စိတ်ဆိုး ဒေါသကြီး တတ်တဲ့ ကောင်မ လေးကို ချစ်မိနေ တယ်ဆိုရင် သိသင့် တာလေးများ….


စိတ်ဆိုး ဒေါသကြီး တတ်တဲ့ ကောင်မ လေးကို ချစ်မိနေ တယ်ဆိုရင် သိသင့် တာလေးများ….

ကျွန်တော့် ကောင်မလေးကို ချစ်ပေမဲ့ သူစိတ်ကြီး တာကိုတော့ မကြိုက် ဘူးဆိုတဲ့ ကောင်လေးတွေ ရှိတတ်ပါတယ်။ ကောင်မလေး စိတ်ကျေနပ်အောင် လိုက်လျောအလျော့ ပေးရတာများလာရင် ကောင်လေး တွေက ငြီးငွေ့လာတတ်ပါတယ်။


ဒီအချစ်ရေးကို လည်း အဆုံးမသတ် ချင်ဘဲ ကိုယ့်အပေါ်  မကြာခဏ ဆူပူ အော်ဟစ်တာ၊ အကြောင်း မရှိအကြောင်း ရှာပြီး ရစ်တာတွေကို အဆုံးသတ်ချင် တယ်ဆိုရင် ကြိုးစားကြည့် နိုင်မယ့် နည်းလမ်းလေး တွေရှိပါတယ်။


သူက ကိုယ့်အပေါ် အရင်ကရော အလိုမကျဖြစ်လေ့ရှိလား ဆိုတာ ဆန်းစစ်ကြည့်ပါ။ အရင်က မဖြစ်ဘဲ အခု နောက်ပိုင်းမှ ဖြစ်လာတာဆိုရင် ကိုယ့်ကိုယ့်ကိုယ် အရင်မေးကြည့်လိုက်ပါ။


ကိုယ်ကရော တကယ်ပဲ သူ့အပေါ်မှာ စတွေ့တုန်းက အတိုင်း ခံစားချက်ရှိ ရဲ့လားဆိုတာ စဉ်းစားကြည့်ပါ။


မိန်းကလေးတွေရဲ့ မသိစိတ်က အရမ်းကို ထူးဆန်းပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် အချစ်စိတ် တွေ ရှိနေတယ်ဆိုရင် မသိစိတ်က အလိုလို ခံစားမိပြီး စိတ် ကျေနပ်မှု ရနေတတ်ပါတယ်။


ဒါပေမဲ့ ကိုယ့် ကောင်လေးက ကိုယ့်ကိုယ် အရင်လိုပဲ မပြောင်းမလဲ ချစ်နေပါတယ်လို့ မသိစိတ်က မယုံကြည် တော့တဲ့အခါမှာ အရာရာကို အမြင် မကြည်လင် တော့ဘဲ အလိုလို ဒေါသထွက် နေတတ်ပါတယ်။


ဒါကြောင့် မိန်းကလေး တစ်ယောက် ဒေါသကြီးနေရခြင်းက သူ့ချစ်သူက သူ့ပေါ်ချစ် နေပါတယ်လို့ မယုံကြည်လို့လည်း ဖြစ်တတ်ပါတယ်။


ဒါကြောင့် ဖြစ်နေရတာ ဆိုရင် ကိုယ့်ရဲ့ အရင်းခံအချစ်နဲ့ နွေးနွေးထွေးထွေးပြန်ပြီး ချစ်ပြ လိုက်ရင် ကောင်မလေးရဲ့ စိတ်ထား ပြောင်းလဲသွားနိုင်ပါတယ်။


ဒီလို မဟုတ်ဘဲ ကောင်မလေးက တခြားသူတွေနဲ့ ဆက်ဆံတဲ့ အခါမှာရော ဒေါသကြီးလား၊ ဆက်ဆံရေး ဘယ်လိုရှိသလဲ၊ စိတ်မကြည်လင်စရာ ပြဿနာ ကြီးကြီးမားမား ရှိသလား ဆိုတာတွေ ဆန်းစစ်ကြည့်ပါ။


သူက ကိုယ့်ကိုသူ့ရဲ့ ဒေါသ တွေကို ပုံချစရာနေရာ တစ်ခုလို့ သတ်မှတ်နေတဲ့ ပုံစံဖြစ်လာရင် အကြောင်းရင်းကို ပါးစပ်က နေဖွင့်ပြောပြီး ဆွေးနွေးပါ။


အတူတူ ဖြေရှင်းဖို့ ကြိုးစားကြည့်တာက အကောင်းဆုံး နည်းဖြစ်ပါတယ်။ သူ့ကို ကိုယ်တို့ နှစ်ယောက်ရဲ့ အချစ်ရေးက ကိုယ့်အတွက် ဘယ်လောက်အရေးပါသလဲဆိုတာ နားလည်အောင် ရှင်းပြမယ် ဆိုရင် သူ့ရဲ့ အပြုအမူတွေကို ဆန်းစစ်မိပြီး သတိပြုမိလာပါလိမ့်မယ်။


အဲ့ဒီလိုပဲ ကိုယ်ကလည်း သူ့ခံစားချက်နဲ့ သူကြုံနေရတဲ့ ပြဿနာတွေကို နားလည် အောင် ကြိုးစားကြည့် မယ်ဆိုရင် အရမ်းချစ်ကြပေမဲ့လည်း ဒေါသကြောင့် လွယ်လွယ်နဲ့ လမ်းခွဲရတဲ့ ပြဿနာ မျိုးတွေ ကင်းဝေးတဲ့ ချစ်သူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။


Credit: Trend Myanmar