ပြည်သူ့အစိုးရ NUG ကို တောင်ကိုရီးယား ထောက်ခံလိုက်ပါပြီ


ပြည်သူ့အစိုးရ NUG ကို တောင်ကိုရီးယား ထောက်ခံလိုက်ပါပြီ

NUG နဲ့ ဆက်လက်ထိတွေ့ဆက်ဆံမယ်လို့ တောင်ကိုရီးယားပြော


မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ် ပြန်လည်ကြီးစိုးဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ တောင်ကိုရီးယား သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။


NUG အစိုးရကို တရား၀င် အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုဖို့အတွက် တောင်ကိုရီးယားအစိုးရကို လူပေါင်း ၂၆၈,၀၀၀ ကျော်က လက်မှတ်ထိုး တောင်းဆိုထားတာကို သမ္မတရုံးဘက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။


ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံအားပေးသလို အရပ်သားတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ရပ်တန့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် ထိန်းသိမ်းခံထားသူတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်ကိုရီးယားအစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။