစ်သူရဲ့ ချော့တာလေးကို နှစ်သက်ပေးမဲ့ ကိုယ်ကလိုက်ပြီး ချော့နေရတဲ့ အနေအထားမှာရှိပါတယ်၊ မာနကြီးတယ်၊ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူး၊ချစ်ပြီဆို တစ်ဘဝလုံးစာ၊ မုန်းပြီဆိုရင်လည်း သံသရာအဆက်ဆက်ပဲ၊ လမ်းခွဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိပါဘူး


အင်္ဂါ အချစ်ရေး  တယောက်ဆိုတယောက်အပေါ်မှာဘဲ အစွဲအလန်း ရှိနေပါတယ်၊ သူအဝေးမှာရှိနေတောင် ပြန်လာဖို့ သတ္တိရှိစွာနဲ့မေတ္တာမပျက်စောင့်မျော်နေတတ်ပါတယ်၊ရှေ့တိုးရမဲ့လိုလို နောက်ဆုတ်ရမဲ့လိုလိုနဲ့ သံယောဇဉ်လည်း ပြတ်နိုင်ကြမှာမဟုတ်ပါဘူး


ဗုဒ္ဓဟူး အချစ်ရေး ကိုယ်ကစကားပြောကောင်းတာကြောင့် စန်းအလွန်ပွင့်သလို တခါတလေ ကိုယ်ဘဲခံစားရတာပါ၊ သိပ်ချစ်ပြတယ် နောက်ဆုံး ကိုယ်ကဘဲ နောင်တရတယ်၊ ချစ်သူကြောင့်ငိုခဲ့ရလွန်းလို့ကျလိုက်တဲ့ မျက်ရည်တွေက ရေအားလျှပ်စစ်ပါ ထုတ်လို့ရလောက်တယ်


ကြားသပတေး အချစ်ရေး အချစ်စစ်ရဖို့ အချိန်တွေမနည်းရင်းရတတ်ပါတယ်၊ စန်းပွင့်ပြီး လူချစ်လူခင် ပေါတယ်၊ အသေရရ အရှင်ရရချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်က အားကျရတဲ့သူ ဖြစ်ချင်ရင်ဖြစ်လိမ့်မယ်၊ တကယ်တမ်း အချစ်စစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာ ကိုယ်ကိုယ်တိုင်ပဲသိတယ်


သောကြာ အချစ်ရေး ချစ်မယ့်သူတွေပေါမယ်၊ ချောမောလှပတဲ့ သူတွေဖြစ်ပေမယ့် ရည်းစားဆို ကိုယ်ထက်ပိုချောတဲ့သူ မရတတ်ကြပါဘူး၊ ကိုယ်ထက် အသက်ပိုကြီးတဲ့ သူတွေက အသေအလဲကြွေခြင်း ခံရတတ်ပါတယ်၊ မျက်ရည်အကျလွယ်တယ်၊ ကိုယ်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံစားရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြပါတယ်


စနေ အချစ်ရေး ဘယ်လိုနေနေ လှနေတယ်၊ ဖျက်ခနဲ ရီလိုက်တာက သူတို့ရဲ့အားသာချက်ပါ၊ အဲ့ဒီအပြုံးကို မြင်လိုက်ရတဲ့သူတိုင်းသေမလို ရှင်မလို ဖြစ်ပြီး ညှို့ချက်ပြင်းတယ်၊လူတစ်ယောက်ကို သိပ်ချစ်ဖူးခဲ့ပေးမယ့် အဲ့ဒီလူက ကိုယ်ကိုဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ်၊ အချစ်ဦးနဲ့လွဲနေပေမဲ့အချစ်စစ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားမှာ ရှိပါတယ်။


Credit:မူရင်းရေးသားသူ