( KIA ) ကေအိုင်အေ က လက်ချင်းချိတ်ထားရမယ့် ထိုင်ဝမ် နဲ့ ဟောင်ကောင်


( KIA ) ကေအိုင်အေ က လက်ချင်းချိတ်ထားရမယ့် ထိုင်ဝမ် နဲ့ ဟောင်ကောင်

(၁) ဂျပန်ရဲ့ ပြင်းထန်တိကျတဲ့ တုန့်ပြန်ချက်ထွက်လာအပြီး ရက်ပိုင်းအတွင်းမှာ မအလက KIA ကို ငြိမ်းချမ်းရေး ကမ်းလှမ်းလာတာဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ပါဘူး၊ ဒါကို KIA တင်မက UWSA, AA, TNLA , MNDAA , RCSS, SSPP, KNPP, KNU တို့ကပါ စောင့်ကြည့်ဝေဖန်သင့်ပါတယ်။ ရှီကျိန်းဖျင်အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်လာမယ်ဆိုရင် ဂျပန်ဟာ အမေရိကန်နဲ့ လက်တွဲပြီး ထိုင်ဝမ်ကို ကာကွယ်သွားရမယ်လို့ ဂျပန် ဒုဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။ ကွန်မြူနစ်ချိုင်းနားဟာ ထိုင်ဝမ်ကို ကျူးကျော်လာမယ်ဆိုရင် အဲဒါဟာ ဂျပန်ရဲ့ ရှင်သန်ရပ်တည်မှုအပေါ် ခြိမ်းခြောက်ခြင်း ဖြစ်တယ်လို့ ရှုမြင်ပြီး


လိုအပ်တာတွေ ဆက်လက်ဆောင်ရွက် သွားရပါမယ်လို့ ဂျပန်ဒုဝန်ကြီးချုပ် တာရိုအာစို က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ ဒါမျိုးဖြစ်လာရင် ဂျပန် နဲ့ အမေရိက လက်တွဲပြီး ထိုင်ဝမ်ကို ကာကွယ်သွားရပါမယ်။ ဂျပန်ရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်လာမယ်ဆိုရင်တော့ ဆက်လုပ်ရမှာတွေက အရှင်းကြီးပါ တဲ့။ အာစိုဟာ ဘဏ္ဍာရေးဝန်ကြီးနေရာကိုပါ တာဝန်ယူထား ရသူဖြစ်ပြီး ဂျပန်လုံခြုံရေးကောင်စီမှာလည်း တာဝန်ရှိသူဖြစ်ပါတယ်။ ထိုင်ဝမ် နဲ့ ပြန်လည်ပေါင်းစည်း နိုင်ရေးဟာ သမိုင်းပေးတာဝန်ဖြစ်ပြီး မဖြစ်မနေဆောင်ရွက်ရမှာလည်း ဖြစ်တယ်လို့ ချိုင်းနားကွန်မြူနစ် သမ္မတ ရှီကျိန်းဖျင်က


ခုရက်ပိုင်းအတွင်း ကြွေးကြော်ထားတာလည်း ရှိနေပြန်ပါတယ်။ ဂျပန်ခြေဥအရ အရင်က ဂျပန်ပိုင်နက်ကို ကျူးကျော်ခံရမှသာ စစ်ရေးတုန့်ပြန်မှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပေမဲ့ ၂၀၁၅ ခြေဥပြင်ဆင်ချက်အရ ဂျပန်ရဲ့ ရှင်သန်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လာပြီဆိုလျှင်လည်း စစ်ရေးတုန့်ပြန်မှုများကို စတင်ဆောင်ရွက် နိုင်နေပြီဖြစ်ပါတယ်။


(၂) ဒီရက်ပိုင်းအတွင်း အာဖဂန်ထဲက လက်နက်ကိုင် အုပ်စုကွဲများရဲ့ ငြိမ်းချမ်းရေးအတွက် ရှီကျိန်းဖျင်က ဒိုင်နေရာ ချဲ့ ယူလာတာကိုတွေ့ရပါတယ်။ ဒေသတွင်း လက်နက်ကိုင် အုပ်စုကွဲတွေ ရှိနေတဲ့နေရာဟာ မြန်မာနဲ့ အာဖဂန်ပဲရှိပါတယ်။ ရှီကျိန်းဖျင်ဟာ မြန်မာမှာတော့ ဝမ်ယိက တဆင့် ဆွန်ဂေါ်ရှန်းကို တာဝန်ပေးထားတာတွေ့ရပါတယ်။ ဆွန်ဂေါ်ရှန်း ဘာလဲ ဘယ်သူလဲ၊


သီရိလင်္ကာ နဲ့ မော်လဒိုက် မှာရှိတဲ့ ဆိပ်ကမ်းတွေကို အကြွေးထောင်ချောက်ဆင်ဖို့ ဆွန်ဂေါ်ရှန်းဟာ အဓိကနေရာက ပါဝင်ခဲ့တယ်။ ဆွန်ဂေါ်ရှန်းရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဆွန်ဂေါ်ရှန်းရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး ပါဝင်ပတ်သတ်နေမှုတွေကိုကြည့်ရင် ရှီကျိန်းပင်ရဲ့ မြန်မာနိုင်ငံအပေါ် လောဘတကြီးဖြစ်နေမှုကို ပိုသိလာပါမယ်။


(၃) ထိုင်ဝမ်း နဲ့ ဟောင်ကောင်း အရေးဟာ ချိုင်းနားနဲ့ နယ်နိမိတ် တိုက်ရိုက် ထိစပ်နေတဲ့အတွက် ရှီကျိန်းဖျင် တိုက်ရိုက် ပြန် ခံစားသွားနိုင်တဲ့ အရေးပါ။ အိန္ဒိယ ချိုင်းနား နယ်စပ်ကိစ္စမှာလည်း ရှီကျိန်းဖျင်က အိန္ဒိယကို တိုက်ရိုက် စိန်မခေါ်ရဲပါဘူး။ ဒီတော့ ရှီကျိန်းဖျင်အနေနဲ့ ထိုင်းဝမ်း နဲ့ ဟောင်ကောင်းအပေါ် ဟန်ရေးဆက်ပြနေပြီး စစ်ရေးအာရုံကို ချိုင်းနား နယ်နိမိတ် နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ဒေသတွင်း အခြားနေရာတစ်ခုကို ရွှေ့မယ်ဆိုရင်


အဲဒါ မြန်မာပဲ ဖြစ်လာပါတယ်။ ရှီကျိန်းဖျင်ဟာ ပါကစ္စတန်ကို ငွေကြေးထောင်ချောက်ဆင်ပြီး လိုသလို ချဉ်းကပ် အသုံးချနေတာလည်းတွေ့ရပါတယ်။ ရှီကျိန်းဖျင်ရဲ့ ဝီဂါ ဒေသလူထုဖိနှိပ်နေမှုတွေကို စနစ်ကျတဲ့ ထိန်းချုပ်မှုအဖြစ်ပါကစ္စတန်က ဒီရက်ပိုင်းအတွင်း ထပ်မံ အခိုင်အမာ ထောက်ခံနေတာ ထွက်ပေါ်လာပါတယ်။ နောက်ထပ် ဒေသတွင်း ထူးခြားမှုအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ရှီကျိန်းဖျင် အုပ်စီးထားမှုကနေ စနစ်တကျ ဆုတ်ခွာနေတာ တွေ့ရပါတယ်။ USA, India, Japan, Australia လေးနိုင်ငံအဖွဲ့အပေါ် စိတ်ဝင်စားမှုပြလာတဲ့ ဘင်္ဂလားဒေ့ရှ်ကို ရှီကျိန်းဖျင်က ဒေါသတကြီး သတိပေးတာလည်း


ထွက်ပေါ်လာ တွေ့ရပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ရှီကျိန်းဖျင်ဒေါသအပေါ် လိမ္မာပါးနပ်စွာ အာခံမှုကို အိန္ဒိယသုံးသပ်သူများက ချီကျူးလိုက်တာကိုလည်း တွေ့ရပါတယ်။ ဒီအချက်တွေဟာ KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့ မဟာဗျူဟာမြောက် ဆက်လက်ရပ်တည်မှုအတွက် မဖြစ်မနေထည့်စဉ်းစားရမယ့်အချက်တွေပါ။


(၄) KIA ကို ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကနေ ဘေးထွက်သွားစေဖို့ ညှပ်ပူးညှပ်ပိတ်ဖိအားပေးမယ့် အစီအစဉ်ကို ရှီကျိန်းဖျင် အနေနဲ့ စိတ်ကူးယဉ်ကောင်း ယဉ်နိုင်ပါတယ်။ ဒါကို KIA ရဲ့ အနာဂတ်ပဲလို့ ကျန်တဲ့သူတွေကကွက်ကြည့်လို့မရပါဘူး။ UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့ရဲ့ အနာဂတ်လည်း ဖြစ်နေပါတယ်၊ မြန်မာပြည်သူတစ်ခုလုံးရဲ့ အနာဂတ်ပါပဲ၊ ကချင်မျိုးနွယ်ဖွားတွေဟာ ယူနန်ပြည်နယ်ထဲမှာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ အဲလိုပါပဲ ရှမ်းအနွယ်ဖွားတွေ ပလောင်အနွယ်ဖွားတွေ နဲ့ ဆက်စပ်နေတဲ့ အခြား တိုင်းရင်းသား နွယ်ဖွားတွေဟာ


ယူနန်ပြည်နယ်ထဲမှာ သန်းနဲ့ချီပြီး ရှိနေကြပါတယ်။ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုကို ကိုယ့်ခြေထောက်ပေါ်မှာကိုယ် ငြိမ်းချမ်းစွာ တည်ဆောက်ပြီး ယူနန်ထဲက အနွယ်ဖွားတွေ အားကျနေရတဲ့ ဘဝမှာနေမလား။ ချိုင်းနားကွန်မြူနစ်ပါတီရဲ့ လက်ဝေခံ နိုင်ငံကွဲလေးတွေအဖြစ် နှစ်ရာချီ ကျွန်ခံသွားမလား တိုင်းရင်းသား လက်နက်ကိုင်တွေ မဟာဗျူဟာမြောက် စဉ်းစားရပါတော့မယ်။ ဒီနေရာမှာ ရှီကျိန်းဖျင်အနေနဲ့ မြန်မာပြည်ထဲက တိုင်းရင်းသား ဒေသတွေကို မအလကို မြှောက်ပေးပြီး တစ်ဖက်လှည့်လာထိခိုက်စေတာဟာ


ယူနန်ပြည်ထဲက ဒေသခံတွေကို သွားထိခိုက်စေတာနဲ့ အတူတူပဲလို့ ခံစားသွားရအောင် လုပ်ပြနိုင်ဖို့လိုပါတယ်။ ရှီကျိန်းဖျင်အနေနဲ့ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအရေးကို ဖျက်ဆီးပစ်မယ်ဆိုရင် ချိုင်းနားကွန်မြူနစ်ပါတီ ကျဆုံးခြင်းဟာ ယူနန်ပြည်နယ်ထဲမှာ အစပြုသွားနိုင်တယ် ဆိုတာ တောက်လျှောက်တုန့်ပြန်နိုင်ဖို့လိုပါတယ်။ အဲဒီအတွက် KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့ဟာ Milk Tea Alliance လှုပ်ရှားမှု နဲ့ရော USA, India, Japan, Australia လေးနိုင်ငံ အဖွဲ့ နဲ့ပါ လမ်းကြောင်းတွေရှာပြီး နီးစပ်အောင်စလုပ်ဖို့ လိုပါတယ်။


(၅) ဒီတော့ ဘယ်ကစမလဲ၊ KIA နယ်မြေထဲက ကချင်ဒေသခံ လူထုကို ထိုင်ဝမ်း နဲ့ ဟောင်ကောင်းရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ Milk Tea Alliance ပလက်ဖောင်းကနေ ချိတ်ဆက်ရပါမယ်။ လက်ရှိမှာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားသမဂ္ဂတွေဟာ ဒေသတွင်း Milk Tea Alliance နဲ့ ချိတ်ဆက်မှုတွေ ရှိထားပြီးပါပြီ။ ဒါကို အားကြီးလာအောင် ချဲ့ထွင်ရပါမယ်။ KIA ဒေသလိုပဲ UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU ဒေသတွေမှာ ရှိတဲ့ လူထု အခြေပြုလှုပ်ရှားမှုတွေ နဲ့လည်း ဟောင်ကောင်း ထိုင်ဝမ်းအပါအဝင် Milk Tea Alliance လှုပ်ရှားမှုတွေနဲ့


ဆက်ချိတ်ဆက်နိုင်အောင် လုပ်ရပါမယ်။ ဒီကနေ့ ကုလလုံခြုံရေးကောင်စီမှာ ဗြိတိန်က ကမကထပြုတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ ရှီကျိန်းဖျင်ထံက နှုတ်ဆိတ်နေပြီး ရုရှားက ပူစပ်ပူလောင် ထလုပ်ပြနေတာ တွေ့ရပါတယ်။ ဒါ ရှီကျိန်းဖျင်ရဲ့ လှည့်ကွက်ပါ။ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အရေးကို ချိုင်းနားကွန်မြူနစ်စနစ်အတွက် ထိခိုက်မှုလို့ တွက်ဆနေတာ ရှီကျိန်းဖျင်ပါပဲ၊ မြန်မာ့သံယံဇာတတွေကို လက်ဝါးကြီးအုပ် ထင်တိုင်းကြဲချင်နေတာ ရှီကျိန်းဖျင်ပါပဲ၊ ဘင်္ဂလားပင်လယ်အော်ထဲက ပထဝီနိုင်ငံရေး အချက်အခြာတွေကို မောင်ပိုင်စီးချင်နေတာကလည်း ရှီကျိန်းဖျင်ပါပဲ


၊ ဒါ့ကြောင့် ဒီကနေ့ ရုရှားကို ပူစပ်ပူလောင် ထလုပ်ပြဖို့ အကွက်ဆင်တာ ရှီကျိန်းဖျင်ပါပဲ။ ရုရှားအနေနဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဒေသတွင်း ပထဝီနိုင်ငံရေး အချက်အခြာကျမှုတွေကို သူနဲ့ အလှမ်းဝေးတဲ့အတွက် စိတ်မဝင်စားပါဘူး။ နောက်ပြီး အိန္ဒိယစစ်တပ် နဲ့ ရုရှားစစ်တပ်ရဲ့ လက်ရှိပူးပေါင်းဆောင်ရွက်နေတာတွေဟာ နေရာအတော်များများမှာ ရှီကျိန်းဖျင်ထက် ပိုခိုင်မာနေတာကို အတော်မြင်သာပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှီကျိန်းဖျင် မရှင်းနိုင်လို့ လုံးထွေးထားတဲ့ ကိစ္စကြီးရှိပါတယ်၊ အဲဒါကတော့ ကုန်သွယ်ရေးစစ်ပွဲ နဲ့ ကိုဗစ်ဗိုင်းရပ်ပိုး ပြန့်နှံ့သွားစေတဲ့ ကိစ္စပါပဲ၊


အာဖရိကကို ရှီကျိန်းဖျင်က အပိုင်ကိုင်လို့ရပြီအထင်နဲ့ အော်ဟစ်ထုတ်ပြလာတဲ့ BRI စီမံကိန်းဟာ မကြာသေးခင်က G7 အစည်းအဝေးက တန်ပြန်ဆောင်ရွက်လာမယ့် Build Back Better World (B3W) initiative နဲ့ ထိပ်တိုက်တွေ့လာရပါတော့မယ်။ ပြောရမယ်ဆို ကမ္ဘာကြီးမှာ လူတွေရဲ့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲလာမှု သမိုင်းစဉ်ကြီးထဲမှာ စဉ်ဆက်မပြတ် ရပ်တည်စိန်ခေါ်နိုင်တဲ့ လူ့ပတ်ဝန်းကျင်ဟာ ပြည်သူသာလျှင်အဓိက ဆိုတဲ့ လူ့ပတ်ဝန်းကျင်လား၊ သေနတ်သာအမိ သေနတ်သာအဖ ဆိုတဲ့ လူ့ပတ်ဝန်းကျင်လား အခု ကမ္ဘာကြီးကိုယ်တိုင် ဖြေနေရပါပြီ၊ ကမ္ဘာ့ဒေသ


အသီးသီးက ပြည်သူတွေလည်း ကိုယ်တိုင် ဖြေနေရပါပြီ။ အဲလိုပဲ KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့လည်း ဖြေရပါမယ်။ မြန်မာ့နွေဦးတော်လှန်ရေးကလည်း ဖြေခဲ့ပြီးပါပြီ။ ဖြေပြီးလို့ အဖြေကို အကောင်အထည် ဆက်ဖော်နေပါပြီ။ အဲဒီတော့ မအလ ဆီက ကွေ့ကာပတ်ကာ လာနေတာတွေဟာ ရှီကျိန်းဖျင်ဆီကလာတာပါပဲ၊ အခုရှီကျိန်းဖျင်ကို မြန်မာပြည်သူတွေ တည့်တည့်ရင်ဆိုင်ဖို့အတွက် အခွင့်အရေး ရလာပါပြီ၊ အဲဒါကတော့ ထိုင်ဝမ်း ဟောင်ကောင်း ပြည်သူတွေနဲ့ Milk Tea Alliance ပလက်ဖောင်းပေါ်ကနေ မြန်မာပြည်သူတွေလက်ချင်းချိတ်ထားရပါမယ်။


ရှီကျိန်းဖျင်အနေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို လာထိခိုက်ရင် အဲဒါဟာ ချိုင်းနားကွန်မြူနစ်ပါတီရဲ့ အနာဂတ်အပေါ် တန်ပြန်သက်ရောက်မှု ဖြစ်လာမယ်လို့ တည့်တည့်ပြန်ပြောရမယ့်အချိန် ရောက်လာပါပြီ။ အခုကစလို့ ကျနော်တို့တတွေ ထိုင်ဝမ်းပြည်သူတွေ နဲ့ ဟောင်ကောင်းြ ပည်သူတွေရဲ့ အနာဂတ်အရေးအတွက်ပါ ပို့စ်တွေ နေ့စဉ် ဆက်တိုက်တင်ရပါမယ်။ အခု လင့်ထဲ့က ပို့စ် ၂ခုကို မိတ်ဆွေတို့ အခုပဲ ပြန်ရှဲပေးကြပါ။


အရေးတော်ပုံအောင်ရမည်


crd-Nway Oo Koyin