ပရိတ်သတ်တွေ ရဲ့ ဒဏ်ခတ်ခြင်း ကို စတင် ခံ စားနေ ရပြီဖြစ် တဲ့ စိုင်းစိုင်းခမ်လှိုင် ရဲ့ အဖြစ်


ပရိတ်သတ်တွေ ရဲ့ ဒဏ်ခတ်ခြင်း ကို စတင် ခံ စားနေ ရပြီဖြစ် တဲ့ စိုင်းစိုင်းခမ်လှိုင် ရဲ့ အဖြစ်

စိုင်းစိုင်းခမ်းလှိုင်နှင့်ပတ်သက်ပြီး Brand Ambassador ခန့်ထား ခြင်းအပေါ်


ပြည်သူများမှ ကန့်ကွက်နေကြပြီး စိုင်းစိုင်းခမ်းလှိုင် နှင့် ကြေငြာဖူးသော



Brands များဆီသို့ ပြည်သူများမှ ဆက်သွယ်ပြီး စိုင်းစိုင်းအား Ambassador ဖြုတ်ချပေးရန်


တောင်းဆိုနေကြတဲ့အတွက် G-SHOCK, NESCAFÉ, Decolgen စတဲ့ Brands များမှ


သူတို့နှင့် ပတ်သတ်မှုမရှိနေကြောင်း အသီးသီး ထုတ်ပြန်ကြေငြာထားကြတာ ဖြစ်ပါတယ်။


စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရင်က ပရိသတ်တစ်ဦးဖြစ်ခဲ့တဲ့ ဝတ်ရည်က “ကျမအရင်က ကိုစိုင်းကို အရမ်းအားပေးခဲ့တယ်..


အခု နဲနဲလေးမှ အားမရနေဘူး.. ပြည်သူတွေက အသတ်ခံနေရတာရှင့်..


သူ့ရဲ့အရှိန်နဲ့ဆို လုပ်လို့ရတာတွေ အများကြီးပဲလေ.. စဖြစ်ထဲ က ကျမကိုစိုင်းအသံကြားချင်ခဲ့တာပါ..


အဲ့ထဲက ငြိမ်နေပြီး နောက်မှ သံဗုံးလေးတီးလိုက် မုန့်လေး ထွက်လှူလိုက်က မဖြစ်သင့်ဘူး..



ကိုစိုင်းဖြစ်ဖြစ် ဘယ်ဆယ်လီဖြစ်ဖြစ်နော်.. အခုအာဏာရှင်တော်လှန်ရေးမှာ ကျမတို့ ပြည်သူတွေနဲ့ တသားထဲ


မားမားမတ်မတ် မရပ်တည်နေတဲ့ သူတွေ၊ ဟန်ဆောင်ရပ်တည်နေတဲ့ သူတွေနဲ့ လုံးဝ အသံတိတ်ပြီး


နဲနဲလေးမှ မရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေ အားလုံးကို ကျမတို့ Social Punishment တွေ လုပ်ပြီး ခါးခါးသီးသီး ဆန့်ကျင်သွားမယ်” လို့ ဆိုပါတယ်။


တခြားကျန်သေးတဲ့ စိုင်းစိုင်းရဲ့ လက်တွဲထားတဲ့ Brands တွေ ဖြစ်တဲ့ Gatsby, Samsung စတဲ့ Brands တွေကိုလဲ


ဆက်သွယ်သွားမယ်၊ မဖြုတ်ပေးဘူးဆိုရင် အဲ့ Brands တွေကိုပါ Boycott လုပ်ဖို့ လုပ်ဆောင်သွားမယ်လို့လဲ သူမက ဆိုပါတယ်။



လတ်တလော နေခြည်ဦးနဲ့ ပတ်သက်ပြီးလဲ ပြည်သူတွေ ရဲ့ ဝေဖန်မှုများကြောင့် Vivo Myanmar, Rexona စတဲ့ Brands တွေကလဲ


နေခြည်ဦးနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန့်လိုက်ပါတယ်။


ပြည်သူတွေက ဖယ်ကျဉ်နေတဲ့ Social Punishment Campaigns တွေက အခု အရှိန်အဟုန် မြင့်မားလျက်ရှိနေတာကို တွေ့နေရတာပါ။


#WeNews #စိုင်းစိုင်းခမ်းလှိုင်