ရော်နယ်ဒိုကို ပွဲတိုင်းသုံးမယ့်ပေါ်တူဂီအသင်းကြောင့် ဒဏ်ရာမရဖို့ ဆုတောင်းနေရမယ့် ယူနိုက်တက်


ရော်နယ်ဒိုကို ပွဲတိုင်းသုံးမယ့်ပေါ်တူဂီအသင်းကြောင့် ဒဏ်ရာမရဖို့ ဆုတောင်းနေရမယ့် ယူနိုက်တက်

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ် က အသင်းခေါင်းဆောင် ရော်နယ်ဒို ဟာ အခုလမှာ ကစားမယ့် အသင်းရဲ့နိုင်ငံတကာပွဲစဉ်(၃)ပွဲလုံးမှာ ပါဝင်မှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ပေါ်တူဂီ အသင်းဟာ အိုင်ယာလန်၊အဇာဘိုင်ဂျန် တို့နဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ကာတာ အသင်းနဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မကြာသေးခင်ကမှ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းရဲ့တရားဝင်ကစားသမားဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ် အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းမှာ ဒုတိယအကြိမ်မြောက်ကစားဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ (၂၀၀၃) က‌နေ (၂၀၀၉) အထိ ပထမအကြိမ်ကစားခဲ့ရာမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီ ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ (၂)နှစ်+(၁)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။




ရော်နယ်ဒို ဟာ အလီဒါယီ ရဲ့ဂိုးသွင်းစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်ချင်နေတာလည်းဖြစ်ပါတယ်။ပေါ်တူဂီ နည်းပြ က အသက်(၃၆)နှစ်အရွယ်ကစားသမားဟာ ဒီ(၃)ပွဲလုံးမှာ ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ဖာနန်ဒိုဆန်းတို့စ် က ” နိုင်ငံအတွက် ကစားနေတဲ့ အချိန်မှာ ရော်နယ်ဒို နဲ့ ဘရူနို ရဲ့စိတ်ဓါတ်လှုံဆော်မှုကို ကျွန်တော်စိတ်ဝင်စားပါတယ်။ကျွန်တော့်အတွက် အရေးကြီးဆုံးက သူတို့တွေဟာ နိုင်ငံအ‌တွက် အာရုံစိုက်နိုင်ဖို့ပါပဲ”

“သူတို့ ဟာ အခုလာမယ့်(၃)ပွဲအတွက် စိတ်အားတက်ကြွနေတယ်လို့ပြောလို့ရပါတယ်။‌‌ရော်နယ်‌ဒို နဲ့ ကစားသမားအားလုံးဟာ အိုင်ယာလန်နဲ့ ပွဲမှာ ဝင်ကစားနိုင်တယ်ဆိုတာကို သံသယဖြစ်စရာမလိုပါဘူး။ရော်နယ်ဒို ဟာ (၃)ပွဲလုံးပါဝင်ကစားရပါလိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ရော်နယ်‌ဒို ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပူးပေါင်းမှာဖြစ်တာကြောင့် ကလပ်အသင်းက ဒဏ်ရာပြသနာကင်းရှင်းစေဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ အခုလ(၁၁)ရက်မှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲမှာ ဒုတိယအကြိမ်မြောက် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်အဖြစ်ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။