မြောက်ဥက္ကလာမှာ ပြည်သူလူထုနဲ့အ တူ ပါဝင်ကာ ဆန္ဒဖော်ထုတ်ရင်း ဖြို ခွင်းခံနေရတဲ့ ဗီဒီယိုတင်လိုက်တဲ့ မင်း မော်ကွန်း


မြောက်ဥက္ကလာမှာ ပြည်သူလူထုနဲ့အ တူ ပါဝင်ကာ ဆန္ဒဖော်ထုတ်ရင်း ဖြို ခွင်းခံနေရတဲ့ ဗီဒီယိုတင်လိုက်တဲ့ မင်း မော်ကွန်း

မင်းမော်ကွန်းကတော့ ခုချိန်မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အား ကောင်းလာသလို အပစ်အခတ်တွေနဲ့ ဖြိုခွင်းခံနေရတာဖြစ်ပြီး အနုပညာရှင်တွေအပါ အဝင် ပြည်သူတွေကပါ နောက်မဆုတ်ဘဲ တက်ကြွစွာပါ၀င်လှုပ်ရှားနေကြတာဖြစ်ပါတယ်။



မင်းမော်ကွန်းအပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အား တက် သရောပါ၀င်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ် နေတာဖြစ် ပါတယ်။ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေကြတဲ့ အနုပညာရှင်တွေက အခုချိန်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာလည်း ဖြစ်ပါတယ် ။



မင်းမော်ကွန်းဟာဆိုရင်လည်း ခြိမ်းခြောက်ခံရမှုတွေရှိနေပေမယ့်လည်းကြောက်ရွံ့ခြင်းမရှိဘဲ ဒီနေ့ထိဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်နေဆဲပါ။အခုလည်းမြောက်ဥက္ကလာမှာ ဆန္ဒဖော်ထုတ်ရင်း ဖြိုခွင်းခံနေရတဲ့ ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။




Yuan – Cele Zone

Photo – Kyaw Kyaw Htay Lwin