တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင်


တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင်

သောကကင်းစင်ငွေဝင်အစီရင် ယုံကြည်စွာလုပ်ဆောင်ပါက အကျိုးထူးများသည်


သောကကင်းစင်ငွေဝင်ငွေပွားအစီရင် ယုံကြည်စွာလုပ်ဆောင်ပါက အကျိုးထူးများသည်မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျားယခု ဆရာတင်ပေးမည့်အစီရင်လေးက


မိမိရည်မှန်းစီမံထားသည့်အလုပ်ကိစ္စများလုပ်ချင်တိုင်းမလုပ်နိုင် ဖြစ်ချင်တာမဖြစ်နိုင်ဖြစ်နေတာတွေကတစ်မျိုးလုပ်ချင်နေတာတွေက တစ်မျိုးအလွဲ့လွဲ့အချော်ချော်ဖြစ်နေကြသည့်ကာလအတောအတွင်းမှာ


စိတ်ရှုပ် စိတ်နှောက်ယှက်ဖြစ်နေခြင်းငွေကြေးပူပင်သောကဖြစ်နေခြင်းဟူသမျှ ကာကွယ်ကင်းစင်စေဖို့ရန်နှင့် ငွေဝင်ငွေပွားစေမည့် ရိုးရှင်းလွယ်ကူသောအစီရင်လေးကိုဒါနပြုပါတယ်


၇ရက်သားသမီး မည်သူမဆို လုပ်နိုင်ပါတယ် ခင်ဗျားပန်းကန်ပြားမှာ ပိုက်ဆံ ၁၁၀၀ကျပ်တင်ပါပိုက်ဆံပေါ်မှာ သံပုရာသီးစစ်စစ်၂ လုံး နှင့် ရေဖြည့်ထားသော ဖန်ခွက်တင်ထားပါ


အိမ်ဘုရားမှာ တနင်္လာနေ့ တစ်ညထားပြီးလျှင် နောက်နေ့ အင်္ဂါနေ့ နံက်( ၇ )နာရီမှ ( ၇ )နာရီခွဲအတွင်းသံပုရာသီးတစ်လုံးကို ၄စိပ်စိပ်ပြီး အိမ်ခြံ တိုက်ခန်း ထောင့် ၄ထောင့်မှာ တစ်စိပ်စီ ချထားပါ


ကျန်တစ်လုံးကို ၂စိပ်စိပ်ပြီး ဖန်ခွက်ရေထဲညှစ်ထည့်၍ အိမ်ခြံဝင်းပတ်ပတ်လည်မှာ ဖြန်းထားပေးပါပိုက်ဆံ ၁၁၀၀ ကျပ်ကို မိမိ ပိုက်ဆံအိတ်ထဲ အမြဲဆောင်ထားပေးပါ


(ဤအစီရင်ကို တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိသည်)ဤနည်းအတိုင်းလုပ်ထားလျှင် မိတ်ဆွေများ စိတ်ကြည်လင်လန်းဆန်း၍ လာဘ်ပွင့်ပြီး လိုအင်ဆန္ဒများပြည့်လာပါလိမ့်မည်


ဆရာတင်ထူးဗေဒင်နှင့်ယတြာအစီရင်