အမျိုးသမီးများနှင့် အဝလွန်သူများ အကြောပြတ်ခြင်းကို ကောင်းကောင်း ကုသပေးနိုင်သည့် အိမ်တွင်း နည်းလမ်းများ


အမျိုးသမီးများနှင့် အဝလွန်သူများ အကြောပြတ်ခြင်းကို ကောင်းကောင်း ကုသပေးနိုင်သည့် အိမ်တွင်း နည်းလမ်းများ

အကြောပြတ်ခြင်းဟာ များသောအားဖြင့် ကလေးကိုယ်ဝန်ဆောင်ပြီးတဲ့ ကိုယ်ဝန်သည်တွေ မှာအဖြစ်များကြပါတယ်။


ဒါ့အပြင် ပိန်လိုက်၊ ဝလိုက် ကိုယ်ခန္ဓာပုံစံ ပြောင်းလဲနေတဲ့ လူတေမှာ လဲဖြစ်တတ်ကြပြီး အတိုအပြတ်ဝတ်တဲ့အခါ စိတ်အနှောက်ယှက်အပေးဆုံး အရာတွေပဲဖြစ်ပါတယ်။


ဒီနေရာမှာတော့ အကြောပြတ်ခြင်းကို ကောင်းကောင်းကုသပေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြထားပါတယ်။


အကြောပြတ်ခြင်းကို ကာကွယ်နိုင်ပေမယ့် မကုသနိုင်


လူသိအများဆုံး အကြောပြတ်ခြင်းကို ကုသပေးနိုင်ပါတယ်ဆိုတဲ့ ကုန်ပစ္စည်းတွေဟာ တကယ်တော့ မာကက်တင်းသက်သက်ပါပဲ။


တကယ်လို့ အကြောပြတ်ခြင်းကိုကာကွယ်ချင်တယ်ဆိုရင် သူတို့တွေကအလုပ်ဖြစ်ပေမယ့် ကိုယ့်မှာရှိနေတဲ့အမာရွတ်၊အကြောပြတ်တဲ့အရေးအကြောင်း တွေကို လုံးဝ ပြောက်ကင်းသွားမယ်လို့ အာမ မခံနိုင်ပါဘူး။


အလှကုန်ပစ္စည်းတွေမှာပါဝင်တဲ့ ဗီတာမင်အေ၊ ကော်လဂျင် နဲ့ Hyaluronic အက်စစ် တွေဟာ အကြောပြတ်ခြင်းကိုလုံးဝပြောက်ကင်းအောင် ကုသမပေးနိုင်ပါဘူး။


ဆီ(အုန်းဆီ၊ အယ်လမွန်၊ သံလွင်၊ ဗီတာမင်အီး နဲ့ အခြားဓာတ်ပေါင်းတွေပါဝင်တဲ့ဆီ) တွေဟာ အသားပေါ် ကောင်းကောင်းနှိပ့်နယ်ပေးပြီး လိမ်းထားရင်တောင်မှ အကြောပြတ်ခြင်းကို ကောင်းကောင်းမကုသနိုင်ပါဘူး။


အထိရောက်ဆုံးနည်းလမ်း


အကြောပြတ်ခြင်းကို လုံးဝပြောက်ကင်းသွားအောင် မကုသနိုင်ပေမယ့် သူတို့ကို အနည်းငယ်မှေးမိန်သွားအောင်တော့ ကုသနိုင်ပါတယ်။


ကော်ဖီ၊ ပျားရည် နဲ့သကြား ပါဝင်တဲ့ scrub တွေဟာ အကြောပြတ်ခြင်းတွေကို မှေးမိန်သွားအောင် ကူညီပေးနိုင်ပါတယ်။


သူတို့တွေဟာ အကြောပြတ်ခြင်းရဲ့အပေါ်ပိုင်းအလွာကို ဖယ်ရှားပေးနိုင်ပြီး တဖြေးဖြေး မှေးမိန် သွားနိုင်ပါတယ်။ အသားရည်ကိုလဲ နဂိုထက်ပိုမို ကျန်းမာအောင် ကုသပေးနိုင်မှာဖြစ်ပါတယ်။


လေဆာ – လေဆာနဲ့ကုသခြင်းဟာ ခေတ်သစ်ကုသနည်းတစ်ခုဖြစ်ပြီး အသားရည်ရဲ့အနက်ရိူင်းဆုံးအပိုင်းထိ အကြောပြတ်ခြင်းကိုဖယ်ရှားပေးနိုင်ပါတယ်။


ကောင်းကျိုးတွေကတော့ ကုန်ကျဇရိတ် နည်းပြီး ဆိုးကျိုးတွေလဲဖြစ်ပွားမူနည်းပါတယ်။


ပလတ်စတစ်ဆာဂျရီ – တစ်ခါတစ်လေမှာ လူတွေဟာ ပျက်စီးနေတဲ့အသားရည်တွေအတွက် ပလတ်စတစ်ဆာဂျရီဘက်ကို လှည့်တတ်ကြပါတယ်။


ဒီခွဲစိတ်မူကတော့ ဈေးကြီးပြီး ပြောက်ကင်းဖို့အတွက်အချိန် ၈ လခန့်ကြာမြင့်တတ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မူ ဒဏ်ရာ တွေကတော့ ပေါ်လာနိုင်ပါတယ်။


Credit:mingalarbarmorning